ကမ္ဘာ့ဘဏ်က မြန်မာ နိုင်ငံကို လာမည့် ၂ နှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရန် ပုံငွေမှ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အကူအညီပေးမည်ြ ဖစ် ကြောင်း ဇွန်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာ နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် ကို ပြန်လည်သုံးသပ် ပြီးနောက် သက်တမ်း ၂ နှစ်ထပ် တိုးရန် သဘောတူ ခဲ့ပြီး ကျေး လက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ တိုးမြှင့်ပေးနိုင်ရေး၊ အခြေခံအေ ဆာက်အအုံ မြှင့်တင်နိုင်ရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးတို့ ကို တိုးမြှ င့်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် ရည်ရွယ်သောရန်ပုံငွေမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ ဘဏ္ဍာရေးအကူအညီများ နှင့် နည်းပညာအကူအညီများ၊ အကြံပြုချက်များရရှိမည်ဖြစ်သည်။
‘‘လာမယ့်နှစ်တွေမှာလည်း ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပံ့ပိုးကူညီမှုေ တွကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းဒေ သကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ဆွေးနွေးပွဲတွေ သွားရောက်ကျင်းပခဲ့ပါတယ်။ေ ဆွးနွေးပွဲတွေကနေတစ်ဆင့် ကြားသိလာရတာက ကမ္ဘာ့ဘဏ် အုပ်စုရဲ့ ပံ့ပိုး ကူညီမှုတွေကြောင့် ရလဒ်တွေ စတင်ဖြစ်ပေါ်နေတဲ့အ ပြင် ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေက အစိုးရသစ်နဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်တွေနဲ့ ကိုက်ညီ မှုရှိနေတာကို တွေ့ခဲ့ရတဲ့အတွက် လည်း အင်မတန် အားတက်ရပါ တယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာေ ရဆက်က ပြောသည်။
ကမ္ဘာ့ဘဏ်သည် မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ၂၀၁၅ တွင် အတည် ပြုပြီးနောက် အကူအညီများ ဆက်တိုက်ပေးအပ်ခဲ့သည်။
ကမ္ဘာ့ဘဏ် အုပ်စုသည် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ကို ပြန်လည် သုံး သပ်ရာတွင် ဆင်း ရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စ နစ် ယန္တရားများ ထိရောက်စေရန် မြှင့် တင်ရေး၊ အလုပ်အကိုင်ဖန်တီး ရေး အတွက် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမြှင့်တင်ရေးတို့၌ တိုးတက်မှုများရှိကြောင်း ကမ္ဘာ့ဘဏ်အုပ်စု က ဆိုသည်။
၂၀၁၅ က စတင်သည့် လူ ထုဗဟိုပြုစီမံကိန်းဖြင့် စာသင် ကျောင်း၊ လမ်း၊ တံတားများ စသည့်အခြေခံအဆောက်အအုံ များ ကောင်းမွန်လာသဖြင့် ပြည် သူ ၅ ဒသမ ၄ သန်း အကျိုးရှိပြီး ကမ္ဘာ့ဘဏ်က အကူအညီပေး သော ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် လူ ထုဗဟိုပြုစီမံကိန်း များကြောင့် ကျေးလက်ဒေသ ပြည်သူများစွာ အကျိုးရှိကြောင်း ဖော်ပြပါရှိ သည်။
ထို့အပြင် ကျောင်းသားတစ် သိန်းခွဲ ပညာသင်ထောက်ပံ့ကြေး များရရှိ ပြီး ကျောင်းဆက်တက်နိုင် ခဲ့သည်ဟု ဆိုသည်။
ပုဂ္ဂလိကမြှင့်တင်ရေးနှင့် ပတ်သက်၍လည်း ကမ္ဘာ့ဘဏ် အုပ်စု၏ အဖွဲ့ခွဲ များဖြစ်သော အ ပြည်ပြည်ဆိုင်ရာ ငွေကြေးကော် ပိုရေးရှင်း (IFC)၊ ရင်းနှီးမြှု ပ်နှံမှု များနှင့်ဆိုင်သော အာမခံအဖွဲ့ (MIGA)တို့ကလည်း ကန်ဒေါ်လာ ၁ ဒ သမ ၅ ဘီလီယံ ပမာဏနှင့်ညီ မျှသော ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး၊ နည်းပညာ အ ကူအညီများနှင့် အ ကြံပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း ဖော်ပြထား သည်။
‘‘ကမ္ဘာ့ဘဏ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်က မြန်မာ နိုင်ငံအစိုးရ စီး ပွားဖွံ့ဖြိုးတိုးတက် မှု မူဝါဒတွေနဲ့ ကိုက်ညီမှုရှိတယ် လို့ဆိုနိုင်ပါတယ်’’ဟု စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြော သည်။
Credit: 7DayDaily