ရွှေ ဗဟိုဈေးကွက်နှင့် တန်ဖိုးမြှင့်ကျောက်မျက်ဈေးကွက် တည်ထောင်နိုင်ရေး ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတော်အစိုးရအား အကြံပြု

ရွှေ ဗဟိုဈေးကွက်နှင့် တန်ဖိုးမြှင့်ကျောက်မျက်ဈေးကွက် တည်ထောင်နိုင်ရေး ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတော်အစိုးရအား အကြံပြု - Property News in Myanmar from iMyanmarHouse.com
26 Jun 2017 10:08 am တွင် တင်ခဲ့သည်
440 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့ ရွှေထည်နှင့် ရွှေထည်လက်ဝတ်ရတနာ အရောင်းအဝယ်ကဏ္ဍ တွင် အာမခံစနစ်၊ ဘဏ်စနစ်များ အသုံးပြုနိုင်မှုမရှိခြင်းကြောင့် ယုံကြည်မှုဖြင့်သာလည်ပတ်နေပြီး၊ ထုတ်လုပ်ရောင်းဝယ်မှု ကိန်းဂဏာန်း မရရှိခြင်းကြောင့် မူဝါဒချမှတ်ရာတွင် ခက်ခဲနေကြောင်း ကုန်သည်စက်မှုအသင်းချုပ်၌ ယနေ့ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ သတ္တမအကြိမ်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက နိုင်ငံတော်အစိုးရထံ တင်ပြသည်။

အကျိုးဆက်အနေဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်မှု တည်ငြိမ်စေရန် ရွှေလုပ်ငန်းကဏ္ဍမှ ထိန်းညှိရန် ခက်ခဲပြီး၊ ငွေကြေးခဝါချမှုမှလည်း ကာကွယ်ရန် ခက်ခဲကြောင်းနှင့် မြန်မာ့ရွှေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဘဏ်များ၊ အာမခံအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများပါဝင်သော ခိုင်မာပြီး စနစ်ကျသည့် ရွှေ ဗဟိုဈေးကွက်အား တည်ထောင်သင့်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက တင်ပြခဲ့သည်။

သို့မှသာ လုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့် အာမခံနှင့်အတူ လွယ်ကူစွာ ရောင်းဝယ်နိုင်မည်ဖြစ်ပြီး ရွှေလုပ်ငန်းကဏ္ဍအနေဖြင့် နိုင်ငံတော်ငွေကြေးတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုထိန်းညှိ မြှင့်တင်ရေးအတွက်ပါ များစွာအထောက်အကူ ပြုနိုင်ကြောင်း ၄င်းက အကြံပြုခဲ့သည်။

ရွှေလုပ်ငန်းဆိုင်ရာ အခွန်နှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေအရ ရွှေထည် လက်ဝတ်ရတနာမျာအား တံဆပ်ခေါင်းကပ်၍ ကုန်သွယ်လုပ်ငန်းခွန် (၁) ရာခိုင်နှုန်း ကောက်ယူခြင်းမှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အောင်မြင်နေသော်လည်း၊ ကုန်ကြမ်းဖြစ်သည့် မီးလင်းရွှေတုံးရွှေခဲများ အပေါ် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းကောက်ယူရန်မှာ ခက်ခဲနေသဖြင့် မှောင်ခိုဈေးကွက်အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ကျောက်မျက်ကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ လွတ်လပ်သော ကျောက်မျက်ဆိုင်ရာ ပို့ကုန် မူဝါဒများ ချမှတ်ပေးရန်နှင့် သွင်းကုန် အကောက်ခွန်နှုန်းထားများ အလွန်မြင့်မားသည့်အတွက် တရားမဝင် လမ်းကြောင်းဖြင့် တင်သွင်းနေမှုများ ကြီးထွားနေသဖြင့် ကုန်သွယ်မှု မူဝါဒနှင့် အညီ အကောက်ခွန် နှုန်းထားများ ပြန်လည်သုံးသပ်ပေးရန် တင်ပြခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ရွှေလုပ်ငန်းဆိုင်ရာ ကုန်သွယ်လုပ်ငန်းခွန်ပြင်ဆင်ရေးအား ဝန်ကြီးအဖွဲ့အတွင်း ဆွေးနွေးပြီးပြီဖြစ်ပြီး လွှတ်တော်သို့မကြာမီ တင်ပြတော့မည်ဖြစ်ကြောင်း ပြောပါသည်။ ရွှေဗဟိုဈေးကွက် ဖော်ဆောင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များဖက်က စီမံချက်အား တင်ပြပေးရန် ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။

“ရွှေဈေးကွက်ကြီးလိုဘဲ ကျောက်မျက်ရတနာဈေးကွက်ကြီးဖြစ်ဖို့ ပြခန်းလုပ်ပြီးမှ ရောင်းမဲ့အစား တောက်လျှောက်ရောင်းနိုင်အောင်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားပါမယ်၊ ပြည်တွင်းဈေးကွက် လည်းရှိနေရမယ်၊ သင့်တော်တဲ့နေရာမှာ လုံခြုံစိတ်ချမှုလည်း ရှိနေရမယ်၊ ကုန်ကြမ်းကို မိမိတို့တိုင်းပြည်မှာပဲ အချောထည်ပြန်လုပ်ရင် Value Added ဖြစ်သွားပြီ၊ ဒါဆို Export လုပ်မယ်၊ ဒီအတွက် သယံဇာတပြည်ထောင်စု ဝန်ကြီးနှင့် ညှိပါမယ်၊ ရွှေဈေးကွက်အလားတူပဲ ကျောက်မျက်ရတနာ ဈေးကွက်တွေရရှိအောင် အကောင်အထည်ဖော်ပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဖြေကြားခဲ့ သည်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service