သန်လျင်မြို့နယ်တွင် သုံးလတာ ကာလအတွင်း ကျူးကျော်အိမ်ထောင်စု ၄၀ဝ၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
သန်လျင်မြို့နယ်တွင် ယခုနှစ် နှစ်ဆန်းပိုင်းအထိ ကျူးကျော်များကို ကောက် ယူထားသည့်စာရင်းမှာ ကျူးကျော်အိမ်ထောင်စု ၆၀ဝ၀ ကျော်ရှိပြီး လက်ရှိ တွင် ကျူးကျော် အိမ်ထောင်စု ၁၀ဝ၀ဝ ခန့်ထိရှိလာကြောင်း သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း က ပြောကြားသည်။
“ကျူးကျော်တွေကို ပထမစာရင်း ကောက်ယူပြီး ကျန်ခဲ့တဲ့သူတွေကို ထွေအုပ် က စာရင်းပြုစုပေါ့။ ကျန်ခဲ့တဲ့သူတွေကို စိစစ်ပြီးတော့ အစိုးရအဖွဲ့ကို တင်ပြေ ပးမယ်။ ကျူးတွေက ဘယ်လို ကျူးတွေလဲဆိုတာ တိုင်းအစိုးရက စိစစ်ပြီး အေ ရးယူ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ထပ်မံတိုးလာသည့် ကျူးကျော်များတွင် စာရင်းကောက်ယူစဉ်က ကျန်ခဲ့သည့် သူများရှိပြီး စီးပွားဖြစ် ထပ်မံတိုးပွားလာသည့် ကျူးကျော်များလည်း ရှိနေေ သာကြောင့် စာရင်းပြုစုကာ စိစစ်၍ အရေးယူနိုင်ရန် တိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းေ ဒသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားသည်။
“သန်လျင်က ကျူးတွေကို အခုနှစ် မတ်လလောက်မှာ စမတ်ကတ် ထုတ်ပေး ပြီးပြီ။ ဝန်ကြီးချုပ်လည်း ပြောထားတယ်။ သတ်မှတ်ရက် နောက်ပိုင်းမှာ ကျူးေ ကျာ်လာခဲ့ရင် တစ်အိမ်ကျူးရင် တစ်အိမ်ဖျက်မယ် ပြောထားတယ်။ အုပ်ချုပ်ေ ရးပိုင်းကိုလည်း ထပ်မံ ကျူးကျော်လာတဲ့သူတွေကို စာရင်းမှတ်ထားပြီး ဓာတ် ပုံတွေ ရိုက်ဖို့ ပြောထားတယ်”ဟု ဦးနေလင်းအောင်က ဆိုသည်။
ယခုလက်ရှိ သန်လျင်မြို့နယ်တွင် ကျူးကျော်အိမ်ထောင်စု ၁၀ဝ၀ဝ ခန့် နေ ထိုင်လျက်ရှိပြီး သန်လျင်ဘုရားကုန်း ကျေးရွာအုပ်စုနှင့် လက်ယက်ကန်းေ ကျးရွာအုပ်စုတွင် အများဆုံးရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးေ ကျာ် အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇,၇၃၈ စု ရှိကာ ကျူးေ ကျာ်နေထိုင်သူ ဦးရေ ၄၃၁,ဝ၅၀ ခန့်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Credit: The Voice