အပင်တွေနဲ့ ဖုံးလွှမ်းထားတဲ့ မိုးမျှော်တိုက်တွေကို ဖန်တီးခဲ့တာကြောင့် လူသိ များခဲ့တဲ့ အီတလီနိုင်ငံသား ဗိသုကာပညာရှင် စတီဖာနိုဘိုရီဟာ လေထု ညစ် ညမ်းမှု တိုက်ဖျက်ဖို့အတွက် Liuzhou Forest City ကို တရုတ်နိုင်ငံမှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။
Liuzhou Forest City မှာ အခြေချသူ ၃၀,၀၀၀ အတွက် အိမ် တွေ တည်ေ ဆာက်ပေးမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြီးသတ်ဖို့ အရှိန်အဟုန်နဲ့ လုပ်ကိုင် သွားမယ်လို့ စတီဖာနိုဘိုရီရဲ့ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုပြဿနာဟာ နာမည်ဆိုးနဲ့ ကျော်ကြားေ နပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့ပြဧရိယာတွေရဲ့ မြူမှုန် ထူထပ်မှုဟာ တော မီးလောင်တဲ့အခါမှာ မြင်တွေ့ရတဲ့ ပမာဏထက် များပြားပါတယ်။ မီးခိုးမြူေ တွကြောင့် သေဆုံးမှုဟာ နိုင်ငံတွင်းသေဆုံးမှုရဲ့ သုံးပုံတစ်ပုံရှိပါတယ်။ လေ ထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၁.၁ သန်း သေဆုံးနေတယ်လို့ သိရ ပါတယ်။ ဒါကြောင့် တရုတ်အစိုးရဟာ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ ဆန်းသစ်တီထွင်မှုအရှိဆုံးနည်းလမ်းကို ရှာဖွေနေပါတယ်။
Fores City ကို လင်ကျိုမြို့ လျူမြစ်ကမ်းနံဘေးက ၁၇၅ ဟက်တာ အကျယ် အဝန်းရှိတဲ့ မြေပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Forest City စီမံ ကိန်း အဆောက်အဦတွေ၊ လမ်းတွေနဲ့ ပန်းခြံတွေမှာ အပင်မျိုးစိတ် ၁၀၀ ကျော်က သစ်ပင် ၄၀,၀၀၀ နဲ့ အပင်ငယ် ၁ သန်းနီးပါး ထည့်သွင်း စိုက် ပျိုးသွားမှာဖြစ်ပါတယ်။ အဲဒီအပင်တွေက နှစ်စဉ် အန္တရာယ်ရှိတဲ့ လေထု ၅၇ တန်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၀,၀၀၀ နီးပါးကို စုပ်ယူပေးနိုင် ပြီး အောက်စီဂျင် တန် ၉၀၀ ထုတ်လုပ်ပေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် Forest City နဲ့ လင်ကျိုမြို့ကို မြန်နှုန်းမြင့် လျှပ်စစ်စွမ်းအင်သုံး ရ ထားလမ်းနဲ့ ချိတ်ဆက်သွားမှာပါ။ ရထားအတွင်း လေအေးပေးစက်အတွက် သဘာဝအပူစွမ်းအင်နဲ့ လျှပ်စစ်စွမ်းအင်အတွက် ဆိုလာပြားတွေ အသုံးပြု သွားမှာ ဖြစ်ပါတယ်။ ရထားပတ်ပတ်လည်က လေထုကို အပင်ငယ်တွေက သန့်စင်ပေးနိုင်ပါတယ်။ အဲဒီအပင်ငယ်တွေဟာ ဆူညံသံမဖြစ်အောင် တား ဆီးပေးသလို တိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ အင်းဆက်တွေအတွက်လည်း ခိုလှုံရာ ဖြစ်လာမယ်လို့ သိရပါတယ်။
Credit: Internet Journal