ရန်ကုန်မြို့တွင်းတိုက်ခန်းဈေးနှုန်းတွေဟာ ငါးနှစ်အတွင်း ၃၀ ရာခိုင်နှုန်းနဲ့ အထက် ပြန်ကျဆင်းသွားတာကြောင့် ၂၀၁၇ ခုနှစ်အတွင်း ဈေးနှုန်းအများဆုံး ကျဆင်းမှုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
၂၀၁၁ခုနှစ်ကစပြီးတော့ ဈေးကွက်မှာအပြိုင်အဆိုင်ဆောက်လုပ်တဲ့ ကန်ထ ရိုက်တိုက်ခန်းတွေများလာပြီးဝယ်ယူသူတွေနည်းပါးလာတဲ့ အတွက်ကြောင့်ေ ဈးလျှော့ရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။
တကယ်ဝယ်မယ့်သူတွေ အချိန်ရောက်ပြီ၊ အခန်းတွေ အများကြီး ကိုင်ထားတဲ့ သူတွေဈေးလျှော့ရောင်းရင်ရောင်းမရောင်းရင်အငှား ဘက်ကိုပဲလှည့်နေကြ တာဖြစ်တယ်လို့ ရွှေရည်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းက မန်နေးဂျင်း ဒါ ရိုက်တာ ဦးအေးဆောင်ကပြောပါတယ်။
၂၀ဝ၃ ခုနှစ်က အိမ်ခြံမြေဈေးကွက်ဟာအကောင်းဆုံးဖြစ်ခဲ့ပြီးခု ၂၀၁၇ နဲ့ နှိုင်းယှဉ်ရင်တိုက်ခန်းတစ်ခန်းကို ကျပ်သိန်း ၁၅၀ ကနေ ၁၀ဝ အထိ ဈေးနှု န်း ကျဆင်းလာပြီးအရောင်းအဝယ်လည်း ထင်သလောက်မရှိကြောင်း သိရပါ တယ်။
ဈေးကျတယ်ဆိုတာ လူတိုင်းသိပါတယ်။ အရောင်းအဝယ်က မရှိသလောက် ကို ဖြစ်လာတာ။ ၂၀၁၅ ကနေ ခုချိန်အထိကြည့်မယ် ဆိုရင် ၃၀ ရာခိုင်နှုန်းေ လာက်အထိကျသွားတာ။ သည်ထက်လည်း ဈေးကျနိုင်သေးတယ်လို့ ရန်ကုန် တိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်းနောင်က ပြောပါတယ်။
၂၀၁၅ ခုနှစ်က သင်္ဃန်းကျွန်းမြို့နယ်မှာ ကန်ထရိုက်တိုက်တွေ အများဆုံးေ ဆာက်လုပ်ခဲ့ပြီး ၁၂ ပေ x ပေ ၅၀ တိုက်ခန်းတစ်ခန်း ကို ကျပ်သိန်း၂၅၀ ဝန်း ကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ခုလက်ရှိမှာ ကျပ်သိန်း ၁၆၀ လောက်အ ထိ ဈေးလျှော့ရောင်းရတယ်လို့သိရပါတယ်။ပေ ၂၀ x ပေ ၃၀ အကျယ်အ ဆင့်မြင့်တိုက်ခန်းရှိတဲ့ ကြည့်မြင် တိုင်မြို့နယ်က ပန်းလှိုင်အိမ်ရာသုံးလွှာ ကို လည်း ၂၀၁၅ ခုနှစ်က ကျပ်သိန်း ၈၀ဝ ဝန်းကျင်နဲ့ ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူ မရှိဘဲ လက်ရှိသိန်း ၆၅၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ထွန်းေ ဆာက်လုပ်ရေးကုမ္မဏီက သိရပါတယ်။
၂၀၁၃ ခုနှစ်က စမ်းချောင်း မြို့နယ် မင်းလမ်းငါးလွှာ ၁၃ ပေ x ပေ ၅၀ အ ကျယ်တိုက်ခန်းကိုကျပ်သိန်း ၈၅၀ အထိaဈးကောင်းရခဲ့ပြီး လက်ရှိမှာ သိန်း ၆၀ဝ ဝန်းကျင်နဲ့ aရာင်းချနေတာကိုတောင် ဝယ်ယူသူမရှိဖြစ်နေတယ်လို့ စမ်းချောင်းမြို့နယ် အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောပါတယ်။
Credit: The Kumudra