နာမည်ကျော် မှော်ဆရာကြီးဟူဒီနီ နေထိုင်ခဲ့သော
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်ရှိနေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟူဒီနီသည် အဆိုပါနေအိမ်တွင် ဇနီးဖြစ်သူ ဘက်စ်နှင့်အတူ ၁၉၂၆ ခုနှစ် သူကွယ်လွန်ချိန် အသက် ၅၂ နှစ်အရွယ်အထိ နေထိုင်သွားခဲ့ကြောင်း ဈေးကွက်တင်သွင်းသူ ဒေါက်ဂလပ်စ် အယ်လီမန်းက ပြောကြားသည်။
ဟူဒီနီတို့ ဇနီးမောင်နှံသည် ၁၉၀၄ ခုနှစ်တွင် ယင်းနေအိမ်ကို ကန်ဒေါ်လာ ၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ၎င်း၏ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်လည်း ဖြစ်သည်။
ဟူဒီနီ၏နောက်ပိုင်း ပိုင်ရှင်ပြောင်းလဲမှု အနည်းငယ်သာရှိခဲ့ပြီး နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၁၉၉၁ ခုနှစ်တွင် ဖြစ်သည်။
လက်ရှိပိုင်ရှင်များသည် မိသားစု ၃ စုနေထိုင်နိုင်သည့်နေအိမ်ကြီးအဖြစ် ပြောင်းလဲမွမ်းမံခဲ့သည်။
နယူးယောက်ရှိ နာမည်ကျော် Central Park နှင့်
ဘလောက်အနည်းငယ်သာ ဝေးကွာသည်။
ဟူဒီနီ၏ ဇနီးဖြစ်သူဘက်စ်က ၁၉၂၇ ခုနှစ်တွင် အိမ်နီးချင်းများ
ထံရောင်းချခဲ့ပြီး ဘက်စ်ထံမှ ဝယ်ယူလိုက်သူများက ၁၉၇၀ ပြည့်လွန်နှစ်များအထိ နေထိုင်သွားခဲ့ကြသည်။
နယူးယောက်အိမ်ခြံမြေမှတ်တမ်းများအရ အဆိုပါနေအိမ်သည် ၂၆ နှစ်တာကာလအတွင်း ဈေးကွက်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။
ဟူဒီနီသည် အဆိုပါနေအိမ်ကြီးအတွင်း အသံဖမ်းဝိုင်ယာများတပ်ဆင်ကာ ဧည့်သည်များ စကားပြောနေသည်ကို အသံဖမ်းနားထောင်လေ့ရှိပြီး စိတ်ဖတ်ဟောကြားမှုများတွင် ၎င်းတို့ပြောသည့်အကြောင်းအရာများကို အသုံးချလေ့ရှိသည်ဟုလည်း ဆိုသည်။ နေအိမ်ကြီး၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ ဒသမ ၆ သန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)