ချင်းပြည်နယ် မြို့ကြီးနှစ်မြို့တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန် တည်ဆောက်မည်

ချင်းပြည်နယ် မြို့ကြီးနှစ်မြို့တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 9:51 am တွင် တင်ခဲ့သည်
828 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်အစိုးရသည် ချင်းပြည်နယ်တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ တစ် ပြည်လုံးလွှမ်းခြုံနိုင်စေရန် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် လာမည့်ဘဏ္ဍာရေးနှစ် အတွင်း စက်မှုဇုန် တည်ဆောက်သွားမည် ဖြစ်ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းသို့ စက်မှုဇုန်ရွေးချယ်တည်ဆောက် ရာတွင် ပလက်ဝမြို့သည် ကုလားတန် စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများရှိလာ နိုင်မည်ဖြစ်ကြောင်း၊ မကြာမီမဟာ ဓာတ်အားလိုင်းကိုလည်း ရရှိတော့မည်ဖြစ် သည့်အပြင် လာမည့်ဘဏ္ဍာရေးနှစ်တွင် စက်မှုသင်တန်းကျောင်းကိုလည်း ဖွင့်လှစ် နိုင်ရန်စီစဉ်နေပြီး ချင်းပြည်နယ်အတွင်းရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း (SME)လုပ်ငန်းရှင်များကို တိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ သည် အလယ်ပိုင်းဒေသများအတွက် အဆင်ပြေနိုင်မည့်နေရာဖြစ်သဖြင့် ဒေသ ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဟားခါး နှင့် ပလက်ဝမြို့တို့တွင် စက်မှုဇုန်တည် ဆောက်ရာ၌ ကလေးစက်မှုဇုန်ကဲ့သို့ ရှေးဦးစွာ ကားထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည့်အခြေအနေ မရှိသေး သော်လည်း ကားပြုပြင်ရေးလုပ်ငန်း၊ ကား ရေဆေး၊ဆီလိုက်လုပ်ငန်းစ သည့်ယာဉ်နှင့် ပတ်သက်သောအသေးစားစက်မှုလက်မှုလုပ်ငန်းများဖြင့် စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့စည်ပင်၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

''ဒီလိုမျိုး စက်မှုဇုန်တွေဖွင့်လှစ်လိုက်ခြင်း အားဖြင့်စက်မှုကဏ္ဍအသီးသီးမှာ လူမှု စီးပွားဘဝအတွက် အခွင့်အလမ်းတွေရှိလာ မယ်။ မိမိဒေသနဲ့ကိုက်ညီတဲ့ တီထွင် ဖန်တီးမှု၊ တီထွင်ကြံဆမှုအပိုင်းတွေ ပိုပြီး တော့လုပ်ဆောင်လာနိုင်ပါမယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်အတွင်း စက်မှုလုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ချင်း ပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် များအသင်း(CFCCI)ကိုလည်းဖွဲ့စည်း ထားရာ လက်ရှိတွင် ချင်းပြည်နယ်အတွင်း၌ အကြီးစားစက်မှု လုပ်ငန်းခြောက်ခု၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ၂ဝဝ ကျော်ရှိကြောင်းသိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

Infinity@111Condo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service