မင်းတုန်းမြို့နယ်အ တွင်း စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ ရယူထားခဲ့သော မြေ ဧက ၁၄,၀၀၀ ကျော်ကို နိုင်ငံတော်မှ စီမံခန့်ခွဲခွင့်ရှိသော မြေအဖြစ် ပြန် လည် သိမ်းယူရန် ရှိ၊မရှိနှင့်မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ဇွန်လ ၂၈ ရက်က ကျင်းပသည့်မကွေးတိုင်းလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက မေးမြန်းခဲ့သည်။
အဆိုပါမြေဧက ၁၄,၀၀၀ ကျော်အနက် ၈,၉၆၈ ဧကကို MYANMAR GOLDEN STAR ကုမ္ပဏီက စစ်အစိုးရလက်ထက် ၁၉၉၉ ခန့်က မြေလွတ်ြေ မရိုင်း ဖော်ထုတ်ရေး စီမံကိန်းများအရ ရယူခဲ့ပြီး ယင်းဧကများအနက် ဧက ရှစ်ရာခန့်တွင် တောင်သူနှင့် အကျိုးတူစိုက်ပျိုးခြင်း၊ ကိုယ်ပိုင် စိုက်ခင်းထူေ ထာင်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း အဆိုပါလွှတ် တော် ကိုယ်စားလှယ် က ပြော ကြားသည်။
အမှတ် (၁) စက်မှုဝန်ကြီး ဌာနကလည်း မင်းတုန်းမြို့နယ်ရှိ မြေဧကပေါင်း ၆,၀၀၀ ကို ၂၀၀၄က သီးနှံစိုက်ပျိုးရန်ဟု ဆိုကာ ရယူထားခဲ့သော်လည်း ယနေ့အ ချိန်အထိ တစ်စုံတစ်ရာစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဟုဆိုသည်။
၂၀၁၆ နိုဝင်ဘာက ပြည် ထောင်စုအစိုးရအဖွဲ့ မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ ရေးဗဟိုကော်မတီ ညွှန်ကြားချက် အရ မကွေးတိုင်းအတွင်း စိုက် ပျိုး လုပ်ကိုင်ခွင့်ရယူထားသော ကုမ္ပ ဏီများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက များအနက် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသည့် မြေဧကနှင့် စိုက်ပျိုးလုပ် ကိုင်အသုံးပြုခြင်း မရှိသည့်မြေစာရင်းများကို စိစစ် ၍ ပြန်လည်တင်ပြထားေ ကြာင်း မကွေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစိုးမြင့်က ဖြေကြားသည်။
ဗဟိုကော်မတီသည်အသုံး ပြုခြင်း၊ စိုက်ပျိုးခြင်းမရှိဘဲရယူ ထားသောမြေ များကို ပြန်လည် သိမ်းဆည်းရန် ညွှန်ကြားပါက တိုင်းအစိုးရအဖွဲ့အနေဖြင့် တည် ဆဲဥပဒေများနှင့်အညီ ဆောင် ရွက်မည်ဖြစ်ကြောင်းပြောသည်။
‘‘အမှန်တကယ်စိုက်ပျိုးလုပ် ကိုင်ခြင်းမရှိတာတွေကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး နိုင်ငံတော်က စီမံခန့်ခွဲခွင့်ရရှိမယ်ဆို ရင် သစ်တောသစ်ပင်တွေ ပိုမိုထူ ထောင်လာနိုင်မှာဖြစ်ပြီး မူလ လက်ငုတ်လုပ်ကိုင်ခဲ့တဲ့ ဒေသခံ တောင် သူတွေကို လုပ်ကိုင်ခွင့် ပြန်လည် ပေးအပ်သင့်တယ်ဆို ရင်လည်း ပေးအပ်နို င်မှာဖြစ်ပါ တယ်။ ဒီလိုဆောင်ရွက်မယ်ဆို ရင် မင်းတုန်းနယ်အတွင်းမှာ သစ် တောဌာနက ဆောင်ရွက်နေတဲ့အ ပြောင်ရှင်းသစ်တောထူထောင် ရေးကြောင့် ဌာနနဲ့ တောင်သူတွေ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုလည်း အထိုက်အေ လျာက်ဖြေလျှော့နိုင် မှာဖြစ်ပါတယ်’’ ဟု ဦးအေးလှိုင် ဦးကပြောသည်။
Credit: 7DayDaily