မြန်မာနိုင်ငံတွင်းသို့ ဖွံ့ဖြိုးမှုအကူအညီများ ဝင်ရောက်လာမှုသည် ပိုမိုလာလျက်ရှိပြီး ဒေသတွင်း နိုင်ငံများကြားတွင် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အများဆုံး
ရရှိသည့် ထိပ်တန်းနှစ်နိုင်ငံတွင် ပါဝင်လျက်ရှိကြောင်း UNDP ၏ ဌာနေညွှန်ကြားရေးမှူး Peter Batchelor က ပြောသည်။
ဇွန် ၁၄- နှင့် ၁၅ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် Aid and Development Forum Asia Summit တွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
၎င်းက ''၂ဝ၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာနှစ်ဘီလျံလောက်
အထိ ဖွံ့ဖြိုးမှုအကူအညီတွေ ရရှိနိုင်ပါတယ်။ ဖွံ့ဖြိုးမှုအကူအညီတွေ၊ ကုန်သွယ်မှုတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ အများကြီးအထောက်အကူ
ပြုပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ထောက်ပံ့ကြေး အများဆုံးရရှိသည့်နိုင်ငံဖြစ်ကြောင်း ၄င်းကပြောသည်။
''တချို့အထောက်အပံတွေက grants ပုံစံနဲ့ များပါတယ်။ ဗီယက်နမ်ကတော့ သီးခြားပုံစံနဲ့ အထောက်အပံ့ရရှိတာဖြစ်ပြီး ချေးငွေ ၂ ဒသမ ၄ ဘီလျံလောက်ထိ ရရှိထားတယ်''ဟု ၄င်းက ပြောသည်။
ပြုပြင်ပြောင်းလဲမှုများစတင်ခဲ့သည့် ၂ဝ၁၁ ခုနှစ်ကစတင်တာ မြန်မာနိုင်ငံတွင်းသို့တရားဝင်
ဖွံ့ဖြိုးရေးအကူအညီများ စီးဝင်မှု တစ်ရှိန်ထိုးတိုးတက်လာပြီး ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်ကြားကာလတစ်ခုတည်းတွင် ၉ဝ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ၂ဝ၁၉ ခုနှစ်အလွန်အထိ ဆက်လက်တိုးမြှင့်ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။
အစိုးရသစ်သည် ဖွံ့ဖြိုးမှုအကူအညီ အမှန်တကယ်လိုအပ်သော စီမံကိန်းအချို့ကို သတ်မှတ်ပြီးဖြစ်ကာ ယင်းစီမံကိန်းများတွင် အခြေခံအဆောက်အအုံ၊ အလုပ်အကိုင်ဖန်တီးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်း ၂ဝ၁၆
ခုနှစ် ဒီဇင်ဘာလလယ်တွင် ကျင်းပခဲ့သော ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) နှင့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များအဖွဲ့ (CPG) ပထမအကြိမ်အစည်းအဝေးတွင်
ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ဦးထွန်းထွန်းနိုင်က ပထမအဆင့်အဖြစ် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံတကာအထောက်အပံ့များကို လူထုထံသို့ အမြင့်ဆုံးအကျိုး
အမြတ်ရရှိသည်အထိ ထောက်ပံ့နိုင်ရန်အတွက် အာမခံနိုင်ပြီဖြစ်ကြောင်း ပြောသည်။
ဒုတိယအဆင့်တွင် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ အမျိုးသားအဆင့် မူဝါဒကို ရေးဆွဲချမှတ်ရန်
ဖြစ်ပြီး လက်ရှိအချိန်တွင် မူဝါဒကြမ်းကို အပြီးသတ်ရေးဆွဲသည့် အဆင့်သို့ရောက်နေပြီဖြစ်
ကာ မကြာမီတွင် မိတ်ဖက်အဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးသွားမည်ဟု ဦးထွန်းထွန်းနိုင်ကပြောသည်။
''တတိယခြေလှမ်းအဖြစ် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များကို အစိုးရ၏ ပင်မဦးစားပေးကဏ္ဍ ၁ဝ ခုကို အဓိကထားဖွဲ့စည်းသွားဖို့ ပြင်ဆင်နေတယ်''ဟု ၄င်းကပြောသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားတွင် ဖွံ့ဖြိုးမှု အကူအညီများကို သံသယဖြင့် ရှုမြင်လာကြပြီးမြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာအထောက်အပံ့ များသည် ဒေသခံများထက် ဖွံ့ဖြိုးရေးဆောင်ရွက်နေသော ကြားခံအဖွဲ့အစည်းများ၏ အကျိုးအမြတ် ရရှိရေးကိုသာ ဦးစားပေးလျက်ရှိသည်ဟု ဝေဖန်မှုများ ရှိနေသည်။
''မြေပြိုနေရာ ဒါမှမဟုတ် ရေကြီးတဲ့နေရာက ထိခိုက်နစ်နာသူတွေကို တိုက်ရိုက်ငွေပေးဖို့က မဖြစ်နိုင်ပါဘူး။ အလှူရှင်တွေကလည်း ဒေသခံတွေရဲ့ ငွေကြေးစီမံခန့်ခွဲနိုင်မှု မရှိခြင်းနဲ့ စာရင်းအင်း ပြန်အပ်နိုင်ခြင်း မရှိခြင်းတို့အတွက် အတွေ့အကြုံရှိ ကြားခံအကူအညီပေးရေး အဖွဲ့တွေကိုပဲ ကျေကျေနပ်နပ်နဲ့ ငွေကြေးစီမံခန့်ခွဲခွင့် ပေးထားတာ ဖြစ်ပါ
တယ်''ဟု Helen Keller International မှ အစီအစဉ်ဒါရိုက်တာ ဦးမြင့်လွင်က ပြောသည်။
Credit: Myanmar Times