အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည် သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ၍ လူဦးရေခန့်မှန်းခြင်း သုေ တသနစာတမ်းတွင် ပြည်ထောင်စု၊ မြို့ပြနှင့်ကျေးလက်အဆင့် လူဦးရေကို ၂၀၁၅ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အထိလည်းကောင်း၊ တိုင်းဒေသကြီး / ပြည် နယ်အဆင့်ကို ၂၀၁၅ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိလည်းကောင်း ခန့်မှန်း တွက် ချက်ထားသည်။ မြန်မာနိုင်ငံ၏ လူဦးရေကို လူဦးရေတိုးနှုန်း အနိမ့်၊ အလယ် အလတ်နှင့် အမြင့်စသည့် အဆင့်သုံးဆင့်ဖြင့် ခန့်မှန်းတွက်ချက်ထားပြီး အ လယ်အလတ်အဆင့် ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၆၅ သန်းခန့် ရှိလာမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၂၀၁၅ ခုနှစ်မှ ၂၀၃၁ ခုနှစ် အတွက် လူ ဦးရေကို တိုးနှုန်းအလယ်အလတ်အဆင့်ဖြင့် ခန့်မှန်းတွက်ချက်ရာတွင် ရန် ကုန်တိုင်းဒေသကြီးသည် ၂၀၃၁ ခုနှစ်၌ လူဦးရေ ၁၀ ဒသမ၅သန်းခန့်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် လူဦးရေ ၇ ဒသမ ၂ သန်းခန့် ရှိလာမည်ဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တွင် နြေ ပည်တော်နှင့် ရှမ်းပြည်နယ်တို့သည် လူဦးရေတိုးပွားမှု မြင့်မားသော ဒေသ များဖြစ်လာပြီး ဧရာဝတီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည် နယ်တို့သည် လူဦးရေတိုးပွားမှုအနည်းဆုံး ဒေသများဖြစ်လာနိုင်ကြောင်းနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူဦးရေတိုးပွားမှု ပုံမှန်သာရှိမည်ဖြ စ်ကြောင်း ခန့်မှန်းချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသတွင် လူဦးရေပျံ့နှံ့ နေထိုင်မှု (မြို့ပြ ထွန်းကားလာခြင်း) ဟူ၍ ရွှေ့ပြောင်းခြင်းဖြစ်စဉ် သုံးမျိုးဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လူငါးဦးတွင် တစ်ဦးသည် ဘ၀တစ်လျှောက်အ နည်းဆုံး တစ်ကြိမ် ပြည်တွင်း၌ ပြောင်းရွှေ့ခဲ့ဖူးကြပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း ရွှေ့ ပြောင်းသူ ခုနစ်ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်။ ပြည်တွင်းရွှေ့ပြောင်း သွားလာခြင်းသည် ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြုနေပြီး ရန်ကုန်တိုင်းေ ဒသကြီးသို့ လွန်ခဲ့သည့် ငါးနှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုသည် ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ကြောင်း ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်း ကားလာခြင်း စာတမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် မြို့ပြဒေသ၌ နေထိုင်သူဦးရေမှာ နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၃၀ ခန့်သာရှိပြီး နိုင်ငံပိုမို ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြို့ပြထွန်းကား လာမှုနှင့် မြို့ပြကြီးထွားလာမှုတို့ လျင်မြန်စွာ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရ သည်။ လက်ရှိအခြေအနေအရ မြို့ပြထွန်းကားလာမှုသည် ရန်ကုန်တိုင်းဒေ သကြီး (အထူးသဖြင့်ရန်ကုန်မြို့) တွင် မြင့်မားစွာဖြစ်ပေါ်နေပြီး ယင်းသို့ဖြစ် ရခြင်းမှာ ရန်ကုန်သည် အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သည့်ေ နရာတစ်ခုသဖွယ် ဖြစ်နေခြင်းကြောင့်ဟု သိရှိရသည်။ ထို့ကြောင့် ရန်ကုန် မြို့အပြင် အခြားနေရာဒေသများတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း များ ပေါများလာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ထိုဒေသများ၏ အ လုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
ကျူးကျော်ရာဇ၀င်
၁၉၅၈ ခုနှစ်က မြို့သစ်များ တည်ဆောက်ပြီး ကျူးကျော်များကို ရှင်းလင်းခဲ့ပြီး ဆိုရှယ်လစ်ခေတ်တွင်လည်း ယင်းကဲ့သို့ ဆက်လက်ရှင်းလင်းခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၂ ခုနှစ်တွင် တဲပေါ်ကနေ တိုက်ပေါ် တင်စီမံချက်နှင့် ဖြေရှင်း ခဲ့ခြင်းများ ရှိသည့်အတွက် ကျူးကျော်အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ကို တဲပေါ်မှ တိုက်ပေါ်တင်နိုင်ခဲ့သည်။
၁၉၈၆ခုနှစ်က စတင်ပြီး ရန်ကုန်မြို့တွင်းနှင့် မြို့နယ်အချို့ရှိ ကျူးကျော်နေ ထိုင်သူများကို နိုင်ငံတော်မှ လှိုင်သာယာမြို့နယ်တွင် ပေ (၂၀_၆၀)၊ မြေ ဂ ရန်ပိုင်ဆိုင်မှုနှင့် နေရာချပေးခဲ့သည်။ ယင်း အချိန်က သွားလာရေးခက်ခဲပြီး စီးပွားရေး အခွင့်အလမ်းနည်းပါးသည့် ရွှံ့ဗွက်တောထဲက လှိုင်သာယာမြေ ကွက် တစ်ကွက်၏ သွင်းကြေးတန်ဖိုးသည် ကျပ် ၂၀၀၀ သာဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ၁၉၉၀ ပြည် နှစ်အလွန်က ကျူးကျော်နေထိုင်သည့် အိမ်ခြေ သည် ၉၀၀၀ ခန့်သာ ရှိခဲ့သည်။ ယင်းစာရင်းများသည် ရန်ကုန်မြို့တော် စည် ပင်သာယာရေး နယ်နိမိတ် ၁၉ မြို့နယ်အတွင်း ကောက်ယူခဲ့သည့် စာရင်း များ ဖြစ်သည်။ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့ သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့ သစ် ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် စသည့်မြို့နယ် များတွင် စာရင်းကောက်ယူ သုတေသနပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးကျော်နေအိမ်များ အစ
အိမ်ခြံမြေ၊ တိုက်ခန်းငှားရမ်းခများ မြင့်တက်လာသည့်အပြင် နယ်မြို့များတွင် စီးပွားရေးနိမ့်ကျမှုနှင့် အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် ရန်ကုန်တိုင်းဒေ သကြီးအတွင်းတွင် ပြောင်းရွှေ့အခြေချနေထိုင်လာသည့် ကျူးကျော်နေအိမ် များ တိုးပွာလာခဲ့သည်။
ယင်းကဲ့သို့ အခြေချနေထိုင်ကြရာတွင် အမှန်တကယ်နေထိုင်ရန် အခက်အခဲ ရှိသည့် ကျူးကျော်နေထိုင်သူ အများအပြားရှိသကဲ့သို့ ကျူကျော်တဲများ ထိုး ပြီး ပြန်လည်အငှားချခြင်း၊ တန်ဖိုးသတ်မှတ်ရောင်းချခြင်း အစရှိသည့် စီးပွာြး ဖစ် ကျူးများလည်း ရှိလာခဲ့သည်။ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ် ထားသည့် မြေနေရာများတွင် ဥပဒေမဲ့ အလုံးအရင်းနှင့် ကျူးကျော်နေထိုင် သူ များလည်းရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ကျူးေ ကျာ်နေထိုင်သူများအနက် ဧရာဝတီတိုင်းဒေသကြီးကနေ လာရောက် ကျူးေ ကျာ်နေထိုင်သူ အများဆုံးဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာ ယာေ ရး ကော်မတီက သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် တောင်ဥက္ကလာပ၊ မြောက် ဥ က္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း မြို့ နယ်များတွင် ၂၀၁၆ ခုနှစ်အတွင်းက ကျူးကျော်နေထိုင်သူ စုစုပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ရန်ကုန်မြောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်များ တွင် ကျူးကျော်နေထိုင်သူ စုစုပေါင်း ၁၄၀၀၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့ေ တ်ာစည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၆ ခုနှစ် စာရင်းများအရ သိရသည်။
ယင်းကဲ့သို့ မြို့နယ်များအနက် ကျူးကျော်နေထိုင်မှုအများဆုံး မြို့နယ်သည် လှိုင်သာယာမြို့နယ်ဖြစ်ပြီး စုစုပေါင်းကျူးကျော်နေထိုင်သူ ၉၆၀၀၀ ကျော် ရှိသည်ဟု ၂၀၁၆ ခုနှစ်စာရင်းများအရ သိရသည်။
၂၀၁၆ခုနှစ်က မြောက်ဥက္က လာပမြို့နယ်တွင် ကျူးကျော်နေထိုင်သူ ၁၇၀၀၀ ကျော်၊ ဒလမြို့နယ်တွင် ကျူးကျော်နေထိုင်သူ ၁၄၀၀၀ ကျော်နှင့် မင်္ဂလာဒုံမြို့နယ်တွင် ကျူးကျော်နေထိုင်သူ ၁၄၀၀၀ ကျော်တို့ အသီးသီး ရှိခဲ့ သည်။ ကျူးကျော်နေထိုင်သူ အနည်းဆုံးမြို့နယ်သည် ကမာရွတ်မြို့နယ်ဖြစ် ပြီး စုစုပေါင်း ၉၈ ဦးသာရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်အခြေချ နေထိုင်သူများအနက် ဧရာ ၀တီတိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး တွင် ကျူးကျော်ရွှေ့ပြောင်းလာသူ အများအပြား ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။
ပဏာမစာရင်းနှင့် မြေပြင်အခြေအနေတွင်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များတွင် အစစ်အမှန်ကျူးေ ကျာ် သူများနှင့် စီးပွားဖြစ် ကျူးကျော်သူများဟူ၍ တွေ့ရှိ ခဲ့ကြောင်း၊ အစစ်အမှန် ကျူးကျော်သူများမှာ အမှန်တကယ်နေစရာ မရှိဘဲ စာရင်းကောက်ယူထား သည့် အထဲတွင်ပါဝင်သည့်သူများ ဖြစ်ကြောင်း၊ ယင်းကျူးကျော်သူများကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် အကူအညီများကို ဦး စားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိမ်ရာများ အကောင်အထည်ေ ဖ်ာပါက ယင်းအဖွဲ့ကို ဦးစားပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။
“စီးပွားဖြစ်ကျူးကျော်သူတွေ အဖွဲ့က တတ်နိုင်တဲ့သူက၀ယ်ပြီးတော့ ထပ်ေ ရာက်လာတဲ့ ကျူးကျော်တွေကို ပြန်လည်ရောင်းချတာတွေ၊ ငှားရမ်းတာတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်တိုင်ကျူးကျော် သူတွေပါ။ အချို့လည်း မိမိမြေကွက်အနီးမှာ အဖီတွေထုတ်ပြီးတော့ အခန်းဖွဲ့ ပြီး နေစရာမရှိသူတွေကို ငှားရမ်းတာတွေ ရောင်းချတာတွေ လုပ်နေတာ ဖြစ် ပါတယ်။ နောက်တစ်ချက်က အချို့က ရပ်ကွက်ထဲမှာ နေစရာ အိမ်ရှိပါတယ်။ သို့သော်လည်း လမ်းကိုထွက်ပြီးတော့ ကျူးကျော်တဲတွေ ဆောက်ပြီးတော့ေ ဈးဆိုင်၊ စတိုးဆိုင်၊ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင် စသည်ဖြင့်ဖွင့်ပြီးတော့ ကိုယ်ပိုင်စီးပွားရေးအတွက် ဆောင်ရွက်တဲ့ ကျူးကျော်တွေဖြစ်ပါတယ်။
အချို့က လယ်ပိုင်ရှင်တွေဖြစ်ပြီး အဲဒီလယ်ကို စိတ်ပိုင်းရောင်းချပြီးတော့ ၀ယ် တဲ့သူကလည်း အဲဒီအပေါ်မှာ လူနေအိမ်တွေဆောက်ပြီး ကျူးကျော်တဲ့သူေ တွ ဖြစ်ပါတယ်။ အဲဒီလိုကျူးကျော်သူတွေဟာ အမှန်တစ်ကယ် နေစရာမရှိလို့ ကျူးကျော်တာမဟုတ်ဘဲ ကိုယ့်ရဲ့စီးပွားရေးအတွက် ကျူးကျော်တာဖြစ်တဲ့အ တွက် သတ်မှတ်တဲ့မြေအလိုက် ဥပဒေအရ ရင်ဆိုင်ဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်” ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားခဲ့သည်။
အဆိုပါ စီးပွားဖြစ်ကျူးကျော်မှုများကို သတ်မှတ်ထားသော မြေအလိုက် ဥပဒေ ပုဒ်မများဖြင့် သတ်မှတ်ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းေ ကာက်ယူခဲ့သော ကျူးကျော်ခန့်မှန်းစာရင်းအရ ပထမပိုင်းတွင် အိမ်ထောင်စု ၁၁၆၉၇၅ စုရှိပြီး လူဦးရေအနေဖြင့် ၄၄၁၆၄၆ ဦးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်လေးသိန်းကျော်ခန့်ရှိပြီး လိုအပ်ပါက သတင်းတပ်ဖွဲ့များဖြင့် ပြေးလေးပြေး၊ ရာဇ၀တ်မှု ကျူးလွန်သူများ၊ လိမ်လည် စာရင်းသွင်းမှုများကို စိစစ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်နှစ်ပြည့် ဆောင်ရွက် မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျူးကျော်ကို ကျွန်တော်တို့ ခန့်မှန်းထားတာ သုံးသိန်းကျော်လောက် ဖြစ်ပါ တယ်။ တကယ်လက်တွေ့ မြေပြင်အခြေအနေမှာ လေးသိန်းကျော်လောက် ရှိပါတယ်။ ဒီထဲမှာ ရှိတဲ့သူတွေအားလုံးဟာ ကျူးကျော်အစစ်အမှန် ဟုတ်၊ မဟုတ် သေချာစိစစ်သွားမှာ ဖြစ်ပါတယ်။ လိုအပ်လာမယ်ဆိုရင် သတင်းတပ် ဖွဲ့တွေကိုပေးပြီး စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြေးလေးပြေးလို မျိုးပါေ နတာမျိုးတွေ ဒါမှမဟုတ် ဒီနယ်မြေတွေအတွင်းမှာ ရာဇ၀တ်မှု ကျူးလွန်သူေ တွ ရှိနေတာမျိုးတွေ ကျူးကျော်မဟုတ်ဘဲ အစိုးရအဖွဲ့ကို လိမ်လည်စာ ရင်း သွင်းနေတဲ့ အခြေအနေမျိုးတွေကို စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးေ ကျာ်တွေကို စနစ်တကျ နေရာချထားပေးဖို့အတွက် အင်မတန်မှ စိတ်ဝင်စား ပါတယ်။ ဒါကြောင့်မို့ UN HABITAT နဲ့ ညှိနှိုင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းေ တွကပါ ပါဝင်ဆောင်ရွက်တဲ့ ကျူးကျော်များ ပြန်လည်နေရာချထားရေး ကိစ္စ ကို ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျူးကျော် ပြန်လည်နေရာချထားရေး အစီ အစဉ်သစ် တစ်ရပ်အတွက်လည်း ဧရိယာတစ်ခုကို ရွေးချယ် သတ်မှတ်ဖို့အ တွက် လေ့လာဆန်းစစ်မှု ပြုနေပြီဖြစ်ပါတယ်။ စနစ်တကျ နေရာချထားေ ပး ဖို့ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက် ယူမှုများကို စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
“ကျူးကျော်ကို စာရင်းကောက်ခံတဲ့ နေရာမှာလည်း တကယ့်ကို အဆင့်အ တန်းမီစာရင်း ကောက်ခံမှု ဆောင်ရွက်ခဲ့ပါတယ်။ ဒီစာရင်းဟာ နည်းပညာနဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီကျူးကျော်စာရင်းဟာ လေးသိန်းလောက် ရှိနေပါတယ်။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှိနိုင်တဲ့အရေ အတွက် ဖြစ်ပါတယ်။ဒီအတွက် ကျူးကျော်စာရင်း ကောက်ခံမှုတွေက ဆက် လက် ဆောင်ရွက်သွားရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးကျော်များကို နေရာချ ထားပေးနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အတွင်းမှာ ကျူးကျော်တွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ဒီပြုပြင်ပြောင်းလဲမှုတွေက အခက်အခဲပေါင်းများစွာ ရှိပါတယ်။ ဒီအခက်အခဲေ တွကို ရင်ဆိုင်ကျော်လွှားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြော ကြားခဲ့သည်။
လက်ရှိအခြေအနေတွင် ကျူးကျော် ပြန်လည်နေရာချထားရေး အစီအစဉ်သစ် တစ်ရပ်အတွက် ဧရိယာတစ်ခုကို ရွေးချယ် သတ်မှတ်ရန်အတွက် လေ့လာ ဆန်းစစ်မှု ပြုနေပြီဖြစ်သကဲ့သို့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းမဟုတ်သည့် ကျူးကျော်စာရင်း ကောက်ခံမှုများကို ဆက်လက်ေ ဆာင်ရွက်သွားရဦးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ဝန်းကျင်တွင် ကျူးကျော်များအတွက် အိမ်ရာများ အပါအ၀င် အိမ်ရာစီမံကိန်းများကို စတင်တည်ဆောက်တော့မည်ဖြစ်ပြီး အဆိုပါစီမံကိန်း များအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ် ၆၄ ဘီလျံ ရင်းနှီးမြှု ပ်နှံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားသည်။
“စက်မှုဇုန်တွေ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် လေ့လာဆန်းစစ်မှုနဲ့အတူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့တစ် ဆက်တည်း ရှိနေတာက ကျူးကျော်တွေပါ။ စက်မှုဇုန်တွေထဲမှာ လူနေထိုင် ခွင့် မရခဲ့ဘူးဆိုတဲ့ အခြေအနေကနေ နောက်ပိုင်းမှာ စက်မှုဇုန်တွေမှာ ကျူးေ ကျာ်ဆိုတာ အများကြီးဖြစ်လာတာပါ။ ဒီကျူးကျော်တွေကို ဖယ်ရှားနိုင် ဖို့အ တွက် အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်နေပါတယ်။ အိမ်ရာစီမံကိန်းဆိုတာနဲ့ ပတ်သက်ပြီးညှိနှိုင်းဆောင်ရွက်နေတာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်းများအတွက် နှစ်ရှည်ဘဏ်ချေးငွေရရှိ ရန်လိုအပ်ေ ကြာင်း၊ လိုအပ်နေသည့် ဘဏ်ချေးငွေကို ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် သာ နှစ်ရှည်ချေးငွေ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျူးကျော်တွေဟာ အရှင်းဆုံးပြောရရင် သူတို့ Down Payment မပေးနိုင် ပါဘူး။ သူတို့ဟာ အလုပ်လုပ်တယ်။ သူတို့အခန်းဖိုး ပေးနိုင်တယ်။ အဲဒီအ တွက် သူတို့ကို ကျွန်တော်တို့က နှစ် ၃၀ လောက် ချေးငွေချပေးနိုင်မယ်ဆိုရင် ဒီချေးငွေနဲ့ သူတို့ အိမ်ဝယ်နိုင်မယ်။ အိမ်ဝယ်နိုင်တဲ့အဆင့်ကိုဖြစ်မှ ကျွန်တော် တို့က Two Step Loan ကိုယူပြီး ဘဏ်ကနေတစ်ဆင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကို ပိုက်ဆံထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းကဲ့သို့ ချေးငွေရရှိရေး ညှိနှိုင်းမှုများ အဆင်ပြေပြီဆိုပါက ရန်ကုန်တိုင်းေ ဒသကြီးအတွင်း အိမ်ရာစီမံကိန်းများကို ရန်ကုန်မြို့ဝန်းကျင်တွင် တည်ေ ဆာက်ရန် အသင့်ဖြစ်နေမှာဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ဧပြီလကုန်ပိုင်းခန့်တွင် စတင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆိုထားသည်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ဒီအပေါ်မှာ ၆၄ ဘီလျံလောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ပြီးခဲ့တဲ့ဘတ်ဂျက်မှာ RE ဘတ်ဂျက်ပါ။ BE ဘတ်ဂျက် မဟုတ်ပါဘူး။ RE ဘတ်ဂျက်ကတည်းက ပြင်ဆင်ဆောင်ရွက်နေတာ ရှိပါ တယ်။ ဒီအတွက်လည်း ရင်းနှီးမြှုပ်နှံမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုခဲ့သည်။
ကျူးကျော်စာရင်း ကောက်ယူခြင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းများ ကောက်ခံနေသည့် စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်း၊ ကျူးေ ကျာ်နေထိုင်သူများ စာရင်းကောက်ယူရေးစီမံချက်ဖြင့်၂၀၁၆ ခုနှစ် စက်တင် ဘာမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊မြောက် ဒဂုံ၊ြေ မာက်ဥက္ကလာပ၊ သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်းစသည့် မြို့နယ်များတွင် ကျူးကျော်စာရင်းများ ကောက် ခံပြီးစီး ခဲ့ပြီးဖြစ်ကြောင်း ကျူးကျော်စာရင်းကောက်ခံနေသည့် အဖွဲ့များထံမှ သိရ သည်။
ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများအား သက်သေခံကတ်ပြားများ ထုတ်ပေးရာတွင် အမှန်တကယ် ကျူးကျော်နေထိုင်သူများကို စိစစ်ပြီး အိမ်ေ ထာင်စုအလိုက် ဓာတ်ပုံရိုက်ခြင်း၊ လက်ဗွေနှိပ်ခြင်း စသည်တို့ အဆင့်ဆင့်ြ ပုလုပ်ကာ အထောက်အထား ကတ်ပြားထုတ်ပေးခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ကျူးကျော်စာရင်းများေ ကာက်ယူခဲ့ရာတွင် ၁၇ ရက်အတွင်း ကျူးကျော်အိမ်ထောင်စု နှစ်သောင်း ခွဲအား အထောက်အထား ကတ်ပြားများ ထုတ်ပေးခဲ့နိုင်ခဲ့ကြောင်း မေ ၁၂ ရက်က စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်စာရင်းများ ကောက်ယူရန် ဧပြီ ၂၅ ရက် မှမေ ၁၁ ရက်အထိ ကောက်ယူရန် သတ်မှတ်ထားခဲ့ပြီး သတ်မှတ်ထားသည့် ရက်အတွင်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ၂၅၀၀၀ ကျော်အား စာ ရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှိုင်သာယာမြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သည့် အိမ်ထောင် စုများအား သတ်မှတ်ရက်အတွင်း စာရင်းများကောက် ယူခဲ့သော်လည်း ကျူးေ ကျာ်နေထိုင်သည့် အိမ်ထောင်စုများ ထပ်မံကျန်ရှိနေသေးသဖြင့် စာရင်းေ ကာက်ယူမည့်ရက် အားထပ်မံတိုးမြှင့်ခဲ့ရကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်စာရင်းကောက်ခံနေမှုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီး၍ အဖွဲ့ရှစ်ဖွဲ့ခွဲကာ ရွှေလင်ပန်း စက်မှုဇုန်၊ အမှတ်(၆) ရပ်ကွက်၊ ရေအုပ်ကန်ကျေးရွာ၊ ညောင်ကျေး ရွာအုပ်စု စသည့် နေရာလေးနေရာ၌ တစ်နေရာလျှင် အဖွဲ့နှစ်ဖွဲ့စီခွဲ၍ ကျူးကျော်စာ ရင်းများ ကောက်ခံကာအထောက်အထား ကတ်ပြားများထုတ်ပေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် စာရင်းကောက်ယူမှု
ဗဟန်းမြို့နယ် ဆရာစံအနောက်မြောက်နှင့် ငါးထပ်ကြီးဘုရား တောင်ဘက် တို့တွင် ကျူးကျော်စာရင်း ကောက်ယူရာ၌ အိမ်ထောင်စု အနည်းစုသာ စာ ရင်း သွင်းခဲ့ပြီး အများစုသည် ကျူးကျော်မဟုတ်ကြောင်း ယင်းနေရာတွင် နေ ထိုင်ကြသူများထံမှ မေးမြန်းသိရသည်။
“ကျွန်တော်တို့ ဇွန် ၁၂ ရက်က ဆရာစံ အနောက်မြောက်နဲ့ ငါးထပ်ကြီးေ တာင်ဘက်မှာ ကျူးကျော်စာရင်း ကောက်ပါတယ်။ ဆရာစံ အနောက်မြောက် ဘက်မှာ စာရင်းကောက်တဲ့အခါမှာ လူဆယ်ဂဏန်းလောက်ပဲ လာစာရင်းေ ပးတယ်။အဲဒီနေရာမှာ ၉၇၁ ခုက ကျူးစာရင်းဝင်နေတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျူးမဟုတ်တဲ့အတွက်ကြောင့် နေတာက လည်းကြာပြီ။ ခေတ် အ ဆက်ဆက် အစိုးရလက်ထက်ကတည်းက သူတို့ကိုလည်း ကျူးလို့မသတ် မှတ်ဘူး။ အဲ့ဒီမှာပဲ နေခဲ့ကြတယ်။ အခုမှစပြီး စာရင်းကောက်တယ်ဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းတင်လိုက်တယ်။ အဲဒီစာရင်းကပါလာပြီးေ တာ့ အခုအစိုးရလက်ထက်မှာ လာကောက်ရတယ်။ အဲ့ဒါကြောင့်သူတို့က ၀န်ကြီးချုပ်ကို ကျူးမဟုတ်ဘူးဆိုတဲ့ အကြောင်းမြေအကွက် နံပတ်တွေနဲ့ မြေ ခွန်တွေ မြေဖိုးတွေ သွင်းထားတယ်ဆိုတာ သူတို့မှာ အထောက်အထားတွေ ရှိပါတယ်ဆိုတဲ့အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို စာတင်မယ်ဆိုတဲ့အေ ကြာင်း ပြောပါတယ်။ နောက်တစ်ခုက ငါးထပ်ကြီး တောင်ဘက်မှာဆိုရင် ဆာဘိုးသာခြံမှာ ၃၇၃ လုံးရှိတဲ့ အထဲမှာ နှစ်ခုပဲလာတယ်။ ကျန်တဲ့ ၃၇၁ ခုက သူဌေးပိုင်နယ်မြေ ဖြစ်တဲ့အတွက်ကြောင့် ကျူးမဟုတ်ဘူးဆိုပြီးလာပြီး စာရင်းမသွင်းကြဘူး” ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးက ပြောကြားသည်။
ထို့ပြင် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား တောင်ဘက်ရပ်ကွက်၊ ဆာဘိုးသြာ ခံအတွင်း နေထိုင်သူများသည် အင်္ဂလိပ်လက်ထက်ထဲမှ နေထိုင် လာကြသူ များဖြစ်ပြီး ကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း အဆိုပါခြံထဲတွင် နေ ထိုင်သည့် ဦးတင်အောင်လင်းက ပြောကြားသည်။
“ကျွန်တော့်အဘိုးလက်ထက် ကျွန်တော်အဖေမမွေးခင်ကတည်းက ဒီမှာနေ လာတာ။ အရင်တုန်းကတော့ ဒီမှာလူဦးရေ အဲ့ဒီလောက် မများသေးပါဘူး။ေ နာက်ပိုင်း တဖြေးဖြေး အိမ်ထောင်စုတွေခွဲရင်းနဲ့ များသွားတယ်။ ဂရန်တို့ ဘာ တို့တော့ ကျွန်တော်တို့စီမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘွားပိုင် သူဌေးကြီးပိုင်တဲ့ မြေဖြစ်တယ်။ ဘယ်သူမှတော့ ဂရန်တွေမရှိဘူး။ အရောင်း အ၀ယ်လုပ်တဲ့ စာချုပ်တွေ မရှိဘူး။ ကျွန်တော်တို့ သိသလောက်ကတော့ ကျူးကျော်စာရင်းကောက်မယ်။ စမတ်ကတ်ထုတ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ က ကျူးကျော်မှ မဟုတ်တာ။ ဘိုးဘွားပိုင်သူဌေးက ဖယ်ဆိုရင်တော့ ဖယ်ရ မှာပေါ့။ အဲ့ဒါကတော့ သူဋ္ဌေးသဘောပေါ့။ ကျူးကျော်တော့ မဟုတ်ပါဘူး။ ယခင်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ ဆာဘိုးသာခြံထဲက လူတွေဆိုပြီးတော့ စာရင်းသွင်းတယ်။ ပြီးတော့လုပ်ထုံးလုပ်နည်းအရ မှန်လား၊ မမှန်လားဆိုေ တာ့ ကျွန်တော်တို့ကို လာပြီးစာရွက်ပေးတဲ့ အချိန်မှာ လက်ရှိကျွန်တော်တို့ အိမ်မှာရှိတာ ရှစ်ယောက်။ ဒါပေမဲ့ ငါးယောက်နဲ့ပဲ လာကောက်တယ်။ အဲ့ဒီ ငါးယောက်စာရင်းက အရင်က စာရင်းပါ။ ကျွန်တော်တို့စီကိုစာပို့ အကြော င်းကြားတာက ဒီလအစောပိုင်းက ပို့တာပါ။ ပထမကျွန်တော်တို့ကို ချိန်းတာ ကပြီးခဲ့တဲ့ သောကြာကျောင်းဖွင့်ရက်ကြီး။ အဆင်မပြေလို့ ဘယ်သူမှ မသွာြး ကဘူး။ ဇွန် ၁၂ ရက်ကို ပြောင်းလိုက်တယ်။ မနေ့ကတော့ ရပ်ကွက်သုံးခု ဗိုလ်ချို (၁)၊ ဗိုလ်ချို (၂)၊ ငါးထပ်ကြီးတောင်ဘက် ရပ်ကွက်ဖြစ်တယ်။ ကျွန်ေ တ်ာတို့ ငါးထပ်ကြီး တောင်ရပ်ကွက်က အများစုက ကျူးမဟုတ်တဲ့အတွက် နားမထောင်ပဲနဲ့ ပြန်လာကြတယ်” ငါးထပ်ကြီးဘုရားတောင်ဘက်ရပ်ကွက်၊ ဆာဘိုးသာခြံအတွင်း နေထိုင်နေသည့် ဦးတင်အောင်လင်းက ပြောကြား သည်။
ဆာဘိုးသာခြံအတွင်း နေထိုင်သူများသည် နှစ်ပေါင်း ၁၀၀ ကျော်ကြာေ အာင် ဆွေစဉ်မျိုးဆက် နေထိုင်သူများဖြစ်ကြောင်း၊ အင်္ဂလိပ်လက်ထက်က တည်းမှ သူဌေးကြီး ဆာဘိုးသာမှ ၎င်း၏ လုပ်ဖော်ကိုင်ဖက် ၁၄ ဦးအား ၎င်းပိုင်ခြံမြေနေရာတွင် နေထိုင်ရန်ပေးခဲ့ကြောင်း၊ ယင်း ၁၄ ဦး၏ ဆွေစဉ်မျိုး ဆက်နေထိုင်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား တောင်ဘက်ရပ်ကွက်၊ ဆာဘိုးသာခြံပိုင် ရှင်နှင့် ယင်းခြံအတွင်း နေထိုင်သူများသည် ဇွန် ၁၈ ရက်က ညှိနှိုင်းမှုများ ပြု လုပ်ခဲ့ကြကြောင်း သိရသည်။
ယခုလက်ရှိတွင် အဆိုပါ ငါးထပ်ကြီး ဘုရားတောင်ဘက်ရပ်ကွက်တွင် အ ဆင့်မြင့်အိမ်ရာ စီမံကိန်းတစ်ခု အကောင်အထည်အဖော်ရန် ဆောင်ရွက်ေ နသည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိတွင် သက်ဆိုင်ရာဘက်မှ အတည်ပြုပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
အင်းစိန်မြို့နယ်တွင်
“အိမ်တွေက လျှပ်စစ်တာဝါတိုင်အောက်မှာ ရောက်နေတဲ့အတွက် စလစ် လာထုတ်ပါလို့ပြောတယ်။ ဘာစလစ်လည်းဆိုပြီး ပြန်မေးတော့ တာဝါတိုင်ေ အာက်မှာ ရှိနေတဲ့အတွက် ဖယ်ပေးရဖို့ဆိုပြီး ပြောတယ်။ ဘာလည်း ကျူးစာ ရင်း လာထုတ်ခိုင်းတာလားဆိုတော့ ဟုတ်တယ်တဲ့ ည ၁၂ နာရီလောက် မှာလာ ပြောတာ၊ ကိုယ်တွေ တစ်အိမ်ထဲ မဟုတ်ဘူး။ ညဘက်ကြီး စလစ် သွားထုတ်ရတယ်။ စာရွက်ပေးလိုက်တယ်။ အဲဒီစာရွက်နဲ့ စမတ်ကတ် ထုတ် ရမယ်ပြောတယ်။ အဲဒီညမှာ ဘာမှရှင်းပြတာမရှိပဲနဲ့ ညတွင်းချင်း ထုတ်ခိုင်း တယ်။ သွားထုတ်လိုက်တယ်။ နောက်နေ့မနက်ကျတော့ တညင်းကုန်းက မ ဟာမူလ ဘုန်းကြီးကျောင်းမှာ ဒီကတ်နဲ့ စမတ်ကတ်လာထုတ်ပါဆိုလို့ သွား တယ်။ တာဝါတိုင်နဲ့ မလွတ်တဲ့အတွက်ကြောင့် ဖယ်ခိုင်းဖို့ ဒါအကြောင်း ကြားတာပေါ့၊ တစ်ခုခုပြောပြမယ်ထင် လိုက်တာပေါ့။ ရွှေပြည်သာ ပုလဲလမ်း ကား လမ်းဘေးမှာ ကျူးကျော်ပြီးတဲထိုးနေတဲ့သူတွေ တခြားကျူးကျော်တွေ ကိုလည်း ခေါ်ထားတယ်။ ခံပြင်းတယ်။ တဲထိုးပြီး ကျူးကျော်နေတဲ့သူတွေနဲ့ ကျွန်မတို့ကို တစ်တန်းထဲထားလိုက်တယ်။ လူတွေရဲ့စိတ်ထဲမှာ ဘာဖြစ်နေ လဲဆိုတော့ ဘယ်နေ့ဖျက်ခိုင်းမှန်း မလဲမသိ ဖြစ်နေတယ်။ ဘယ်သူ့သွားမေး လို့ မေးရမှန်းမသိ ဖြစ်နေတယ်။ အစ်မတို့အိမ်က ရထားလမ်းနဲ့လည်း နီး တယ်။ တာဝါတိုင် အောက်မှာလည်း ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင် ဘာလောက်တုန်းက မီးရထားက အုတ်တံတိုင်းတွေခတ်ဖို့ မြေလာ တိုင်း တယ်။ မြေတိုင်းတော့ မီးရထားလမ်းနဲ့ ပေ ၅၀ အကွာလို့ ပြောတယ်။ အစ်မ တို့အိမ်တွေ မပါဘူး။ ကိုယ်တွေက မီးရထားကျူးကျော်မဟုတ်တာ ကျိန်းသေ တယ်။ အစ်မတို့အိမ်ဆိုရင် ပေ ၂၀ ပေ ၄၀ ကို သိန်း ၉၀ ပေး ပြီးဝယ်ရ တယ်။ နှစ်ထပ်ဆောက်ထားတယ်။ ဆောက်ထားတဲ့ အိမ်ကပဲ သိန်း ၁၀၀ေ လာက်ရှိတယ်။ အိမ်အမှတ်က အမှတ် ၄၀၀/B ၊ အဲဒီအိမ် နံပါတ်နဲ့ သန်းေ ခါင်စာ ရင်းလည်းပြောင်းထားပြီးသား၊ မီတာဘောက်ကလည်း ကျထားပြီး သား၊ ကိုယ်တွေကျူးကျော်လို့ သတ်မှတ်တယ်ဆိုတာ ဘာကြောင့်လဲ၊ ဇွန် ၂၂ ရက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့တွေ့တော့ ဒီနေရာက လျှပ်စစ်တာဝါ တိုင်နဲ့ မလွတ်လို့ ကျူးကျော်အဖြစ် သတ်မှတ်တာလို့ပြောတယ်။ ကျူးကျော် က ဘယ်လိုပုံစံမျိုး သတ်မှတ်တာလည်းဆိုပြီး ပြန်မေးလိုက်တယ်။ ဒီနေရာမှာ လူနေမှုအဆင့်အတန်း မြင့်မားစေချင်လို့ ဒီလိုလုပ်ပေးတာ ဆိုပြီးပြောတယ်။ ဒီဟာကို ကောက်တာဘယ်သူက ကောက်ခိုင်းတာလည်းဆိုတော့ တိုင်းေ ဒသကြီးအစိုးရက ကောက်ခိုင်းတာလို့ပြောတယ်။ တိုင်းဒေသကြီး အစိုးရ ဘယ်လို ကောက်ခိုင်းတာလည်းဆိုတော့ ၂၀၁၄ သန်ခေါင်စာရင်းကောက် ကွက်မြေပုံအရ ဒီမဟာဓာတ်အားလိုင်း၊ ရထားသံလမ်းဘေး၊ ကားလမ်းေ ဘး၊ နောက်ပြီးတော့ ဂျိုးဖြူ ရေပိုက်လိုင်း၊ အစိုးရပလပ်မြေ၊ အစိုးရပိုင်မြေ အဲ့ဒီဟာတွေအကုန်လုံးကို ကျူးကျော်အဖြစ် သတ်မှတ်တယ် ဆိုပြီး ကောက် တာလို့ပြောတယ်။ ဘယ်အဖွဲ့အစည်းတွေ ကောက်တာလည်းမေးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က နှစ်ယောက်ပါတယ်။ ရပ်ကွက် NLD က နှ စ်ယောက်ပါတယ်။ ရပ်ကွက်နှစ်ယောက်က ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အ ကူပြု အဖွဲ့လို့ပေးထားတယ်။ သူတို့ဘာသာ ကျူးကျော်လို့ သတ်မှတ် လိုက်ပြီးတော့ စလစ်ထုတ်ပေးတာ။ ဒါတွေကို ဘယ်လိုပုံစံမျိုးပြန်ပြီး စီစဉ်ပေး မှာ လဲမေးတော့ အစိုးရက ကျူးကျော်အတွက် တိုက်ခန်းတွေ ဆောက်ေ နတယ်။ အဲဒီတိုက်ခန်းတွေမှာ အစားထိုးပြန်ပေးမှာ ပြောတယ်။ အစားထိုး တိုက်ခန်းတွေက ဘယ်ကတိုက်ခန်းတွေလဲ၊ ဘယ်တော့လောက် ပြန်ပေး မှာ လဲဆိုတော့ သူတို့ဘာမှမသိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သေချာရေ ရာ တဲ့ ပြောဆိုရှင်းပြမှုမရှိဘူး။ အစ်မတို့ မြေနေရာက အစိုးရပိုင်မြေ မဟုတ်ဘူး။ ပုဂ္ဂလိကပိုင်ဥယျာဉ်ခြံမြေ၊ ဒီနေရာမှာ အစိုးရမဟာဓာတ်အားလိုင်း ရှိတယ်။ ဖယ်ကိုဖယ်ပေးရမယ်ဆိုတာကိုတော့ လက်ခံတယ်။ ဖယ်ပေးမယ်လို့ပြောတဲ့ အချိန်မှာ အစိုးရက လမ်းဘေးကကျူးကျော်နဲ့ တစ်တန်းတည်း မထားသင့်ဘူး။ အစိုးရပိုင်မှာ ကျူးကျော်နေတဲ့သူတွေကို ကျူးကျော်လို့ သတ်မှတ်တာ လက် ခံတယ်။ စဥ့်ငူရပ်ကွက် န၀ရတ်လမ်းသွယ် (၁) မှာ မီးရထားလမ်းဘေး မဟာ ဓာတ်အားလိုင်းရဲ့ ဟိုဘက် ၂၅ ပေ ဒီဘက် ၂၅ ပေ အကျုံးဝင်တဲ့အိမ်ခြေက ၃၀ နီးပါးလောက်ရှိတယ်။ နောက်ပြီးတော့ စဥ့်ငူရပ်ကွက်တစ်ခုလုံးမှာ အစိုးရ ပိုင်မြေတွေမှာ ကောက်ထားတာနဲ့ဆိုရင် အိမ်ခြေ ၄၀၀ ကျော်ရှိတယ်” ဟု အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် န၀ရတ်လမ်းသွယ် (၁) ဒေသခံတစ်ဦးကြေ ပာကြားသည်။
လှည်းကူးကျူးကျော်ဂယက်
ရန်ကုန်-မန္တလေး အမြန်လမ်း ၃ မိုင်မှ ၅ မိုင်ဝန်းကျင်ရှိ လှည်းကူး မြို့နယ် အတွင်း ကျူးကျော်ဟု သတ်မှတ်ထားသည့် တဲအိမ်လေးထောင်ခန့်အား ဇွန် ၁၂ ရက် နံနက် ၁၀ နာ ရီခန့်မှစတင်ကာ လူအင်အား ၁၅၀၀ ၀န်းကျင်ဖြင့် စတင်ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေနေရာမှာ နိုင်ငံတော်ပိုင် မြေဖြစ်ပြီး ယခင်က လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး စီမံကိန်းလုပ်ကိုင်ခဲ့ကြောင်း၊ ယင်းနောက် စိုက်ပျိုးရေးစီမံကိန်း မအောင်မြင်သဖြင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုပြါေ မနေရာအား စီမံကိန်းတစ်ခု လုပ်ဆောင်ရန် တာဝန်ယူခဲ့ရပြီး ယခုကဲ့သို့ ကျူးကျော်များကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ယခုဖျက်သိမ်းသည့် ကျူးကျော် များမှာလည်း စီးပွားရေးအရကျူးကျော်သည့် ကျူးကျော်များဖြစ်ေ ကြာင်းေ ဆာက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
၎င်းက “ဒီမြေက ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ တာဝန်ယူ ထိန်းသိမ်းထားတဲ့ နိုင်ငံတော်ပိုင် မြေဖြစ်ပါတယ်။ ယခင်တုန်းကလည်း ဒီနေရာတွေက နိုင်ငံတော်ပိုင်မြေအဖြစ်နဲ့ ရှိနေတယ်။ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနကနေ ပြီးတော့မှ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဖို့ဆိုပြီးတော့ နိုင်ငံတော် မူဝါဒအရ လုပ်ကိုင်ဆောင် ရွက် ရပါတယ်။ ဆောင်ရွက်နေရင်းနဲ့ လက်ရှိမြေသားအနေအထားအရ စိုက်ပျိုးေ ရးလုပ်မယ့် စီမံကိန်းတွေနဲ့ အဆင်မပြေဘူး ပေါ့နော်။ လုပ်မယ့်ကိုင်မယ့် ကုမ္ပဏီနဲ့ဖက်စပ်ပြီး လုပ်လိုက်တာပေါ့။ လုပ်လိုက်တဲ့အခါမှာလည်း အဆင် မပြေဘူးပေါ့။ မပြေတဲ့အခါကျတော့ အသီးအနှံရဲ့ထွက်တိုး၊ ဘာညာတွေက ရင်းနှီးမြှုပ်နှံသလောက်လည်း အခြေအနေမကောင်း ဘူးပေါ့လေ။ မြေအနေ အထားက မပေးဘူး။ မပေးတဲ့အခါကျတော့ အဲဒါတွေကို ရပ်ဆိုင်းပြီးတော့မှ ပြီးခဲ့တဲ့ အစိုးရလက်ထက်ပဲဆိုရမှာပေါ့။ အဲဒီမှာ နိုင်ငံတော်စီမံကိန်းအဖြစ်နဲ့ သတ်မှတ်ပြီးတော့မှ ဒီမှစီမံကိန်းလုပ်မယ့် အနေအထားလေးပဲ ဖြစ်ပါတယ်။ စီမံကိန်းကတော့ လူတွေနေထိုင်ဖို့ပါပဲ။ အဓိက,ကတော့ လက်ရှိဒီမှာ တိုက်ခ န်းတွေပါမယ်။ မြေကွက်တွေပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတကာ အဆင့်မီေ ကျာင်းကြီးတွေ ဆောင်ရွက်မယ်ပြီးရင် ဆေးရုံဆောက်မယ်။ ပြီးလို့ရှိရင် ရီခရေးတစ်စင်တာတွေ လုပ်မယ်။ အနားယူအပန်းဖြေစန်းတွေ လုပ်မယ်။ စားသောက်ဆိုင်တွေ လုပ်မယ်။ ၁၁၅ မိုင်လိုမျိုးပေါ့။ ရန်ကုန်မြို့ကအထွက် ရန်ကုန်မြို့ဝင်လာမယ့်သူတွေအတွက် ကိုလည်း ၁၁၅ မိုင် ဖြတ်သလို နားနားနေနေနဲ့ပေါ့။ လူတွေအပန်းဖြေဖို့အတွက် ဂေါက်ကွင်းတွေလည်း ပါဝင်မယ့်အနေအထားတွေ ရှိပါတယ်။ လက်ရှိ လှည်းကူးမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃/ ၄ ကနေပြီးတော့ ၅/ ၄ အထိပေါ့။ ဘယ်ဘက်ခြမ်းရယ်၊ ညာဘက်ခြမ်းရယ်ပေါ့။ အားလုံးစုစုပေါင်း ၁၄၅၃ ဒသမ ၇ ဧက ပေါ့။ အဲဒီအပေါ်မှာ စီမံကိန်းဆောင် ရွက်သွားမှာ ဖြစ် တယ်။ လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လမ်း ညွှန်မှုနဲ့ နိုင်ငံတော်စီမံကိန်း လုပ်မယ်ဆိုတော့ တာဝန်ပေးအပ်ခံရတဲ့ ဌာနဆိုင်ရာ၊ အဓိက,ကတော့ ကိုယ်တို့က မြေရှင်သဘောမျိုးပေါ့။ ဆောက် လုပ်ရေးဝန်ကြီးဌာနက နိုင်ငံတော်ပိုင်မြေတွေကို ထိန်းသိမ်းဆောင်ရွက် ဖို့ မြေရှင်ဌာနအနေနဲ့ ဆောင်ရွက်ပေးတဲ့ အနေအထားလေး ဖြစ်ပါတယ်။ လက်ရှိအနေအထားရတော့ ဒီမြေယာမှာ တရားမ၀င် လာရောက်နေထိုင်တဲ့ သူတွေဟာ စီးပွားရေးအရ ကျူးတွေဖြစ်နေတယ်။ စီးပွားရေးအရ ကျူးတွေဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ သူတို့ကိုတော့ အစ်ကိုတို့က ဖယ်ရှားရမယ့်သဘော ဖြစ်နေတယ်။ စီမံကိန်းလုပ်ကိုင်ဆောင်ရွက်ဖို့ အရင်ကအတွေ့အကြုံတွေအရ စနစ်တကျဆောင်ရွက်မှာပါ။
အစုအဖွဲ့လေးနဲ့ အသေအချာရှင်းလင်းသွားမယ့် အနေအထားပေါ့။ စက်ယန္တရားတွေနဲ့ မလုပ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကလည်း ဒီအစိုးရတက်လာတော့ ဘူဒိုဇာအစိုးရမဟုတ်ဘူးဆိုပြီး ပြောခဲ့တာရှိတယ်။ စက်ယန္တရားတွေ မသုံးဘဲနဲ့ တည်ဆောက်ထားတဲ့ တချို့တွေက ခိုင်ခိုင်မာမာ လုပ်ထားတာတွေ့ပါတယ်။ လူအင်အားနဲ့ပဲ ဖယ်ရှားပေါ့။ ချိန်းစောတို့၊ ဘာတို့နဲ့တော့ ဖျက်သင့်ဖျက်ရမှာပေါ့။ အချိန်အတိုင်းအတာတစ်ခုတော့ ရှိနေတာပေါ့။ သူတို့ကိုတော့ မနက်တည်းက အချိန်ပေးထားပါတယ်။ သူတို့ပစ္စည်းတွေ လာရောက်သိမ်းဆည်းဖို့ အခုကြေညာနေပြီ။ အဲဒီအတွက် အချိန်ပေးထားတယ်။ အရင်တုန်းကဆိုရင်တော့ မိုးလင်းတာနဲ့ ပစ္စည်းသိမ်းဖို့ အချိန်လေးပေးလိုက်တာပေါ့။ ပြီးတဲ့အခါကျရင်တော့ စက်ယန္တရားတွေသုံးပြီးတော့ အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်ရတာပေါ့။ အခုဟာကတော့ ညင်ညင်သာသာနဲ့ပဲ ပွင့်ပွင့်လင်းလင်း သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး တရားဝင် သတင်းယူခိုင်းပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ယခင်တုန်းကတော့ ၂၀၀၀ ကျော်လောက်ဘဲ ရှိတာပေါ့။ ၂၄၀၀ လောက်ပဲရှိတာ” ဟု ပြောကြားသည်။
အဆိုပါ အိမ်ခြေများကို ဇွန် ၁၂ ရက်တွင် စတင်ဖယ်ရှားခဲ့ပြီး ယင်းနေ့တွင် အိမ်ခြေ ၂၀၀ ကျော်၊ ဇွန် ၁၃ ရက်တွင် အိမ်ခြေ ၃၀၀ ကျော်၊ ဇွန် ၁၄ ရက်တွင် အိမ်ခြေ ၅၀၀ ကျော် ဖြိုဖျက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ မြေနေရာအား စီမံကိန်းတစ်ခုဆောင်ရွက်ရန် Alliance Star ကုမ္ပဏီကိုတာ ၀န်ပေးထားကြောင်း သိရသည်။
ကျူးစလစ်က ဘာအတွက်လဲ
“ရှင်းရှင်းပြောရရင် ရန်ကုန်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာေ ထွအုပ်တွေက လုပ်တာပေါ့။ သူတို့တွေက လုပ်တဲ့အခါ ကျူးဆိုတဲ့ဖွင့်ဆိုချက် က ဘာတွေလဲဆိုတာ အတိအကျသိဖို့လိုတာပေါ့။ ကျူးစားရင်ထဲမှာ တချို့က ကျူးမဟုတ်တဲ့သူတွေကို ကျူးလို့ကောက်တယ်လို့ ကျူးလုပ်နေတဲ့ သူတွေကို ကျူးမကောက်သွားဘူးဆိုတဲ့ ပြဿနာတွေရှိတယ်။ နံပါတ် (၁) အရေးကြီး တာ က ဘယ်လိုအနေအထားမျိုးက သူတွေကို ကျူးလို့သတ်မှတ်မှာလဲဆိုတာ အရင်ဦးဆုံး ပြည်သူတွေနားလည်အောင်ရှင်းပြဖို့က အရေးကြီးတာ။ အစိုးရ အဖွဲ့က ထွေအုပ်တွေနဲ့ ချိတ်ဆက်ပြီးလုပ်တယ်။ စလစ်တွေပေး တယ်။ေ ကာက်တယ်ဆိုတဲ့အပေါ်မှာ ဒါတွေက အပြီးသတ်ကြီး မဟုတ်သေးပါဘူး။ စာရွက်စာတမ်း စစ်ဆေးဖို့တွေ စမတ်ကတ် ထုတ်ပေးဖို့ကိစ္စတွေက ရှိကြ ဦးမှာ။ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ သူတွေကိုတော့ ပြောထားတယ်။ ခင်ဗျား တို့ သဘောဆန္ဒပဲ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ကျူးလို့ခံယူတယ်ဆိုရင် ကျူးလို့စာရင်းပေးလိုက်၊ ကျူးလို့မခံယူချင်ဘူးဆိုရင် ကျူးမဟုတ်ပါ ဘူးဆို တာကို ပြောလိုက်၊ နောက်နောင်မှာဖြစ်လာမယ့် ကျူးနဲ့ပတ်သက်တဲ့ အခွင့် အရေးတွေနဲ့ပတ်သက်ပြီး ခံယူထားတဲ့သူက အခွင့်အရေးရမယ်။ မခံယူထား တဲ့သူက အခွင့်အရေးမရဘူး။ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့က ဒီေ လာက်ပဲပါဝင်လို့ရမယ်။ ကျန်တာကတော့ အစိုးရအဖွဲ့မေးမှ အဖြေတစ်ခုပေါ်လိမ့်မယ်။ အင်းစိန်မှာတော့ ကျူးစာရင်းက ခန့်မှန်းခြေ ၃၀၀၀ ၀န်းကျင်လောက်ရှိနိုင်တယ်။ အဓိက,က ၀န်ကြီးချုပ်ကလည်း ပြောဖူးတာရှိတယ်။ ကျွန်တော်တို့ဆီမှာ နေရေးထိုင်ရေး အခက်အခဲရှိနေတဲ့ မိသားစုတွေ၊ ရွှေ့ပြောင်းနေတဲ့သူတွေကို အဆင်ပြေအောင်ဆိုပြီး တန်ဖိုးနည်းအိမ်ရာတွေ ချထားပေးဖို့အစီအစဉ်တွေက ရေရှည်စီမံကိန်းရှိတယ်ပေါ့။ ဘယ်သူတွေက နေရာထိုင်ခင်း အခက်အခဲဖြစ်နေလဲ၊ ဘယ်သူတွေက အိုးမဲ့အိမ်မဲ့ ဖြစ်နေလဲဆိုတာကို အရင်စာရင်းကောက်မှာပေါ့။ စာရင်းတွေ စိစစ်ပြီးတော့မှ နေရာချထားရေးလုပ်မှာ။ သေချာပြောကြေးဆိုရင်တော့ နေစရာမရှိတဲ့သူတွေကို နေရာထိုင်ခင်းပေးမယ်ဆိုရင် ကောင်းသောအလုပ်တစ်ခုပါပဲ”ဟု အင်းစိန် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။
ယခုကဲ့သို့ ကျူးကျော်စာရင်းများ ကောက်ယူရာတွင် နေရာထိုင်ခင်း မရှိခြင်းကြောင့် ကျူးကျော်နေထိုင်ကြရသူများကို အစိုးရတစ်ရပ်၏ တာဝန်ဝတ္တရားအရ ဆောင်ရွက်ပေးခြင်းလား၊ လက်ရှိ ဖြစ်ပေါ်နေသည့် မြေယာအငြင်းပွားမှုများကို ဖြေရှင်းလိုသည့် အတွက်ကြောင့် လုပ်ဆောင်ခြင်းလော၊ မြေပိုင်ဆိုင်မှုများကို သတ်သတ်မှတ်မှတ်ရှိစေချင်သည့် အတွက်ကြောင့် လုပ်ဆောင်ခြင်းလားဆိုသည့် မေးခွန်းများမှာ ကျူးကျော်စာရင်းသွင်းခံရသူများ မေးမြန်းချင်နေသည့် မေးခွန်းဖြစ်နေပြီး လက်ရှိလုပ်ဆောင်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး အားလုံးက ရှင်းရှင်းလင်းလင်း မသိရှိကြပေ။
“လက်ရှိ မင်္ဂလာဒုံမှာ ကျူးစာရင်းကောက်နေတာ ခန့်မှန်းခြေ ၆၀၀၀ နဲ့ ၆၀၀၀ ကျော်လောက်မှာ ရှိတယ်။ တနင်္လာနေ့အထိ ကောက်သွားမှာ။ မပြီးရင် အင်္ဂါနေ့အထိကောက်မှာ ဖြစ်တယ်။ မင်္ဂလာဒုံမှာ ကျောက်ကုန်းရပ်ကွက်ရယ်၊ တိုးချဲ့ရပ်ကွက်ရယ်၊ ရွှေနံသာရပ်ကွက်တွေမှာ ကောက်နေတယ်။ ကျူးကျော်စာရင်းကောက်တာက အိမ်ရာမြေ ပြန်လည်ရရှိရေးအတွက်ကို သုတေသနလုပ်တာ။ ဒါပြည်သူ တွေအတွက်တော့ ကောင်းတာပေါ့။ တကယ်ဆောင်ရွက်နိုင်မယ် ဆိုရင်ကောင်းတာပေါ့၊ လက်တွေ့ ကျမကျတော့ ကြည့်ရမှာပေါ့၊ နေရာတိုင်းမှာတော့ စီးပွားဖြစ်ကျူးတွေ ရှိတယ်။ အိမ်ရှင်အိမ်ငှားဆိုရင် အိမ်ရှင်ကိုတော့ မကောက်ဘူး။ အိမ်ငှားကိုပဲ ကျူးစာရင်းကောက်တယ်။ ကျွန်တော်တို့ဆီမှာ စလစ်ကလည်း မထွက်သေးဘူး။ အခြားအသံတွေ မထွက်သေးဘူး။ ကျူးအနေနဲ့ ပြောသံကြားတာက အမှန်တကယ် မြန်မာနိုင်ငံသားဖြစ်ပြီးတော့ နေစရာမရှိတဲ့ ဆင်းရဲသားတွေကို နေရာထိုင်ခင်းပေးဖို့ လုပ်နေတာ” ဟု မင်္ဂလာဒုံမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ဝန်းကျင်တွင် ကျူးကျော်များအတွက် အိမ်ရာများ အပါအ၀င် အိမ်ရာစီမံကိန်းများကို စတင် တည်ဆောက်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားမှုများ ရှိခဲ့သော်လည်း ယခုလက်ရှိအချိန်အထိ အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် စာရင်းသွင်းခံထားရသည့် ကျူးကျော်များ အခက်တွေ့နေကြကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီးကာလကို ရောက်ရှိလာပြီ ဖြစ်သည်။ ယင်းကဲ့သို့ တစ်နှစ်ပြည့်ပြီးကာလတွင် သက်ဆိုင်ရာ အစိုးရ အဖွဲ့အနေဖြင့် ကျူးကျော်စာရင်း ကောက်ယူခြင်းကိစ္စမှသည် ရှင်းလင်းခြင်းအဆင့်သို့ တက်လှမ်းလာသည်ကို တွေ့ရသည်။ သို့သော်လည်း လက်ရှိအထိကျူးကျော်များနှင့် ပတ်သက်ပြီး မည်သည့်နေရာတွင် နေရာချထားပေးပြီး မည်ကဲ့သို့ အစီအစဉ်များ ဆောင်ရွက်ပေးမည်ဆိုသည့် အာမခံပြောကြားမှုများ မရှိသေးသည့်အတွက် ကျူးကျော်စာရင်း သွင်းခံထားရသူများ၊ စလစ်ကိုင်ဆောင်ထားရသူများမှာ နေရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်ဟု ဆိုကြသည်။ ထို့ပြင် ကျူးကျော်စာရင်းသွင်းခံထားရသူများ အနေနှင့် ထန်းတပင်တွင် ပြန်လည်နေရာချပေးမည်ဟု သတင်းထွက်ပေါ်လာမှုများကိုလည်း အတည်ပြုရန် ခက်ခဲနေသည်ဟု ဆိုကြသည်။
ထို့ကြောင့် ကျူးကျော်နေထိုင်သူများ အနေဖြင့် စီးပွားဖြစ် ကျူးကျော်များကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ပြီး မိမိတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးမည်ဆိုသည့် အစီအစဉ်ကဲ့သို့ မနက်ဖြန်များအတွက် နေရေးအခက်အခဲ ပဟေဠိ ပုစ္ဆာကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်းပေးရန် များစွာလိုလားနေကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Credit: Eleven Media Group