ဘီယွန်းဆေးဟာ အမြွှာကလေးကလေးနှစ်ဦးကို မွေးဖွားပြီးတဲ့နောက် ကြီး မား ကျယ်ဝန်းလှတဲ့ ခြံဝင်းကြီးကို ဒေါ်လာ ၄ သိန်းနဲ့ ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။
ဥယျာဉ်ကျယ်ကြီးလည်းပါဝင်တဲ့ ယင်းအိမ်ကြီးမှာ အခြွေအရံတွေအတွက် အိမ်တစ်လုံးနဲ့ အိမ်မကြီးမှာ ရေချိုးခန်း ၁၄ခန်း၊ အိပ်ခန်း ၁၀ ခန်းနဲ့ ရှုခင်းေ နာက်ခံနဲ့ ရေကူးကန်ကျယ်ကြီးတစ်ခု ပါဝင်ပါတယ်။
ဘီယွန်းဆေးတို့စုံတွဲဟာ အမြွှာကလေးနှစ်ယောက်အတွက် West Holly wood မှာ နေထိုင်တဲ့ အိမ်ကြီးကို ပြင်ဆင်နေချိန် သြဂုတ်လကုန်အထိ ဒီအိမ် ကြီး မှာ နေထိုင်မယ်လို့ သိရပါတယ်။
La Villa Contenta လို့ အမည်ပေးထားတဲ့ ဒီအိမ်ကြီးရဲ့ရောင်းဈေး က ဒေါ် လာ ၅၄.၅ သန်း ရှိပါတယ်။ West Hollywood မှာ သူတို့ အမြဲငှားရမ်းနေ ထိုင်တဲ့ အိမ်ကြီးကလည်း ဒေါ်လာ ၂၄ သန်း တန်ပြီး ငှားရမ်းခက တစ်လေ ဒါ် လာ ၁၂၀,၀၀၀ ပေးရပါတယ်။
ဒေါ်လာ ၁.၂ သန်း အကုန်အကျခံကာ ခေတ်မီစက်ကိရိယာတွေ ငှားရမ်းပြီး အိမ်မှာ သားဖွားဆောင် ဆောက်လိုက်တဲ့ ဘီယွန်းဆေးရဲ့ အမြွှာလေးနှစ် ဦးဟာ ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးလို့ သတင်းတွေ ထွက်ေ နပေမဲ့ ဘီယွန်းဆေးနဲ့ ဂျေဇီးကတော့ မွေးဖွားတဲ့သတင်းရော ကလေးနှစ် ဦးရဲ့အကြောင်းရော လုံးဝ ပြောကြားခြင်း မရှိသေးပါဘူး။
Credit: Duwun