၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံပြုလုပ်ခဲ့သည့် အ ဆောက်အအုံမြေဧရိယာကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ဆောင် ရွက် မည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်လင်း က ပြောသည်။
ဇွန်လ ၂၉ ရက်က ကျင်းပ သော အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုး သားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ခွန်ဝင်းသောင်း၏ လှည်းကူးမြို့နယ် ညောင်နှစ်ပင် ဒေသရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ထွန်းပေါ်ပေါက်လာသည့် အ ဆောက်အအုံမြေေ နရာအား မည် သို့ဆောင်ရွက်မည်ဖြစ်ကြောင်း မေးခွန်းကို ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ကိုယ်စား ဆောက်လုပ်ရေးဒုဝန်ကြီးက လာရောက်ဖြေ ကြားခြင်းဖြစ်သည်။
‘‘ဒီမြေကို အကျိုးရှိတဲ့မြို့မြေ အဖြစ် အသုံးပြုမှုဖြစ်စေဖို့အတွက် မြို့ပြဖွံ့ဖြိုးေ ရး စီမံကိန်းသဘော ထားပုံစံများ လေ့လာရေးဆွဲထား ပြီး ဒီစီမံကိန်းများအ တိုင်း ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဆောက်လုပ်ရေး ဒုတိယဝန် ကြီး ဦးကျော်လင်းက ပြောသည်။
ဧက ၆၀၀ အကျယ်ရှိ မြေဧရိယာတွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် စီမံကိန်းများ သည် စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်း (Vocation School)၊ အိမ်ရာနှင့် စီးပွားရေးဆိုင် ရာ အဆောက်အအုံများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။
ထို့အပြင် စီမံကိန်း၏ ဖြစ် တန်စွမ်းအခြေအနေအသေးစိတ် လေ့လာေ ရး ပြည်ထောင်စုအစိုး ရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရ က Land & Housing Corporation နှင့် စတင်ဆောင်ရွက်နိုင်ရေး စီမံထား ရှိ ကြောင်း ဒုဝန်ကြီးက ဆက်လက် ပြောကြားသည်။
သို့သော် အဆိုပါစီမံကိန်းကို မည်သည့်အချိန်တွင် စတင်မည် ဆိုသည်ကို ဒု ဝန်ကြီးက ပြောကြား ခြင်းမရှိပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေရေးဆွဲရန် အမျိုးသားညီလာခံ ကို ညောင်နှစ် ပင်တွင် ၁၉၉၃ က စတင်ပြုလုပ်ပြီး ယင်းအချိန်က ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ တက်ရောက်နိုင်ခဲ့ပြီး အားလုံးပါဝင်ေ သာ ဆွေးနွေးပွဲတစ်ရပ် ဖြစ်မြောက်စေသည်အထိ စောင့် ဆိုင်းမည်ဆိုကာ ၁၉၉၆ နှစ်ဦးပိုင်းတွင် ညီလာခံရပ်နားခဲ့သည်။
ယင်းနောက် ညီလာခံပြန်စ သည့် ၂၀၀၄ တွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေရေး ဆွဲရန် အခြေခံမူ ၁၀၄ ချက်ကို အတည်ပြုနိုင်ကြောင်း နိုင်ငံတော်ေ အးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖအစိုးရ)က ကြေညာခဲ့ပြီးနောက် မဲပေးခွင့်ရှိသူ၏ ၉၂ ရာခိုင်နှုန်း ကျော်က ထောက်ခံခဲ့သည်ဆို ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ် သည်။ ‘‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့တဲ့နေရာက အခုဆို သရဲကားရိုက်ဖို့ ထားထား သလား အောက်မေ့ရအောင် ချုံ နွယ်တွေ ထူနေအောင် တွေ့ရ တယ်။ ဒီ လိုတွေ ဖြစ်နေလို့မေးရ တာဖြစ်တယ်။ ကျွန်တော်တို့တိုင်း ပြည်မှာ အကြွေးေ တွထူ၊ ဘေး တွေပူနေတဲ့အချိန်မှာ ကုန်ထားတဲ့ငွေတွေက အလဟဿဖြစ်ပြီး မှ တစ်စုံတစ်ခု အကျိုးမရှိတာတွေ မြင်ရလို့ အဲဒါတွေ အကျိုးရှိ အောင်လို့ ကျွန်တော်တို့တာဝန်ယူ တဲ့ အစိုးရငါးနှစ်အတွင်းမှာ လုပ် စရာရှိတာတွေ လုပ်နိုင်အောင်လို့ ထောက်ပြပြီး မေးတာ ဖြစ်ပါ တယ်’’ ဟု ဒေါက်တာ ခွန် ဝင်း သောင်းက လွှတ်တော်အစည်းအ ဝေး အပြီးတွင် မီဒီယာများအား ပြော သည်။
ယခင်က တစ်ဦးတစ်ယောက် ၏အမိန့်ဖြင့် ဆောက်ချင်သလို ဆောက် ခဲ့ပြီး ငွေကြေး မည်မျှကုန်ကုန် လက်လွတ်စပယ်ပြီး စတမ်းစေလိုရာ စေနိုင်၊ စွမ်းနိုင်ခဲ့ သော်လည်း ယခုအခါ နိုင်ငံတော်၏ ဘဏ္ဍာငွေများ အယိုအဖိတ် မဖြစ်ရစေရန် မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် အမျိုးသားညီ လာခံကျင်းပခဲ့သော အဆိုပါနေ ရာရှိ အဆောက် အအုံများ ဟောင်းနွမ်းနေပြီး ပြုပြင်ထိန်းသိမ်းမှုကင်း မဲ့ကာ ချုံနွယ်ပိတ်ပေါင်း များ ထူ ထပ်နေသည်။
Credit: 7DayDaily