ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့နယ်အတွင်းရှိ ရွှေဆိုင်များအားလုံး ရွှေထည်နှင့် လက်ဝတ်ရတနာ ဝယ်ယူသူများ အတွက် ကျသင့်အခွန်နှင့် ညီမျှ သည့် တန်ဖိုးအတိုင်း ကပ်နှိပ်ထုတ်ပေးမည့် အစီအစဉ်ကို ယခုလာမည့် ဇူ လိုင်လမှစတင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း မြ၀တီမြို့နယ် ပြည်တွင်း အ ခွန်များဦးစီးဌာနရုံးမှ သိရှိရသည်။
ရွှေထည်ပစ္စည်းဝယ်ယူသူများအား ဝယ်ယူမည့် တန်ဖိုးပေါ်တွင် ကုန်သွယ်ခွန် ၁ ရာခိုင်နှုန်း ကောက်ခံမှာပါ၊ ထိုရွှေထည်တွင် ကျောက်မျက်ရတနာ ပါဝင် ပါ က ကျောက်မျက်ရတနာအတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင် ရ မှာ ဖြစ်ပါတယ် ဟု မြ၀တီမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးဇော်အောင်က ဇွန်လ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သည့် ရွှေထည်လက်ဝတ် ရတနာများရောင်းချ ရာ၌ အရောင်းပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်း လုပ်ငန်းစဉ်အား လုပ်ငန်းရှင်များသို့ ရှင်းလင်းအသိပေးခြင်း အခမ်းအနား တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်း အစီအ စဉ်များအား မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးဇော်အောင်နှင့် ဦးစီးအရာရှိ ဦးေ အာင်မြင့်သိန်းတို့က အသီးသီး ရှင်းလင်းပြောကြားပြီး ရွှေဆိုင် လုပ်ငန်းရှင် များမှ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများ က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။ မြဝတီမြို့နယ်အတွင်း ရွှေ ဆိုင်ပေါင်း ၃၀ ဆိုင်ခန့် ရှိကြောင်း သိရသည်။
Credit: MOI Webportal Myanmar