ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှဇုန်မြေဈေးကွက်မှာအဝယ်ရှိသော်လည်း ရောင်းလိုသူမရှိသဖြင့်အရောင်းအဝယ်ငြိမ်သက်နေကာဈေးနှုန်းမှာလည်း
အမြင့်ပိုင်းဖြင့်သာ ဆက်လက်ရှိနေကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များကပြောသည်။
""ဇုန်က ရန်ကုန်မှာ ၂၉ ခုရှိတယ်။သူက အကန့်အသတ်နဲ့လုပ်တာ ထပ်တိုးလို့မရဘူး။ဒီ ၂၉ ခုဆိုတာ ဝါးတစ်ရာ ၊မြောင်းတကာစက်မှုဇုန်တွေအထိကိုပြောတာနော်။ဒီတော့ အကန့်အသတ်နဲ့ဆိုတော့ စီးပွားရေးသမားတွေက ဝယ်ချင်တယ်။ဒါပေမယ့် ရှိထားတဲ့သူတွေကမရောင်းကြဘူး။ဈေးကတော့ အမြင့်ဈေးမှာရှိတယ်။ထောင်ကျော်ကနေ သောင်းကျော်အထိရှိတယ်။အရောင်းအဝယ်မဖြစ်ကြဘူး။""ဟု ပြည်တွင်းအိမ် ခြံ မြေ အကျိုးဆောင်တစ်ခုမှ MD က ပြောပြသည်။
လက်ရှိကာလတွင် ဝယ်ယူလိုသူအများဆုံးရှိနေသည့် စက်မှုဇုန်မှာ လှိုင်သာယာစက်မှုဇုန်ဖြစ်နေကြောင်း ၊ နေရာကျယ်ဝန်းမှုကြောင့် စိတ်ဝင်စားသူများပြားခြင်းဖြစ်သော်လည်း
လက်ရှိလုပ်ငန်းလည်ပတ်နေသည့် အကွက်များဖြစ်သောကြောင့် ပြန်လည်ရောင်းချသူမရှိကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။
""လှိုင်သာယာဇုန်ကတော့ ဝယ်ချင်တဲ့သူတွေအများဆုံးပဲ။ဘာကြောင့်လဲဆိုရင်တော့ ကျယ်လို့။ဈေးကလည်း ထိုးတက်လာတယ်။၁၉၉၅ တုန်းက လှိုင်သာယာစက်မှုဇုန်က တစ်က သိန်း၁၅၀ ၊ ၂၀၀ ဝန်းကျင်ပဲပေါက်ဈေးရှိတာ။အခုဆို ထောင်ကျော် သောင်းကျော်တွေပေးတာတောင် ရောင်မယ့်သူမရှိတော့ဘူး။
သီလဝါတို့ဘာတို့ကလည်းဝေးတော့သိပ်အားရစရာမရှိဘူး။ဈေး
အနေအထားအရကတော့ စက်မှုဇုန်ဈေးတွေကကျစရာမရှိဘူး။""ဟု
မဏ္ဍိုင်အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးကပြောပြသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com