မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အိမ်ရာချေးငွေကို အလွယ်တကူ တွက်ချက်နိုင်သော ကဏ္ဍအသစ်တစ်ခုကို အွန်လိုင်းပေါ် လွှင့်တင်လိုက်ကြောင်း သတင်းရရှိသည်။
ထိုကဏ္ဍအသစ်တွင် မိမိချေးယူလိုသော ချေးငွေပမာဏ နှင့် ချေးယူလိုသည့် နှစ်ကာလ တို့ကို ရိုက်ထည့်လိုက်ပါက လစဉ်ဘဏ်သို့ ပြန်ဆပ်ရမည့် ပမာဏ၊ ချေးယူသည့် ကာလတစ်လျှောက်လုံးတွင် ပေးရမည့် စုစုပေါင်း အတိုးပမာဏတို့ကို အလိုအလျောက် တွက်ချက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ iMyanmarHouse.com ဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်းပြင်းပြင်းနဲ့ လုပ်ဆောင်နေပါတယ်။ အခုဆိုရင် အိမ်ရာချေးငွေကို အလွယ်တကူတွက်ချက်နိုင်မယ့် Home Loan Calculator ကို အွန်လိုင်းပေါ် လွှင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။ အိမ်ခြံမြေ ရောင်းသူ၊ ဝယ်သူ၊ ငှားသူတွေကို ချိတ်ဆက်ပေးရုံတင် မကဘဲ အိမ်ပိုင်ဆိုင်နိုင်ဖို့ တဖက်တလမ်းက အထောက်အကူ ဖြစ်စေမဲ့ ကဏ္ဍအသစ်တွေကိုလည်း မကြာခဏ တီထွင်ဖန်တီးထုတ်လုပ်ပေးနေပါတယ်။
ကျွန်တော်တို့ ဝဘ်ဆိုက်ထဲမှာ အိမ်ခြံမြေ ရောင်းခွန် ဝယ်ခွန်တို့၊ ဝင်ငွေခွန်တို့၊ ဒေါ်လာဈေးနှုန်း အပြောင်းအလဲတို့ကိုလည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှု့  တွက်ချက် နိုင်ပါတယ်။” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။
အိမ်ရာချေးငွေကို တွက်ချက်နိုင်သော ကဏ္ဍအသစ်ကို
အောက်ပါလင့်ခ်တွင် ကြည့်ရှု့ နိုင်ကြောင်း သိရသည်။
www.imyanmarhouse.com/home-loan-calculator
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)