စင်ကာပူနိုင်ငံ၏ချန်ဂီလေဆိပ်တွင် ဝင်္ကပါနှင့်ရေတံခွန်ပါဝင်မည့်
သစ်တော ငယ်ပုံစံအပန်းဖြေဥယျာဉ်ကို ထည့်သွင်း
ဆောက်လုပ်နေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု
သိရ သည်။
ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် သတ်မှတ်ခံထားရသော
ချန်ဂီလေဆိပ် တွင် ငါးထပ်အပန်းဖြေဥယျာဉ်၊ ချုံတန်း ဝင်္ကပါ၊ တက်ခုန်၍ဆော့ကစားနိုင်သည့် ပိုက်ကွန်များအပြင်
ဧရာမရေတံခွန်ကြီးနှင့် တိမ်တိုက်အတုများကိုပင်
ဖန်တီးပေးထားမည်ဖြစ်သည်။
လေဆိပ်ထဲမှအပန်းဖြေဥ ယျာဉ်ကို မှန်နှင့် သံမဏိအကာအရံကြီး
ဖြင့် လွှမ်းခြုံထားမည်ဖြစ်ပြီး ဥယျာဉ်အလယ် တွင် ၁၃၁ ပေမြင့်သော rack vortex ဟု ခေါ်ဆိုသည့်ရေတံခွန်ကြီးကို ရင်သပ်ရှု မောစွာ မြင်တွေ့ရမည်ဖြစ်သည်။
ဥယျာဉ် လျှောက် လမ်းတစ်လျှောက်တွင် ဧရာမရုပ် လုံးသွင်း တိရစ္ဆာန်ရုပ်ကြီးများကိုလည်း မြင်တွေ့ရမည်ဖြစ်ပြီး ပန်းချုံကြီးများဖြင့် တိရစ္ဆာန်အရုပ်များ ပြုလုပ်ထားမည်ဖြစ် သည်။
အပန်းဖြေဥယျာဉ်အတွင်းမှ အသေးစိတ်သရုပ်ဖော်မှုများကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ စင်ကာပူနှင့် အမေရိကန်မှ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိချန်ဂီလေဆိပ်၌ လိပ်ပြာခန်း၊ ဥယျာဉ်ခြောက်ခုနှင့် ကလေးကစားကွင်း တစ်ခုရှိနေပြီးသားဖြစ်သော်လည်း ဒေါ် လာတစ်ဘီလျံတန်ဖိုးရှိသည့် ပရောဂျပ်ကို ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။
Credit: Pyi Myanmar