တောင်ကိုရီးယားနိုင်ငံတွင် သုံးနှစ်အတွင်း အတင်းကျပ်ဆုံးဖြစ်သည့် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုကို ဇူလိုင် ၃ (လာမည့်တနင်္လာ) မှစတင်ကာ ပြဋ္ဌာန်းတော့မည်ဖြစ်သည်။
မြို့တော်ဆိုးလ်နှင့် အခြားဒေသအများအပြားတွင် အိမ်ဝယ်ယူမှုဆိုင်ရာ ချေးငွေအားအိမ်တန်ဖိုး၏ ရာခိုင်နှုန်း ၇၀ အထိ ချေးယူခွင့်ရှိခဲ့ရာမှ ရာခိုင်နှုန်း ၆၀ သို့ ထိုနေ့မှစတင်၍
လျှော့ချတော့မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။
တောင်ကိုရီးယားတွင် အစိုးရသစ်က အောင်မြင်ပြီးမှ ရုတ်ချည်းကျဆင်းနိုင်သော အလား
အလာရှိနေသည့် အိမ်ခြံမြေကဏ္ဌကို ဆက်လက်အာရုံစိုက်လာသဖြင့် ယင်းသည်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးသော အိမ်ခြံမြေစည်းမျဉ်းများစွာအနက်
သတိပေးချက်ကာလတိုတောင်းသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။
"အိမ်ခြံမြေဈေးကွက်ပိုပြီးဟော့လာတာ ဈေးတွေအရမ်းမြင့်တက်လာတာကို တွေ့ရတာသေချာတာနဲ့ ကျွန်တော်တို့က အိမ်ခြံမြေဈေးကွက်အထူးထိန်းချုပ်ရေးဇုန်လိုမျိုး
နယ်မြေသတ်မှတ်မှုတွေအပါအ၀င် နောက်ထပ်စည်းမျဉ်းတင်းကျပ်မှုတွေကို ခိုင်ခိုင်မာမာလုပ်သွားမှာပါ" ဟု ဘဏ္ဍာရေးဒုတိယ၀န်ကြီး ကိုဟျောင်ကွမ်က ပြောကြားခဲ့သည်။
အထက်ဖော်ပြပါ အိမ်ချေးငွေပမာဏလျှော့ချသည့် အိမ်ခြံမြေစည်းမျဉ်းသစ်သည် ၂၀၁၄
ခုနှစ် သြဂုတ်လနောက်ပိုင်း အတင်းကျပ်ဆုံးစည်းမျဉ်း ဖြစ်ကြောင်း ဈေးကွက်လေ့လာသူများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
"ဒါပေမဲ့လည်း ဒီစည်းမျဉ်းက တစ်နိုင်ငံလုံးအတိုင်းအတာမဟုတ်ပါဘူး။ အရမ်းဟော့နေတဲ့နယ်မြေတွေမှာပဲ ချမှတ်တာမို့ အဲ့ဒီနယ်မြေတွေက အိမ်ခြံမြေဈေးကွက်တွေမှာပဲအ၀ယ်အေးသွားမှာပါ" ဟု Kiwoom Securities ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၏
စီးပွားရေးပညာရှင် ကင်ယူမီကလည်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ဗဟိုဘဏ်အတိုးနှုန်းမြင့်တက်မှုနှင့်အတူ အိမ်ဈေးနှုန်းများနှင့် အိမ်
ချေးငွေများသည် ၂၀၁၂ ခုနှစ်ကတည်းက စံချိန်တင်မြင့်တက်လာကြသည်။ ဆိုးလ်တိုက်ခန်းများက မတ်လတွင် ပျမ်းမျှဈေးနှုန်း ၀မ် သန်း ၆၀၀ (အမေရိကန်ဒေါ်လာ၅၂၉,၉၂၀) ရှိခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com