ဖွံ့ဖြိုးမှု နောက်ကျနေသည့် ချင်းပြည်နယ်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ဆောင်ရွက်နေသည့် SMEေ ချးငွေကို ဦးစားပေးထုတ်ချေးရန် ဆောင်ရွက်ထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီ များညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးခွဲကိုလည်း စက်တင်ဘာတွင် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“SME ကိုလည်း Japan JICA နဲ့ ပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဖွံ့ဖြိုးမှု နည်းတဲ့ ချင်းပြည်နယ်ကို ဦးစားပေး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောကြားသည်။
ဖွံ့ဖြိုးမှုနောက်ကျနေသည့် ချင်းပြည်နယ်၏ ကြုံတွေ့နေရသည့် အခက်အခဲ များကို ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာရွှေဟိန်းက ချင်းပြည်နယ်တွင် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများအတွက် ချေးငွေ မရရှိခြင်းကြောင့် စစ် ကိုင်းတိုင်း၊ မုံရွာမြို့ရှိ SMIDB Bank သို့ ချေးငွေသွားရောက် လျှောက်ထား ရကာ ထိုသို့လျှောက်ထားရာတွင် လိုအပ်ချက် များလွန်းနေသဖြင့် ဖြေလျှော့ေ ပးပါရန် ပြောကြားသည်။
ထို့ပြင် ချင်းပြည်နယ်တွင် ကုန်သွယ်မှု အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ များကို ကူညီဆောင်ရွက်ပေးနိုင်မည့် စီးပွားကူးသန်း ရောင်းဝယ်ဖွံ့ဖြိုး တိုး တက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားသော စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဖွင့်ပေးပါရန် တောင်းဆိုရာ ချင်းပြည် နယ် တွင် စားသုံးသူရေးရာ ဦးစီးဌာန ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးခွဲကို ယခုနှစ် စက်တင်ဘာတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း DICA ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အသိပေးပြောကြားသည်။
ထို့ပြင် ချင်းပြည်နယ်၏ ကော်ဖီသည် ဂျပန်နှင့် အမေရိကန်တို့မှ အများဆုံး စိတ်ဝင်စား၍ ဈေးကွက်များ ရရှိတော့မည် ဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဆိုသည်။
လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၌ ပုဂ္ဂလိကကဏ္ဍ အားနည်းနေမှု အမြန်ဆုံး တိုးတက်ရေးကို အကောင်အထည်ဖော်ပေးရန် ၀န်ကြီးဌာနများသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက လမ်းညွှန်ထားကြောင်း သိရသည်။
Credit: Eleven Media Group