အိမ် ခြံ မြေ ဈေးကွက်အတွင်းလက်ရှိ ဝင်ငွေခွန်အားပြန်လည်လျှော့ချနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် အိမ် ခြံ မြေအသင်းအချို့တွေ့ဆုံသွားမည်ဖြစ်သည်။
ယင်းတွေ့ဆုံဆွေးနွေးခြင်းကို ဇွန်လ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဟုသိရသည်။
""စီးပွားရေးဝန်ကြီးပြောထားတာရှိတယ်။ဘာလဲဆိုတော့ အိမ် ခြံ မြေမှာဝင်ငွေခွန်ပေးဆောင်နေရတာတွေနဲ့ပတ်သက်ပြီးပြင်ဆင်သွားမယ်ပေါ့။ဒီလိုပြောထားတာရှိတယ်။ဒါကို ကျွန်တော်တို့အနေနဲ့ကတော့ အခွန်ကိုထပ်လျှော့ပေးမယ်လို့ပဲမြင်တယ်။တိုးစရာမှ မရှိသေးတာလေ။ဒါကြောင့် ဝင်ငွေခွန်လျှော့ချပေးနိုင်ရေးအတွက် အိမ် ခြံ မြေ အသင်းနဲ့ဆွေးနွေးမယ်။ဇွန်လ ၂၃ ရက်နေ့ UMFCCI ပွဲမှာ ဆွေးနွေးဖြစ်လောက်တယ်။""ဟု ဦးသန်းဦးမှ ပြောသည်။
အခွန်နှုန်းထားလျှော့ချရေးနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်း
လည်းသိရသည်။
ယခုလက်ရှိအခွန်ဆောင်ရသည်နှု န်းထားများမှာ တစ်ကျပ်မှ သိန်းသုံးရာ
အထိ အခွန်ငွေ ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ မှ သိန်း တစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက် ၃၀ ရာခိုင်နှုန်း ဟူ၍ ၂၀၁၆
ဧပြီလက စတင်သတ်မှတ်ခဲ့သောနှုန်းထားများအတိုင်းဖြစ်သည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com