ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟဲဟိုးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ် အဖြစ် မြှင့်တင်ဖို့ သည်နှစ်အတွင်း စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါ တယ် ။
ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးစိုင်းလျဲန်တစ်လုံက ‘သူ့ရဲ့ပရော ဂျက်က ပြည်ထောင်စုကနေ သွားမှာပါ ၊ ဒီနှစ်ထဲမှာ အကောင်အထည်ဖော်ဖို့ တင်ထားပါတယ် ၊ ဆောက်လုပ်ဖို့တင်ဒါတွေကို ပြည်ထောင်စုအစိုးရကနေ သတင်းစာတွေထဲကနေ ခေါ်ပေါ့ ၊ ဒါတွေလုပ်ဖို့ တင်ထားတဲ့ အဖွဲ့တွေကေ တာ့ သုံးလေးဖွဲ့လောက်တော့ရှိတယ် ၊ စီမံကိန်း အကြီးကြီးတွေကျေ တာ့ ပြည်နယ်ကို ပေးလုပ်ခွင့်က မရှိသလောက်ပဲလေ’ လို့ပြောပါတယ် ။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဟဲဟိုးလေဆိပ်တိုင်းတာဖို့ ကျပ် ၁၀ သန်းနဲ့ လေဆိပ်အဆင့်မြှင့်တင်ဖို့ ၂၁ သန်းကို ပြည်ထောင်စုဝင်ငွေကနေ ၃၂ သန်းလျာထားတယ်လို့ သိရပါတယ် ။
သည်ငွေတွေကို ပိုဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ရရှိတဲ့ ရန်ပုံေ ငွတွေထဲကနေဆောင်ရွက်ဖို့ လျာထားတယ်လို့ သိရပါတယ် ။
လက်ရှိ ဟဲဟိုးလေဆိပ် တိုးချဲ့ရေး စီမံကိန်း လုပ်ကိုင်ဖို့ တရုတ်နဲ့ ထိုင်းနိုင်ငံ တို့ကလည်း စိတ်ဝင်စားနေပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် လာရောက်ေ လ့လာနေတယ်လို့ ဆိုပါတယ် ။
ဟဲဟိုးလေဆိပ်စီမံကိန်းကို အကောင်အထည်ဖော်ပြီးရင် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေဟာ ရန်ကုန်ကနေတစ်ဆင့် သွားဖို့မလိုတော့ဘဲ တိုက်ရိုက် သွားရောက်နိုင်မှာ ဖြစ်ပါတယ် ။
ရှမ်းပြည်နယ်အတွင်းကနေ နိုင်ငံခြားကို သွားရောက်မယ့် ခရီးသည်တွေ လည်း တိုက်ရိုက်သွားရောက်နိုင်မှာ ဖြစ်ပါတယ် ။
ဒါပေမဲ့ ဒေသတွင်း နေထိုင်သူတွေအတွက် အကျိုးများစွာ မဖြစ်ထွန်းနိုင်ဘူးလို့ ရှမ်းပြည်နယ် လွှတ်တော်က ပြည်နယ်လွတ်တော်အမတ် ဦးခိုင်ညီညီကျော် က ပြောပါတယ် ။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပြည်ပအကူအညီ ချေးငွေအပါအဝင် ကျပ်သန်းပေါင်း ၁,၄၁၃,၃၃၄,၀၃၆ ခွဲဝေရရှိမှာဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်ရဲ့ ၃.၆၆ ရာ ခိုင်နှုန်းရှိတယ်လို့ ပြည်ထောင်စု ရသုံးမှန်းခြေငွေစာရင်းအရ သိရပါတယ် ။
Credit: The Modern