ဒက္ခိဏခရိုင် ဥတ္တရသီရိမြို့နယ်မှာ မူလပိုင်ဆိုခဲ့တဲ့ တောင်သူ ၉၀ ကျော်မြေ ယာ စိစစ်ရေးကော်မတီထံကို တိုင်ကြားစာတွေ ရောက်ရှိလာတာေ ကြာင့် ကော်မတီအနေနဲ့ မြေပြင်အထိ ကွင်းဆင်းစစ်ဆေးမှုကို စတင်ပါတယ်။
သွားရောက်စစ်ဆေးရာမှာ နေပြည်တော်ကောင်စီ ကော်မတီဝင်၊ ဒက္ခိဏ ခ ရိုင် မြေစစ်ကော်မတီဝင်၊ တောင်သူလယ်သမားကိုယ်စားလှယ်၊ မြို့နယ် အုပ် ချုပ်ရေးမှူး၊ သစ်တော်ဝန်ကြီးဌာနမှာ တာဝန်ရှိသူတွေ၊ မြေစာရင်းဌာနမှ ၀န် ထမ်းတွေ ပါဝင်ပြီးမြေပြင်မှာ စိုက်ပျိုးမှုရှိမရှိကို ဇွန်လ ၂၆ ရက်နေ့မှ စပြီးြေ မပြင် အထိ သွားရောက်ပြီးကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။
'မူစီမံကိန်းတွေ ဖော်ဆောင်ခြင်းမရှိဘူးဆိုရင် အဲဒီစီမံကိန်းတွေကို နိုင်ငံေ တ်ာက ပြန်သိမ်းမှာဖြစ်ပါတယ်။ သိမ်းပြီးရင်းလုပ်ထုံးလုပ်နည်းနဲ့အညီ မူလေ တာင်သူဆီကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။' သိမ်းပြီးရင် လုပ်ထုံး လုပ်နည်းနဲ့အညီ မူလတောင်သူဆီကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။'
လို့ ဒက္ခဏခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်လယ်ယာမြေပြန် လည် စိစစ်ရေးကော်မတီမှ အဖွဲ့ဝင် ဦးကျော်မြင့်ဦးက ပြောပါတယ်။'
အဲသည်မြေတွေကို အရင်အစိုးရလက်ထက်က ၀န်ကြီးရာထူးနဲ့ အဆင့်ရှိတဲ့ သူတချို့အပါအ၀င် လုပ်ငန်းရှင်တွေက မြေလွှတ်မြေရိုင်းတွေကို အာမခံေ ကြးနဲ့ မြေခွန်မှာ လျောက်လွှာတင်ပြီးမြေယာပေါ်မှာ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
မြေယာဥပဒေအရ သိမ်းဆည်းပြီး လေးနှစ်ကာလအတွင်း လုပ်ငန်းဖော်ေ ဆာင်ခြင်းနဲ့ စီးမံကိန်း အကောင်အထည်ဖော်ဆောင်ခြင်း မရှိဘူးဆိုရင် သိမ်း ဆည်းမြေအဖြစ် ပြန်လည်သိမ်းယူနိုင်မှာဖြစ်တယ်လို့လည်း ထည့်သွင်းေ ဖ်ာပြထားပြီးဖြစ်ပါတယ်။
'တချို့ကျတော့လဲ လျော်ကြေးနည်းလို့ပြန်တောင်းတာရှိသလို လျော်ကြေးမရခဲ့တာတွေလဲ ပါသလို သိမ်းဆည်းထားတဲ့ မြေကွက်ပေါ်မှာ စီမံကိန်းမရှိ တာေ ကြာင့်ပြန်လိုချင်တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ တိုင်စာတွေ ရောက်ရှိလာ တာကြောင့် အခုလိုကွင်းဆင်ပြီး စစ်ဆေးရခြင်းဖြစ်တယ်' လို့ဦးကျော်မြင့်ဦး ကပြောပါတယ်။
ဒက္ခိဏခရိုင် ဥတ္တရသီရိမြို့နယ်မှာ မြေလွတ်မြေရိုင်းပေါ် မှာ လျှောက်ယူ ပြီး စိုက်ပျိုးမြေ ဧကပေါင်း ၄၈၀၀ ကျော်ရှိတယ်လို့လည်းသိရပါတယ်။ အဲသ ည်ြေ မဧကပေါင်း ၄၈၀၀ ကျော်ပေါ်မှာ သီးနှံစိုက်ပျိုးခြင်းရှိမရှိကို စိစစ်သွားမှာဖြစ် တယ်လို့လည်း သိရပါတယ်။
Credit: The Kumudra