နှစ်လခွဲကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံနဲ့ ပြည်တွင်းရင်းနှီးမြုပ်နှံ
မှု ကျပ် ၅၀၁ ဘီလီယံကျော်ရရှိခဲ့တယ်လို့ ဒု-သမ္မတဦးမြင့်ဆွေ
က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ စဉ်ပြော
ဆိုလိုက်တာဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် ပြည်တွင်းစက်မှုဇုန်နဲ
့ ကဏ္ဍစုံမှာ ဝင်ရောက်ရင်းနှီးမြုပ်နှံမှုက ပိုမိုတိုးတက် လာတဲ့အတွက် အားရဖွယ်ဖြစ်တယ်လို့လည်း ဇွန် ၂၃ ရက် ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် UMFCCI
မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာပြောဆိုတာဖြစ်ပါတယ်။
“ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေဝင်ရောက်မှုအဖြစ် ၂၀၁၇-၁၈
ဘဏ္ဍာနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အပါအ ဝင်ပြည်
ပရင်းနှီးမြုပ်နှံမှုက ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယ၊ မြန်မာနိုင်
ငံသားရင်းနှီးမြုပ်နှံမှုက ကျပ် ၅၀၁ ဘီလီယံကျော်ခဲ့တဲ့အတွက်
အားရဖွယ်ရာပါ”လို့ ဒု-သမ္မတကပြောပါတယ်။
အစိုးရအနေနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍမြင့်တင်ရာမှာ
အစိုးရနဲ့လုပ်ငန်းတွေ အခုလိုမကြာခဏတွေ့ဆုံပြီး လုပ် ငန်း
ရှင်တွေရဲ့ အခက်အခဲကို ပွင့်ပွင့်လင်းလင်းအကြံပြုကြဖို့
ကိုလည်း သူကတိုက်တွန်းပြောဆိုသွားပါတယ်။
လက်ရှိအမျိုးသားဒီမိုကရေစီအစိုးရလက်ထက် လုပ်ငန်း
ရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုမှာ ၇
ကြိမ်အထိရှိခဲ့ပြီး လုပ်ငန်းရှင်တွေတင်ပြအကြံပြုထားတဲ့
အချက်ပေါင်း ၉၁ ချက်ကို သက်ဆိုင်ရာလုပ်ငန်းရှင် အ
သင်းအဖွဲ့တွေကို အကြောင်းပြန်ထားပြီးဖြစ်သလို အချိုသော ဥပဒေဆိုင်ရာ ပြင်ဆင်ရမယ့်အပိုင်းတွေကို လည်း ဆက်
လက်ညှိုနှိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Credit: SFJ Strategy First