ရန်ကုန်မြို့တွင်းရှိ ကွန်ဒိုတိုက်ခန်းများဈေးကွက်အတွင်းတစ်စတုရန်းပေလျှင် အနိမ့်ဆုံး၂၂၀ဒေါ်လာဖြင့်ဈေးကွက်အတွင်းအရောင်းအ၀ယ်ဖြစ်နေကြောင်းသတင်းရရှိသည်။
ယခု ၂၀၁၇ ဇွန်လအတွင်းတွင် အဆိုပါဈေးနှုန်းများဖြင့် ရန်ကုန်မြို့လယ်ရှိ ကွန်ဒိုတိုက်ခန်းများဈေးကွက်တွင် လျှော့ချရောင်းချလာခြင်းဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။
အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများတည်ဆောက်မှုများပြားလာသည့် ရန်ကုန်တွင် လက်ရှိ တွင် လျှော့ချရောင်းချနေခြင်းဖြစ်သည်။
တစ်စတုရန်းပေလျှင် ယခင် ဒေါ်လာ ၃၀၀၀န်းကျင်နှင့် ၂၅၀ကြားဖြင့်ရောင်းချ ခဲ့ရာ မှ ယခုကဲ့သို့ ဈေလျှာ့ပြီးရောင်းချ လာခြင်းဖြစ်သည်။
လက်ရှိတွင် ကွန်ဒိုဥပဒေမှာ ထွက်ရှိလာပြီဖြစ်သော်လည်း နည်းဥပဒေထွက်ရှိလာခြင်း မရှိသောကြောင့် နိုင်ငံခြားသားများကို ရောင်းချရန်ပြင်ဆင်ထားသည့် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ အခက်တွေ့နေရသည်။
အထူးသဖြင့် ဆောက်လုပ်ဆဲကွန်ဒိုများအရောင်းအ၀ယ်ကျ
ဆင်းနေရာမှ လျှော့ဈေး အချို့ဖြင့် ရောင်းချခြင်း၊ အရစ်ကျဖြင့်
ရောင်းချခြင်းများရှိသော်လည်း အရောင်းအ၀ယ်
ကျဆင်းနေဆဲဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
လက်ရှိလုံးချင်းများရှိသော ဗဟန်း၊ ရန်ကင်းနှင့် တောင်ဥက္က လာပကဲ့သို့ မြို့နယ်များတွင် နေ ရာပေါ်မူတည်၍ ကျပ် သိန်း ၇၀၀ မှ သိန်း ၅,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး ယခင်နှစ်က ဈေးနှုန်းများအတိုင်းပင် ကျဆင်းလာခြင်း မရှိပေ။
လှိုင်၊ စမ်းချောင်း၊ တာမွေ မြို့နယ်များတွင် ရပ်ကွက်များအတွင်း ဆောက်လုပ်ပြီးစီးသွား သည့် ကန်ထရိုက်တိုက်အရေအ တွက် များပြားလာပြီး အမှန်တ ကယ်နေထိုင်မည့်သူများသာ အ များဆုံးဝယ်ယူကြကာ ဈေးကစား သူများ ၀ယ်ယူမှု လျော့ကျလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com