ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မတီက လက်ရှိအချိန်ထိ အထပ်မြင့်စီမံကိန်း၁၈၀ကျော် ကိုစစ်ဆေးထားပြီဖြစ်ကြောင်းသတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၆က စတင်ကာ အဆိုပါအလုံးများကို ပြန်လည်ခွင့်ပြုပေ့းရန်သင့်မသင့်စစ်ဆေးခဲ့ခြင်းဖြစ်ကာ
လက်ရှိအချိန်တွင် စစ်ဆေးမှုမှာ ၁၈၉ လုံး အထိရှိသွားပြီဖြစ်သည်။
အဆိုပါ အဖွဲ့မှအချိန်ယူစစ်ဆေးခဲ့ပြီး အထပ်မြင့်စီမံကိန်းများကိုတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်
တင်ပြကာ အစိုးရအဖွဲ့က ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကော်မတီသည် အစိုးရသစ်တက်ပြီးနောက်ပိုင်း
ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကာ တည်ဆောက်ဆဲနှင့်တည်ဆောက်ရန်စီစဉ်နေသည့်
အထပ်မြင့်စီမံကိန်း ၁၈၉ လုံးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
၎င်း အဖွဲ့မှ စစ်ဆေးမှုကြောင့်ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့မှ
အထပ်မြင့် အဆောက်အအုံ ရာနှင့်ချီရပ်ဆိုင်းခဲ့ရပြီး ဆောက်လုပ်ရေး လောကအတွင်းဂယက်ရိုက်မှုများဖြစ်ပေါ်ခဲ့သည့် အဖွဲ့အစည်းလည်းဖြစ်သည်။
လက်ရှိတွင်ဆောက်လုပ်ရေးလောကအတွင်း
အရောင်းအ၀ယ်ကျဆင်းနေကာ အရစ်ကျဖြင့်ရောင်းချသည့် ဈေးကွက်ကို လုပ်ငန်းရှင်များဘက်မှ အဓိကဦးတည်ပြီးရောင်းချနေရကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com