မြစိမ်းရောင် ကျေးရွာ စီမံကိန်းအနေနဲ့ စီမံကိန်းမှာ ပါဝင်တဲ့ ဒေသတွေ ကိုေ ချးငွေများ ထုတ်ချေးပေးလျက် ရှိရာမှာ ပြည်သူတွေဆီကနေ ပြန်ဆပ်ချေးငွေ ကျပ်သန်းပေါင်း ၃၀၀ ကျော် ရရှိဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
မြစိမ်းရောင် ကျေးရွာ စီမံကိန်းအနေနဲ့ ကျေးလက်နေ ပြည်သူများရဲ့ လိုအပ် ချက်တွေကို ဖြေရှင်းနိုင်ဖို့နဲ့ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နို င်ဖို့ ချေးငွေများ ထုတ်ချေးပေးလျှက် ရှိပါတယ်။ အခုလို ထုတ်ချေးပေးရာမှာ အကြောင်းအမျိုးမျိုးကြောင့် ချေးငွေ ပြန်မဆပ်နိုင်တဲ့ ဦးရေဟာ လက်ရှိ အချိန် ထိ ၁၀၉၇ ဦး ရှိနေပြီလို့ သိရပါတယ်။ ချေးငွေ ပေးဆပ်ဖို့ ကျန်ရှိတဲ့ မြို့နယ်ေ ပါင်းကတော့ ၁၅ မြို့နယ် ဖြစ်ပါတယ်။
ချေးငွေ ပြန်မဆပ်တဲ့ သူတွေဟာ များသောအားဖြင့် စီးပွားရေး အခက်အခဲ ရှိခြင်း၊ ကျေးရွာအလိုက် ကော်မတီတွေ အပါအဝင် အားလုံးမှ ပေးဆပ်လို စိတ် မရှိခြင်း၊ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားခြင်း စတဲ့ အကြောင်းအမျိုးမျိုးေ ကြာင့် ချေးငွေ ပေးဆပ်ဖို့ ကျန်ရှိနေခြင်း ဖြစ်တယ်လို့ မြစိမ်းရောင် ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာ အကြံပေး ညှိနှိုင်းခြင်း အလုပ် ရုံဆွေးနွေးပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာနမှ ညွှန်ကြားေ ရးမှူးချုပ် ဦးခန့်ဇော်ရဲ့ ဆွေးနွေးချက်အရ သိရပါတယ်။
“လောလောဆယ်တော့ ပြန်မဆပ်နိုင်တဲ့ဟာတွေကို ဆရာတို့က ဒီအတိုင်းြ ပန်ချေးဖို့ရာ ပိုက်ဆံမှ မရှိတာကိုး၊ သူတို့ ပြန်ဆပ်မှ အဲ့ဒီငွေက ပေါ်မှာလေ၊ အဲ့ဒီတော့ ငွေမရှိတော့ ထပ်ချေးလို့ မရဘဲ ဖြစ်နေတာပေါ့” ကျေးလက် ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲခေါင်က ပြောပါတယ်။
မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရကတည်းက ကျေးရွာများ စဉ် ဆက်မပြတ် ဘဏ္ဍာရေး အရင်းအမြစ် ရရှိစေရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေများ တိုး ပွားစေရေး စတဲ့ ရည်မှန်းချက်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် မြို့နယ် ၂၈၈ မြို့နယ်ရှိ ကျေးရွာပေါင်း ၇၈၅၁ ရွာမှာ နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၆.၇၁ ဘီလျံနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီး တစ်ခုအဖြစ် ရောက်ရှိေ နပြီ ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra