နေပြည်တော်၊ ရန်ကုန်၊ မုံရွာ၊ မကွေးနှင့် ပုသိမ်မြို့တို့ တွင် တန်ဖိုးနည်းအိမ်ရာများမှ စု စုပေါင်း အခန်းအရေအတွက်
တစ်သောင်းကျော်ကို ၂၀၁၇ အတွင်း အပြီးသတ်ဖော်ထုတ် တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဒုဝန်ကြီး
ဦးကျော်လင်းက ပြောကြား သည်။
နေပြည်တော်တွင် အိမ်ခန်း ၈၀ ၊ ရန်ကုန်တွင် ၈,၇၁၂ ခန်း၊
မုံရွာတွင် ၄၄၀ ခန်း၊ မကွေးတွင် ၃၀၄ ခန်း၊ ပုသိမ်တွင် ၆၇၆ ခန်း
စုစုပေါင်း ၁၀,၂၁၂ ခန်း ယခုနှစ်အတွင်း
ဆောက်လုပ်မည် ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် တစ်နှစ်လျှင် တန်ဖိုးနည်း၊တန်ဖိုး သင့်အိမ်ခန်း တစ်သောင်းကျော် အကောင်အထည်ဖော်ရန် လျာထားပြီး တစ်နှစ်ထက် တစ်နှစ်အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်ရန်
အဓိကရည်ရွယ် သည်ဟု ဆိုသည်။‘‘အိမ်ခန်းရောင်းတဲ့အခါမှာ ၀င်ငွေနည်းပြည်သူတွေ၊ နိုင်ငံ့ ၀န်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်း၊ ပင်စင်စားတွေကို ဦးစားပေးစနစ် နဲ့ ရောင်းပေးမယ်’’
ဟုဦးကျော်လင်းက ပြောသည်။
အိမ်ရာအသစ်များ တည် ဆောက်ခြင်းနှင့်အတူ ရှိနှင့်ပြီး သား အိမ်ရာအဟောင်းများကိုပါ အဆင်မြှင့်တင်မည်ဟု ၎င်းကဆို သည်။
ပြည်သူများအိမ်ရာပိုင်ဆိုင် နိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာအ ပေါင် ချေးငွေစနစ်ဖြင့် ရှစ်နှစ်မှ ၁၀ နှစ်အထိ ၀ယ်ယူနိုင်ရန်လည်း ဆောင်ရွက်နေကြောင်း သိရ သည်။
နောက်ပိုင်းတွင် ဆောက် လုပ်ရေးဝန်ကြီးဌာနက တည် ဆောက်မည့် အိမ်ရာစီမံကိန်းမှန် သမျှကို ဆောက်လုပ်ရေးနှင့်
အိမ် ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများကိုသာ
အလှည့်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။
လက်ရှိတွင် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးမှုဦးစီးဌာနက ကနောင်၊ ရွှေလင်ဗန်း၊ ယုဇန တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို အများ ပြည်သူသို့ စတင်ရောင်းချနေပြီ ဖြစ်သည်။ဝင်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်စေရန် တန်ဖိုးသင့်၊ တန် ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေနေပြီး အိမ်ရာဖွံ့ဖြိုးရေးကို ၂၀၁၆-၁၇ မှ ၂၀၂၀- ၂၀၂၁ ငါးနှစ်စီမံကိန်းရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင်
စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည်ဖော်နိုင်ရန်
ရည်ရွယ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com