ခမ်းနားသော၊ ကြီးကျယ်သော သမိုင်းတို့ဖြင့် ထုံမွှမ်းအပ်သည့် မြို့တော်တစ်ခု ရှိသည်။ ယင်းမှာ ရန်ကုန်မြို့တော် (ဝါ) ရန်ကုန်မြို့ပင် ဖြစ်သည်။ အလောင်း မင်းတရားက ပြီးခဲ့သည့် နှစ်ပေါင်း ၂၆၀ ကျော်က ဒဂုံမြို့ကို သိမ်းပြီးနောက် ရန်ကုန်ဟု အမည်ပေးခဲ့သည်။
ရန်ကုန်သည် ရန်အားလုံးကို ထွေးပွေ့ထားရသလို ဖြစ်နေသည်။ အမှိုက်ပစ်ြ ခင်းမှအစ မြို့သစ်စီမံကိန်းကြီးများအထိ မည်သို့မျှ စနစ်တကျ မရှိလှ။
သို့သော် ပြောင်းလဲလာမည့် မျှော်လင့်ခြင်းမြို့တော်အတွက် စီမံကိန်းများ လည်း အကောင်အထည် ဖော်နေသည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ မျှော်လင့်ခြင်းတွေကို ထွေးပိုက်ထားရသည်။ နိုင်ငံတစ်ဝန်းရှိ အကျွမ်းကျင် ဆုံးသော ငွေလိုက်မုဆိုးကြီးများ ဤမြို့တွင် အခြေစိုက်သည်။ လူငယ်များအ တွက် ပညာရေးနှင့် အခွင့်အလမ်းများ ရှာဖွေရာလည်း ဤမြို့တွင်ပင်။ သူေ ဌးဖြစ်လိုသူများကလည်း ဤမြို့တွင် ဘီလီယံနာ အိပ်မက်မက်ကြပြန်သည်။
တကယ်တမ်းတွင် ယနေ့ခေတ် ရန်ကုန်သည် အထည်ကြီးပျက် ဖြစ်သည်။ ဘာမှမရှိ။ ဗလာနိတ္ထိ။ လမ်းတွေက ဆိုးသည်။ မီးက ပုံမှန်မရ။ အဆောက်အ အုံတွေက မကြံ့ခိုင်။ အာရှနောက်ဆုံး လက်ကျန် စီးပွားရေး နှလုံးသည်း ပွတ် တွင် ကမ္ဘာအရပ်ရပ်မှ စီးပွားရေးမုဆိုးများက ခြေချင်းလိမ်နေပြန်သည်။ တစ် ဖက်တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အရှိန်အဟုန်ဖြင့် လှမ်းစပြုနေသည် ကို တွေ့ရသည်။ ကမ္ဘာကျော် ကုမ္ပဏီများ အပြိုင်အဆိုင် ဝင်ရောက်လာသည်။ လုပ်ငန်းရှင်များကလည်း အကွက် အကွင်းစောင့်ကြည့်နေသည်။ ဆောက် လက်စ အဆောက်အအုံများ၊ တံတားများ၊ လမ်းများအပြင် လာအိုတစ်နိုင်ငံ စာမျှ ရှိသော လူဦးရေ ခြောက်သန်းကျော် ဈေးကွက်က မျက်စိကျစရာ။
နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး နောက်ပိုင်းတွင် တိုးပွားလာသည့် လူဦးရေေ ကြာင့် မြို့ကြီးက မနိုင်ဝန်ထမ်းသည့် ဟန်ဖြင့် ငြီးငြူစပြုနေပြီ။ အိမ်ရာသစ် များ အလျှိုလျှို ပေါ်လာသည်။ မြေကွက်တွေ အလုအယက် ဖော်ကြသည်။ ဟိုစီမံကိန်း၊ ဒီစီမံကိန်းကြားရုံဖြင့် မြေဈေးတွေ မိုးပျံကုန်သည်။
ဤတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း ၂၀၄၀ ကို စတင်လာသည်။ ယင်းစီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် မြို့သစ်စီမံကိန်းများ၊ စီးပွားရေးဇုန်များ၊ မြစ် ကူးတံတားကြီးများ၊ မြို့ပြင်ပတ်လမ်း၊ မြို့တွင်းပတ်လမ်း၊ အဆင့်မြှင့်တင်ထား သည့် ရထားလမ်း၊ မိုးပျံလမ်းမကြီးများ၊ ရေနှင့်လျှပ်စစ် ရရှိရေး စီမံကိန်းများ
လည်း ပါဝင်သည်။
ဤအရာများအားလုံး၏ အချိန်သတ်မှတ်ချက်မှာ လာမည့် ၂၄ နှစ်အလို ၂၀၄၀ ပြည့်နှစ်တွင် ဖြစ်သည်။ အစိုးသစ် လက်ထက်တွင် ယင်းမဟာဗျူဟာ စီမံကိန်းကို ပြန်လည် ပြင်ဆင်ပေးရန်ညွှန်ကြားခဲ့ခြင်းကြောင့် ပြင်ဆင်ရေးဆွဲခဲ့
ကြောင်း JICA ရုံး ကိုယ်စားလှယ် မစ္စတာကိုင် အိချီယိုနာကာ ဆာဝါ က ပြည်တွင်းမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။မျှော်လင့်ခြင်းမြို့တော်အတွက် လက်ရှိစီမံကိန်းများကို တို့ထိကြည်ကြပါစို့။
"မြို့သစ်စီမံကိန်းများ"
သမ္မတ ဦးထင်ကျော် လက်ထက်တွင် ရန်ကုန်တိုင်းလွှတ်တော်၌ မြို့သစ်စီမံ ကိန်းအကြောင်း စတင်ကြားလာရသော်လည်း ရေရှည်စီမံချက် ဖြစ်သေြာေ ကာင့် အဆောတလျင် မပြုလုပ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
မြို့သစ်စီမံကိန်း ပြီးစီးလျှင်မူ လူဦးရေ ထူထပ်မှုကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည် ဖြစ်သည်။
သို့သော် ရှိပြီးသား မြို့သစ်များကိုမူ ဖွံ့ဖြိုးရန် မတတ်နိုင်သေးဘဲ မြို့သစ်အ တွက် ဘတ်ဂျက်မလုံလောက်သည့် ပြဿနာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ပြောဆိုကြသည်။
“တကယ်လိုအပ်တဲ့ဟာ ဖြစ်ဖို့လိုတယ်။ မလိုအပ်ရင် ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ အခု ခုံးကျော်တံတားတွေပဲကြည့်။ ယာဉ်ကြောပိတ်ဆို့မှုကို မလျှော့ချနိုင်ဘူး။ ဘတ်ဂျက်ထိတာပဲ ရှိတယ်” ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက် တာအောင်ကိုကိုက မှတ်ချက်ပြုသည်။
"ဗဟိုမြို့တွင်း စီးပွားရေးဇုန်နှင့် ဒုတိယ ဗဟိုစီးပွားရေးဇုန်"
ဗဟိုမြို့တွင်း စီးပွားရေးဇုန်သည် လက်ရှိဖွံ့ဖြိုးပြီး ဖြစ်သော ရန်ကုန်မြို့ တွင်း ခြောက်မြို့နယ်ကို အခြေခံသည်။ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ေ ကျာက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင် မြို့နယ်တို့ ဖြစ်သည်။
ယင်းမြို့နယ်များသည် မြို့လယ်ဖြစ်၍ စီးပွားရေး အချက်အချာကျသည်။ ထို့ေ ကြာင့် မြေနေရာမရှိ။ ကုမ္ပဏီများနှင့် စီးပွားရေးရုံးခန်းများ ဖွင့်ရန် လုပ်ငန်းရှင် များ စုပြုံတိုးနေကြရသည်။ ထို့ကြောင့် အစိုးရက တစ်မျိုး စီစဉ်သည်။ ယင်း သည် မင်းဓမ္မခေါ် ဒုတိယ ဗဟိုစီးပွားရေးဇုန် တည်ဆောက်ရေး စတင် စဉ်း စားရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
မင်းဓမ္မစီးပွားရေးဇုန်သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင် လမ်းထောင့်တွင် တည်ရှိသည်။ စီမံကိန်း ဧရိယာအဖြစ် ဧက ၄၀၀ ကျော် သတ်မှတ်ထားသော်လည်း စီမံကိန်း ပထမအဆင့်အဖြစ် စည်ပင်သာယာ ပိုင်မြေ ၃၆ ဧက ပေါ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်လျက်ရှိသည်။
စည်ပင်ပိုင်မြေကို ကနဦး နှစ် ၅၀၊ ၁၀ နှစ်သက်တမ်းတိုး နှစ်ကြိမ်၊ မြေငှားခ အဖြစ် တစ်နှစ် အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ဖြင့် ငှားရမ်းခဲ့သည်။ အဆိုပါ လုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့သည့် First Myanmar Construction က
ကိုရီးယားဒီဇိုင်းဖြင့် တည်ဆောက်လျက်ရှိသည်။ စီမံကိန်းကာလ ငါးနှစ်ကြာ မင့်မည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။စီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ခန့် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
နေရာအကျယ်အဝန်းနှင့် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်သည့် အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့သို့ ထပ်မံတိုးဝင်လာမည့် စီးပွားရေးလုပ်ငန်းများ အ တွက် အသက်ရှူချောင်စေလိမ့်မည်ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆို သည်။
ထို့ပြင် စီမံကိန်းနေရာသည် တစ်ခေတ်တစ်ခါက တပ်မတော် ဗိုလ်ချုပ် များ နေထိုင်သည့် ကမ္ဘာအေးဗီလာနှင့် နီးကပ်သည့်အပြင် မင်္ဂလာဒုံ လေ ယာဉ်ကွင်းနှင့်လည်း နီးကပ်ပေရာ လုပ်ငန်းရှင်များအတွက် မျက်စိကျစ ရာ ဖြစ်လာသည်။
မြန်မာကွန်ဗင်းရှင်းစင်တာထက် ခြောက်ဆခန့်ကြီးပြီး လူဦးရေ ၄၀၀၀ ကျော် ဝင်ဆံ့သည့် နိုင်ငံတကာအဆင့် ကွန်ဗင်းရှင်းစင်တာတစ်ခုကိုလည်း တည်ေ ဆာက်လျက် ရှိသည်။
"မြစ်ကူးတံတားကြီးများ"
မြစ်ကူးတံတားကြီးများတွင် ဒလ-ရန်ကုန် တံတားမှာ အကောင်အထည်ဖော် မည့် အရိပ်အယောင်များ တွေ့မြင်နေရပြီ ဖြစ်သည်။ ယင်းတံတားကြောင့် လည်း ဒလမြို့နယ် အမှိုက်ပုံဘေးနားရှိ မြေဈေးများပင် မိုးထိအောင် မြင့် တက်ကုန်ကြသည်ဟု ဒေသခံများက ဆိုကြသည်။
အရှည်ပေ ၆၀၀၀ ကျော် ရှိမည့် အဆိုပါ တံတားကို ရန်ကုန်ဘက်ကမ်း ဘုန်း ကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်း နေရာတို့တွင် ဆက်သွယ်ေ ဆာက်လုပ်မည် ဖြစ်သည်။
စီမံကိန်းကာလ ငါးနှစ်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည့် အဆိုပါ စီမံကိန်းအတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် ကိုရီး ယားအစိုးရချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကျော်တို့ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
တံတားကြောင့် ဒလမြို့နယ်ရှိ ဒေသခံများ၏ လူနေမှုဘဝ မြင့်တက်လာမည် ဟု ဒေသခံများက ယုံကြည်ကြသည်။ ပြည်ပနိုင်ငံများတွင်လည်း မြစ်ကို မြို့ လယ်ပို့ထား၍ မြစ်တစ်ဖက်ကမ်းကို မြို့ကွက်ချဲ့ထွင်စေခြင်းဖြင့် ပိုမိုတိုးတက်
လာလေ့ ရှိကြောင်း မြန်မာ့စီးပွားရေး လေ့လာသူ ဦးလှမောင်က ဆိုသည်။
ထို့ပြင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်များကို အထူးစီးပွားရေးဇုန်အဖြစ်ေ ဖ်ာဆောင်ရန် မြို့သစ်စီမံကိန်းတွင် ပါဝင်သောကြောင့် ရန်ကုန်မြို့မှာေ တာင်ပိုင်းသို့ ချဲ့ထွင်သွားမည့် သဘော ရှိနေသည်။
ယင်းသို့ ဆိုပါက ရန်ကုန်မြစ်သည် အင်္ဂလန် လန်ဒန်မြို့လယ်ခေါင်ရှိ သိမ်းမြစ် ကဲ့သို့ပင် နောင်အခါတွင် ရန်ကုန်မြို့လယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
တောင်ပိုင်းခရိုင်ရှိ ချဲ့ထွင်မည့် မြို့နယ်များတွင် ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်းနှင့် ကော့မှူးမြို့နယ်တို့ ပါဝင်ရာ ဒလတံတားသည် ရန်ကုန်မြို့ လယ်မှတစ်ဆင့် အဆိုပါ မြို့နယ်များသို့ သွားရောက်ရန် အဓိကလမ်ြးေ ကာင်း ဖြစ်လာမည်။ကွမ်းခြံကုန်းသည် ပင်လယ်ဆိပ်ကမ်းရှိရာ စက်မှုဇုန်နှင့်
လေယာဉ်ကွင်း စီမံကိန်း တည်ဆောက်ရန် တိုင်းအစိုးရအဖွဲ့က ရည်ရွယ် ထားပြန်သည်။
ဒလတံတားသည် မင်္ဂလာဒုံ-ဒလ လမ်းကြောင်းသစ်ဖြင့် အသစ် တည်ေ ဆာက်မည့် ဟံသာဝတီလေဆိပ်ကို ချိတ်ဆက်ထားမည်ဖြစ်ရာ လုပ်ငန်းရှင် များအတွက် မျက်စိကျစရာ ဖြစ်လာသည်။ သို့သော်လည်း ဒလသည် ရေရှား သည်ဟု နာမည်ကျော်ရာ နည်းပညာဖြင့် ကျော်လွှားရဖွယ် ရှိနေသည်။
"ဟံသာဝတီလေဆိပ်နှင့် မိုးပျံတံတား"
မြန်မာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်လာမည့် ဟံသာဝတီလေ ဆိပ်ကို ရန်ကုန်မြို့မှ ၆၅ ကီလိုမီတာ အကွာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှ င့် တင်ဒါအောင်မြင်ထားသော Yangon-Changi-JGC Consortium ကုမ္ပဏီတို့က တည်ဆောက်မည် ဖြစ်သည်။
လက်ရှိတွင် သဘောတူညီမှု မူဘောင်ကိုသာ လက်မှတ်ရေးထိုးထားပြီး ယ ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြား
ထားသည်။
ဟံသာဝတီလေဆိပ် တည်ဆောက်ပြီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာေ လ ဆိပ်တွင် ခရီးသည် သိပ်သည်းမှုကို လျှော့ချနိုင်မည် ဖြစ်သည်။
သို့သော် ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည်ဟု ရန်ကုန်တိုင်း အစိုးရ က ဆိုထားသည့် နိုင်ငံတကာလေဆိပ်၏ အနေအထားအပေါ် မူတည်၍ ဟံသာဝတီလေဆိပ်၏ အနာဂတ် ပြောင်းသွားဖွယ် ရှိသည်။
ဟံသာဝတီလေဆိပ်နှင့် ရန်ကုန်မြို့ကို မိုးပျံလမ်းဖြင့် ဆက်သွယ်မည် ဖြစ် သည်။ ရန်ကုန်မြို့လယ်မှ ဟံသာဝတီလေဆိပ်သို့ သွားရာတွင် ယာဉ်ကြော ကျပ်တည်းမှုကို ရှောင်ရှားရန်အတွက် မိုးပျံတံတား စီမံကိန်း ပေါ်ပေါက် လာ ခဲ့ခြင်း ဖြစ်သည်။
ယင်းစီမံကိန်းသည် လူအများ စိတ်ဝင်စားမှု ခံနေရသော်လည်း ဝန်ကြီးဌာ နနှင့် JICA တို့က အကြိုလေ့လာဆန်းစစ်မှု ပြုလုပ်သည့် အဆင့်သာ ရှိနေသေးသည်။ မိုးပျံတံတား စီမံကိန်းကို ကိုရီးယားနှင့် ပြုလုပ်ရန် ရည်ရွယ် ထားသည်ဟု ဦးတိုးအောင်က ပြောကြားသည်။
“ဒါပေမဲ့ဗျာ လေဆိပ်ကိုသွားဖို့ တစ်ခုတည်းအတွက်နဲ့ မိုးပျံတံတားကြီးေ ဆာက်ရမယ်ဆိုရင် ဘတ်ဂျက်တွေ အရမ်းကုန်မှာပေါ့” ဟု UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။
"သတိပြုရမည့် အကူအညီနှင့် မျှော်လင့်ခြင်း မြို့တော်"
ဒုတိယကမ္ဘာစစ် အပြီးတွင် ကွန်မြူနစ်စနစ်ကို နှိပ်ကွပ်ရန် အရင်းရှင်နိုင် ငံ များ ၏ အကူအညီပေးမှုများမှာ ခေတ်စားလာသည်။ အကူအညီပေးမည့် အစိုးရများမှာ ဒီမိုကရေစီ ပို့ကုန် ဖြန့်ဖြူးလိုခြင်း သို့မဟုတ် ၎င်းတို့အစိုးရ အလိုကျစေမည့် အပြုအမူမျိုး လုပ်ဆောင်မှသာ အကူအညီပေးသည့်
အခြေအနေမျိုး ဖြစ်လာသည်။ နောက်ပိုင်းတွင်မူ နိုင်ငံရေးအရ မဟုတ်သော် လည်း ၎င်းတို့နိုင်ငံရှိ ကုမ္ပဏီများ အကျိုးရှိစေမည့် မူဝါဒမျိုး (Trade and Aid Policy) ဖြင့် အကူအညီများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးအပ်လာကြသည်။
ဥပမာအားဖြင့် အတိုးမဲ့ချေးငွေ သို့မဟုတ် အတိုးနှုန်းနည်းသည့် ချေးငွေ တစ် ရပ် ရယူလိုပါက စီမံကိန်းနှင့် ဆိုင်သည့် ၎င်းတို့နိုင်ငံမှ ကုန်ပစ္စည်းများ ဝယ်ယူ ရခြင်း၊ ၎င်းတို့နိုင်ငံ အဖွဲ့အစည်းများက အကြံပေးပြီး အကြံပေးခ ရယူခြင်းကဲ့ သို့ လုပ်ဆောင်လာကြသည်။
ယင်းတို့အနက် အမေရိကန်နိုင်ငံမှ USAID နှင့် ဂျပန်နိုင်ငံမှ JICA တို့မှာ နာမည်ကြီးသည်။
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ ကို JICA အကူအညီဖြင့် အဓိကရေးဆွဲပြီး ပြည်တွင်းတတ်သိပညာရှင် အချို့လည်း ပါဝင်ခဲ့ကြသည်။
ယင်းစီမံကိန်းကို ဖော်ဆောင်ရန်အတွက်မူ မြန်မာတွင် ငွေကြေးမလုံလောက်။ အများစုကို ဂျပန်ထံမှ လည်းကောင်း၊ အချို့ကို ကိုးရီယားနှင့် အခြားေ သာ နိုင်ငံများ ထံမှ လည်းကောင်း ချေးယူရမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ လျှပ်စစ်ရထား စီမံကိန်းကို ဂျပန်နိုင်ငံ အကူအ ညီဖြင့် လုပ်ဆောင်ခဲ့သော်လည်း တစ်လခန့် အကြာတွင် ရပ်ဆိုင်းသွားခဲ့ရ သည်။ ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ဝယ်ယူခဲ့ရသည့် ရထားတွဲအေ ဟာင်းများသာ အဖတ်တင်ခဲ့သည်။
စီမံကိန်း မစတင်မီက လေ့လာဆန်းစစ်သည်မှာလည်း JICA သာ ဖြစ် သည်။ စီမံကိန်း ရပ်ဆိုင်းရသည့် အကြောင်းပြချက်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဟု ဆိုပြန်ရာ JICA သည် ကနဦး ဆန်းစစ်စဉ်က မမြင်ဟန်ဆောင်၍ ရထားတွဲဟောင်းများ ရောင်းချခဲ့လေသလောဟု မေးခွန်းများ ရှိလာသည်။
“စီမံကိန်းအမှားတွေပေါ့။ သွားပြီလေ။ အစ်ကိုတို့လည်း သိတယ်။ တော်တော် ဆိုးဆိုးရွားရွား ဖြစ်တာ။ အဲဒါမျိုးမဖြစ်အောင် အစ်ကိုတို့က လုပ်ကြရမှာ” ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မှတ်ချက်ပြု သည်။
လက်ရှိတွင် ရန်ကုန်-ဒလ တံတား စီမံကိန်းအတွက် ကိုရီးယားနိုင်ငံမှ အမေ ရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကျော် ချေးယူရာတွင် အမေရိကန်ဒေါ် လာ ၄၅ သန်း တန်ဖိုးရှိ လူစီးရထားတွဲ အသစ် ၁၀၀ ဝယ်ယူရန် ပါရှိသည်။ ယင်းစာချုပ်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း နှစ်ဖက်အစိုးရ
တာဝန်ရှိသူများ စာချုပ် ချုပ်ဆိုခဲ့ကြသည်။
“ပြည်ပအကူအညီတွေနဲ့ ပတ်သက်ရင်တော့ သတိထားပြီး လုပ်ကိုင်စေချင် တယ်” ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သတိပေးပါသည်။
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း၂၀၄၀ ဖော်ဆောင်ရာ တွင် ပြည်ပ အကူအညီများယူမည် ဆိုပါက သတိထားရန် လိုသကဲ့သို့ တစ် ဖက်တွင်လည်း ဆိုရှယ်လစ်ခေတ်က ကဲ့သို့ စိတ်ကြီးဝင်မှုများ မပါဘဲ ယူသင့် ယူထိုက်သည့် အကူအညီများကို နိုင်ငံတကာဆီမှ ရယူရမည် ဖြစ်သည်။
တည်ဆောက်ပြီးသော်လည်း အခြေခံအဆောက်အဦ မပြည့်စုံသည့် လှိုင်သာ ယာ၊ ရွှေပြည်သာ၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ မြို့နယ်တို့ကို ပြည့် စုံအောင် လုပ်ရန်ထက် မြို့သစ်များ တည်ဆောက်ရန် ပိုမို ဆန္ဒရှိနေကြသည် ကို နေ့စဉ်သတင်းများက ဖော်ပြနေကြသည်။
“ဒါပေမဲ့ဗျာ။ ဘယ်လိုပဲချဲ့ချဲ့ နိုင်ငံစီးပွားရေး မကောင်းရင် မရဘူး” ဟုေ ဆာက်လုပ်ရေး လုပ်ငန်းရှင် ဦးနိုင်ဝင်းက ဆိုသည်။
စီမံကိန်းတစ်ခု ဖော်ဆောင်ခြင်းသည် စီးပွားရေးအရ မည်မျှအကျိုးဖြစ်ထွန်းမှု ရှိသည်ကို ထုတ်လုပ်မှု စွမ်းရည်တိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု ကျဆင်းလာမှုနှင့် ဆက်သွယ်ရေး မည်မျှတိုးတက် လာသနည်း ဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် တိုင်းတာနိုင်သည်ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီး၌ လာမည့် နှစ်ပေါင်း ၂၀ တွင် မြန်မာသည် စင်ကာပူကို ကျော်တက်မည် ဟု ပြောကြားခဲ့သည်။ သို့သော် စီမံခန့်ခွဲမှု သဘောတရားများအရ မြန်မာ သည် စင်ကာပူကို ကျော်မည်ထက် ရန်ကုန်သည် စင်ကာပူကို ကျော်မည်က
ဖြစ်နိုင်ခြေ ပိုရှိသည်။ အကြောင်းမှာ အစုအဖွဲ့သေးလေ စီမံခန့်ခွဲရ ပိုလွယ် ကူလေ ဖြစ်သောကြောင့်ပင်။
“စင်ကာပူကို မီအောင်ဆိုတာထက် ကိုယ်နဲ့အခြေအနေတူတဲ့ အိမ်နီချင်း ဗီယက်နမ်တို့၊ ထိုင်းတို့ဆီမှာ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်လဲ ဆိုတာေ လ့လာသင့်တယ်” ဟု ဒေါက်တာအောင်ကိုကိုက အကြံပြုသည်။
မည်သို့ပင်ဆိုစေ သုခမြို့တော်ဆီသို့ မရောက်မီ ဆောက်လုပ်ရေး လုပ်ငန်း ရှင် ဦးနိုင်ဝင်း၏ မျှော်လင့်ခြင်းမြို့တော် ၂၀၄၀ ပြည့်နှစ် ရန်ကုန်မှာ နေချင့်စ ဖွယ် ဖြစ်နေသည်။
Credit :The Voice