ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဇွန်(၂၅)ရက် နံနက်ပိုင်းတွင် ဧရာဝတီ မြစ်အနောက်ဘက်ကမ်း ကသာ - ထီးချိုင့်လမ်း အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးပြီး Long Time Plan တွင် Express-way လမ်းမကြီး အဆင့်တွင် ပါဝင်သည့်အတွက် လမ်းအင်္ဂါရပ်နှင့် အညီ အရည်အသွေး ၊ စံချိန် စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဧရာဝတီ တံတား (ထီးချိုင့်)သို့ ရောက်ရှိပြီး တံတားကြံ့ခိုင်မှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မန္တလေး- တကောင်း - ဗန်းမော် - မြစ်ကြီးနားလမ်း (မန္တလေး-မြတောင်)အပိုင်း၊ လမ်းပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေ တို့ကို လည်းကောင်း B.O.T စနစ်ဖြင့် ဆောင်ရွက်သော မန္တလေး-မတ္တရာ-လက်ပံလှ-ဖော့တောလမ်း ပြုပြင်ထိန်းသိမ်း ထားရှိမှု တို့ကို လမ်းတစ်လျှောက်ကြည့် ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိပြီး တည်ဆောက်ရေးအဖွဲ့ (၁)၏ ရုံးအဆောက်အဦးနှင့် ဝန်ထမ်း အိမ်ရာများကိုလည်းကောင်း၊ ပင်မအလုပ်ရုံ (မြောက်)ရှိ စက်၊ ယာဉ် ၊ ယန္တရားများ ထားရှိမှု တို့ကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေသည်။
ယင်းနောက် လမ်းဦးစီးဌာန ၊ သင်တန်းကျောင်း (ခွဲ) ၊ မန္တလေးသို့ ရောက်ရှိပြီး ၊ သင်တန်းခန်းမဆောင် ၊ သင်ထောက်ကူပစ္စည်းများ ပြသထားရှိမှု ၊ သင်တန်းသား အိပ်ဆောင် တို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ တံတားဦးစီးဌာန ၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (မန္တလေးဓါတ်ခွဲခန်း) သို့ ရောက်ရှိပြီး အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၏ မြေနမူနာစမ်းသပ်ခန်းနှင့် ကွန်ကရစ် အရည်အသွေး စမ်းသပ်ခန်း များကို လည်းကောင်း ၊ လမ်းသုတေသန ဓါတ်ခွဲခန်းများကို လည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ယန္တရားတပ်ခွဲ(မြောက်)သို့ရောက်ရှိပြီး အထက်မြန်မာပြည်ရှိ လမ်း၊ တံတားလုပ်ငန်းများ အတွက် ထားရှိသည့် စက် ၊ ယာဉ် ၊ ယန္တရားများ ၊ လုပ်ငန်းပြီးဆုံး၍ ပြန်လည် အပ်နှံထားသည့် စက် ၊ ယာဉ် ၊ ယန္တရားအခြေ အနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ် ချက်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Credit: MOI Webportal Myanmar