ဒဂုံ ဆိပ်ကမ်း မြို့နယ်ရှိရတနာနှင်းဆီအဆင့်မြင့် အိမ်ရာမှ အခန်းထက်ဝက်ကျော် ကို ရောင်းချနိုင် ခဲ့ကြောင်း
မြိပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။
အခန်းများ ရောင်းချနေ သည့် ရတနာနှင်းဆီအိမ်ရာစီမံ ကိန်းသည်
ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
အခမ်းအနားဖြင့် တက်ရောက်ဖွင့်လှစ်ခဲ့သည့် အိမ်ရာစီမံကိန်းဖြစ်သည်။
တစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ နှင့် ကျပ်သိန်း ၁,၂၀၀ သတ် မှတ်ရောင်းချထားသည့်
ရတနာ နှင်းဆီအိမ်ရာစီမံကိန်းမှာ အခန်း ပေါင်း ၂၇၀ ကျော် ရောင်းချရန် စီစဉ်ထားရာ အခန်းအများစုမှာရောင်းချထားနိုင်ပြီး အနည်းငယ်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
နောက်ပိုင်းရောင်းချမည့် အခန်းများကိုမူ ခေတ်ကာလအခြေအနေအရ
ဈေးနှုန်းတိုးမြှင့်ရောင်းချသွားရန် မြိပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရည်ရွယ်ထားသည်။
၁၈ ထပ်အမြင့်ရှိ အ ဆောက်အအုံ နှစ်လုံးတွင် အခန်း ပေါင်း ၂၇၀ ကျော်ပါဝင်သည့် ရတနာနှင်းဆီအိမ်ရာကို
တရား ၀င်မဖွင့်လှစ်မီကပင် ကြိုတင် ရောင်းချမှုများ ပြုလုပ်ခဲ့၍ စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်သည်။၆၀၀ စတုရန်းပေကျယ်ဝန်း သည့် အခန်းကို ကျပ်သိန်း ၆၀၀၊ ၁,၂၀၀ စတုရန်းပေကျယ်ဝန်း သည့် အခန်းကို ကျပ်သိန်း ၁,၂၀၀ဖြင့် သတ်မှတ်ရောင်းချနေ ကြောင်း သိရသည်။
အခန်းဝယ်ယူသူအများစု မှာ ဈေးကစားရန်ဝယ်ယူသူများ မဟုတ်ဘဲ အမှန်တကယ်နေထိုင် မည့်သူများ အဓိက၀ယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။တိုက်ခန်းကို အရစ်ကျဝယ် ယူခြင်းထက် ငွေအကျေပေးဝယ် ယူသူ ပိုမိုများပြားသည်ဟု အိမ်ရာစီမံကိန်းမှ တာဝန်ရှိသူက ဆိုသည်။
အရစ်ကျဝယ်ယူလိုသူများ သည် ဆောက်လုပ်ရေးနှင် အိမ် ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက် ပြီး
ဝယ်ယူမှုများ ပြုလုပ်နိုင် ကြောင်း သိရသည်။
ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာစီမံကိန်းတွင် ၀ယ်ယူထား
သူများအနေဖြင့် ငွေသွင်းထားသည့် ရာခိုင်နှုန်းပေါ် မူတည်ပြီး လူနေထိုင်ခွင့်ကို ၂၀၁၇ နှစ်လယ် တွင် စတင်ခွင့်ပြုမည်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com