နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံ
မှု လိုအပ်ချက်ရှိသော်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်
တွေအညီ ခွင့်ပြုနေတာမို့ လျာထားချက်တွေအတိုင်း မပြည့်မီတာ
တွေရှိနေတယ်လို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ကပြောပါတယ်။
“ကျွန်တော်တို့က ပို့ကုန်တိုးတက်ရေး အလုပ်အကိုင်ရရှိရေး
ကို အထောက်အကူပြုနိုင်တဲ့ CMP လက်ခစားလုပ် ငန်းတွေ၊
ရေထွက်ကုန်လုပ်ငန်း၊ processing လုပ်ငန်းတွေ ရှိကြပေမယ့် လာတဲ့လုပ်ငန်းတွေကို စစ်ဆေးပြီး မှလက်ခံရတဲ့သဘောရှိတော့ လိုချင်တဲ့ရည်မှန်းချက်တွေက မပြည်မီတာတွေရှိတယ်လို့” ဝန်ကြီးကဆိုပါတယ်။
လက်ရှိပြည်တွင်းအထူးစီးပွားရေးဇုန်နဲ့ စက်မှုလုပ်ငန်းနယ်ပယ်မှာ လာရောက်လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေကို နိုင်ငံချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေနဲ့ ကိုက်ညီမှုရှိမရှိ၊ အလုပ်ကိုင်ရရှိမှုအခြေ
အနေ၊ လူမှုပတ်ဝန်းကျင်နဲ့ သဘာအပေါ် ထိခိုက်နိုင်ခြေတွေ၊
ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံတွင်းကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့သဟာဇာ
တဖြစ်မဖြစ် စတဲ့အခြေအနေပေါင်းစုံကနေ နိုင်ငံအတွက်အကျိုး
ရှိတဲ့ လုပ်ငန်းတွေကိုသာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မ တီ
အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်အလိုက် ဝင်ရောက်လုပ်ကိုင်ခွင့် ပြုနေတာဖြစ်ပါတယ်။
ထိုကဲ့သို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်ရာမှာလည်း
အထူးသဖြင့် အထူးစီးပွားရေးဇုန်လုပ်ငန်းတွေက အရင်း
အနှီးနဲ့နည်းပညာအသားပေးတဲ့ လုပ်ငန်းတွေဖြစ်လို့ နည်း
ပညာနဲ့အတတ်ပညာရှင်တွေက အလုပ်ကိုင်အ ခွင့်အလမ်း ပိုသာတဲ့အခြေအနေမှာရှိနေတယ်လို့လည်း ဝန်ကြီးရဲ့ပြော
ဆိုမှုအရ သိရပါတယ်။
နိုင်ငံစီးပွားရေးနဲ့ ပြည်တွင်းလုပ်ငန်းတွေ တိုးတက်အောင်
လုပ်တဲ့နေရာမှာ အချို့သောအခြေခံအဆောက်အအုံ၊
လမ်းပန်းဆက်သွယ်ရေးနဲ့ logistic အပိုင်းတွေမှာ နားမလည်နိုင်တာတွေရှိတာကြောင့်လည်း နိုင်ငံတ
ကာအဖွဲ့ အစည်းတွေရဲ့ လေ့လာစမ်းစစ်မှုတွေအရ လုပ်ကိုင်နေရတာတွေဖြစ်နေတယ်လို့လည်း သိရပါ
တယ်။
Credit: SFJ Strategy First