လှည်းကူး ကျူးပြဿနာ လူသားချင်း စာနာမှုဖြင့် ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး အစိုးရနှင့် သမ္မတရုံးထံ လူ့အခွင့်အရေး ကော်မရှင်တင်ပြမည်

လှည်းကူး ကျူးပြဿနာ လူသားချင်း စာနာမှုဖြင့် ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး အစိုးရနှင့် သမ္မတရုံးထံ လူ့အခွင့်အရေး ကော်မရှင်တင်ပြမည် - Property News in Myanmar from iMyanmarHouse.com
29 Jun 2017 11:44 am တွင် တင်ခဲ့သည်
792 ကြိမ် ကြည့်ရှု့ပြီး
နေအိမ်ဖယ်ရှားခံ လှည်းကူးကျူးကျော်များပြဿနာကို လူသားချင်းစာနာေ ထာက်ထားမှုဖြင့်ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် နိုင် ငံတော်သမ္မတရုံးသို့တင်ပြသွားမည်ဟု လူ့အခွင့်အရေးကော်မရှင်မှ သိရ သည်။

ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် မှ ကော်မတီအဖွဲ့ ဝင်များသည် ကျူးကျော်အိမ်ခြေ ၁၉၁ စု၊ စုစုပေါင်းလူဦးရေ ၄ဝဝ ခန့် ယာယီနေထိုင်ရာ လှည်းကူးမြို့နယ်၊ ရဲမွန်ဘုန်းကြီးကျောင်းသို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

''ဖယ်ရှားတာတော့ အစိုးရပိုင် မြေကိုကျူးကျော်နေတဲ့သူတွေဖြစ် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်တာကတော့မှန်တာပေါ့နော်။ ဒါပေမဲ့ အန်ကယ်တို့ လူ့အခွင့်အရေးရှု ထောင့်ဘက်ကကြည့်တော့ နှင်ထုတ်မယ်ဆိုလို့ရှိရင်လည်း ကြိုတင်အသိ ပေးဖို့လိုတာပေါ့နော်''ဟု အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောသည်။ ယင်းနေရာများတွင် ဆောက် လုပ်နေ ထိုင်၍မရရှိခြင်းကို အစိုးရ တာဝန်ရှိသူတို့မှ စာပေးပို့ခဲ့သည်ဟု ဆိုေ ကြာင်း၊ သို့သော် နို့တစ်စာများသည် ယင်းနေရာတွင်နေထိုင်သော ပြည်သူ များထံသို့ မရောက်ရှိဘဲ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးရုံးအဆင့်တွင် သာ ရပ်တန့် သွားကြောင်း၊ ယင်း အချက်များအပါအဝင် ပြည်သူများ နစ်နာချက်များကို တင်ပြသွားမည် ဖြစ်ကြောင်း ဦးယုလွင်အောင်က ဆက်လက်ဆိုသည်။

''ဈေးပေါပေါရတော့ ယုံယုံ ကြည်ကြည်နဲ့ဝယ်ပြီးနေထိုင်ကြတဲ့သူတွေပေါ့။ စပြီးဆောက်တဲ့ကာလအတွင်းမှာ သက်ဆိုင်ရာဌာနတွေကမတားဘဲ ဘာေ ကြာင့်အခုမှတားရ လဲ။ အန်ကယ်တို့မေးခွန်းထုတ်ထားတာလည်း အဲဒါပဲ။ တစ်အိမ်တုန်းက ဘာလို့မတားလဲ၊ နှစ်အိမ်တုန်းကရော ဘာလို့မတားလဲ၊ ဘာကြောင့် အိမ်ခြေ ၆ဝဝဝ လောက်မှတားသလဲ။ ဒါဘယ်သူ့မှာ တာဝန်ရှိ သလဲ။ ဒါလေးတွေကို ဖော်ထုတ်အရေးယူပေးဖို့အတွက် အန်ကယ်တို့က ဒါ ကို တင်ပြမှာပေါ့။ ဘာလို့လဲဆိုရင် နောက်ဆုံးကျတော့ ဒီမြေစာပင်ဖြစ်တဲ့ ဆင်းရဲသူ၊ ဆင်းရဲသားက ရင်ကော့ခံသွားရတယ်။ အဲဒါ တွေကို ရန်ကုန် တိုင်းဒေ သကြီးအစိုးရ နဲ့ နိုင်ငံတော်သမ္မတရုံးကိုတင်ပြမယ်''ဟု ဦးယုလွင်ေ အာင်က ဆိုသည်။ အဓိကအားဖြင့် လူသားချင်း စာနာထောက်ထားမှု အမြင်ဖြင့် ကြည့်ကာပြောရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အမြတ် ထုတ် သွားသည့် စီးပွားဖြစ်အကွက်ရိုက်ရောင်းချသူများကို အရေးယူဆောင်ရွက်ေ ပးရေးအတွက်ကိုပါ ကော်မရှင် အနေဖြင့် အမြန်ဆုံးတင်ပြ သွားမည်ဖြစ်ေ ကြာင်း သိရသည်။

လက်ရှိတွင် ကော်မရှင်ကွင်းဆင်းကြည့်ရှုချက်အရ အဆိုပါ ရဲမွန်ဘုန်းကြီးေ ကျာင်းဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေးများကို ယင်းကျောင်း ထိုင်ဆရာတော်မှ အခမဲ့စာသင်ကြားပေးနေပြီး နေရာ အခက်အခဲဖြစ်သည့် ကျူးကျော်ဒုက္ခသည်များကို ယာယီတည်းခိုခွင့်ပေးထားကာ စားသောက်ရန် လည်းစီစဉ် ပေးထားကြောင်း၊ ကော်မရှင်အနေ ဖြင့် ပထမအကြိမ်သွားေ ရာက် ကြည့် ရှုစဉ် နေထိုင်ရသည်မှာ လွန်စွာဒုက္ခ ရောက်နေကြောင်း၊ ယခု တွင် စည်း ကမ်းတကျအကန့်များဖြင့် နေထိုင်နေသည်ကိုတွေ့ရှိရကြောင်း၊ သို့သော် ဘုန်းကြီးကျောင်းတွင် နေရာထိုင်ခင်း မလောက်ငကြောင်း အမျိုး သားလူ့အ ခွင့်အရေးကော်မရှင်ထံမှသိရသည်။ လှည်းကူးမြို့နယ်၊ အမြန် လမ်း ၃ မိုင် ၄ ဖာလုံနှင့် ၅ မိုင်အတွင်းရှိ ကျူးကျော်နေအိမ်များကို ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအာဏာပိုင်တို့က လူအင်အား ဖြင့် ဇွန် ၁၂ ရက်မှစတင်ကာ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service