ဧရာဝတီဘဏ်အနေနဲ့ အခုနှစ်အတွင်း ဘဏ်ခွဲ ၃၀၀ အထိ
ရှိလာဖို့ စီစဉ်နေတယ်လို့ Max Myanmar လုပ်ငန်းစုထံက
သိရပါတယ်။
ပြီခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
ဘဏ်ခွဲ ၂၀၀ အထိ ဖွင့်လှစ်ထားနိုင်ခဲ့ပြီး အခုနှစ်မှာ
လည်း ဘဏ်ခွဲ ၁၀၀ ထပ်တိုးကာ နှစ်ကုန်ပိုင်းမှာဘဏ်ခွဲ
၃၀၀ အထိရှိလာမှာဖြစ်တယ်လို့ ယင်းလုပ်ငန်းစုရဲ့ ဒါရိုက်
တာ တစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးစောထံကသိရပါတယ်။
“ မနှစ်ကတော့ကျွန်တော်တို့ ဧရာဝတီဘဏ်ရဲ့လုပ်ငန်းအ
ပိုင်းမှာ ဘဏ်ခွဲ ၂၀၀ အထိဖွင့်လှစ်နိုင်ခဲ့တော့ ဒီနှစ် မှာ
ဘဏ်ခွဲတစ်ရာထပ်တိုးပြီးဖွင့်နိုင်အောင်စီစဉ်နေတာကြောင့် အားလုံးဘဏ်ခွဲ ၃၀၀ အထိရှိလာဖို့ လုပ်ဆောင် သွားပါမယ်” လို့သူကပြောပါတယ်။
အပြိုင်အဆိုင်များလာတဲ့ နိုင်ငံဘဏ္ဍာရေးကဏ္ဍအတွင်း
ပြည်တွင်းပုဂ္ဂလိကဘဏ်ခွဲတွေအပြင် နိုင်ငံတကာဘဏ် လုပ်ငန်းကိုယ်စားလှယ်ရုံးခွဲတွေလည်း တိုးပွားလာတာ
ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘဏ်ခွဲအရေအတွက် တိုးချဲ့နိုင်ဖို့လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
တိုင်းနယ်ပြည်နယ်အလိုက် ဘဏ်အဆောက်အအုံတွေ တည်ဆောက်နေပြီး လက်ရှိဘဏ်ခွဲ ၂၂၀ ဝန်းကျင်ကို
ဘဏ်ဝန်ထမ်းပေါင်း ၈၀၀၀ ဝန်းကျင်ဖြင့် လည်ပတ်
လျှက်ရှိတယ်လို့ သိရပါတယ်။
Credit: SFJ Strategy First