နိုင်ငံစီးပွားရေးက ပိုမိုဖွံ့ဖြိုးလာသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအမြောက်အမြားကလည်း
မွန်ဂိုလီးယား၏ မျက်နှာပွင့်လာသော အိမ်ခြံမြေဈေးကွက်သို့ စိတ်ဝင်စားလာကြသည်။
နိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးနေသောစီးပွားရေးကြောင့် အာရှဝံပုလွေဟု စီးပွားရေးပညာရှင်အချို့က အမည်ပေးထားသော မွန်ဂိုလီးယားနိုင်ငံသည် ဂျာမနီဗိသုကာကုမ္ပဏီ RSAAက မကြာသေးမီက နမူနာပြသခဲ့သည့် အီကိုစီးတီး (ဂေဟစနစ်ကောင်းမွန်သောမြို့ပြ)
တစ်ခုကို ၂၀၃၀ ပြည့်နှစ်မကုန်မီ ကြိုဆိုရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
တရုတ်နိုင်ငံ၏ ထျန်ကျင်းအီးကိုစီတီး၏ နောက်ကွယ်မှဖြစ်သော၊ ဗိသုကာပညာရှင်စတီဖင် ရှမစ် ဦးဆောင်သော အဖွဲ့က မွန်ဂိုလီးယားရှိ မြို့ပြနှင့်ဆယ်နွှယ်သောအရပ်ဒေသသစ်တစ်ခုကို Maidar City ဟု အမည်ပေး၍ တက္ကသိုလ်များ၊ ပြတိုက်များ၊ဈေးဝယ်ခရိုင်များ၊ ဘာသာရေးအဆောက်အအုံများ၊ ယာဉ်ကြောပိတ်ဆို့မှုမရှိသော
ခရီးသွားလာရေးစနစ်စသည်တို့နှင့်၎င်းဘာသာကောင်းမွန်စွာစဉ်ဆက်မပြတ်လည်ပတ်နိုင်သော မြို့ပြဌာနေတစ်ခု ဖြစ်လာရန် ရည်မှန်းနေကြပြီဖြစ်ကြောင်း ဂျာမနီမီဒီယာDeutsche Welle က ဖော်ပြခဲ့သည်။
လူဦးရေအားဖြင့် မွန်ဂိုလီးယားမြို့တော် အူလန်ဘာတာလောက် မများပြားဘဲ
၎င်းမြို့ပြတွင် မှီတင်းနေထိုင်သူ ၃ သိန်းထိ ရှိရန် မျှော်မှန်းထားသည်။ RSAA ကစောင့်ကြည့်ရန် ကိုယ်စားလှယ်တစ်ဦးအား မွန်ဂိုလီးယားသို့ လစဉ်စေလွှတ်၍ထိုမြို့ပြစီမံကိန်းဖွံ့ဖြိုးမှုအခြေအနေကို စောင့်ကြည့်စေသည်။
RSAA က Maidar City သည် ယူလန်ဘာတာမြို့သစ်တစ်ခုအဖြစ် ပေးစွမ်းနိုင်မည့်
စည်ကားရှုပ်ထွေးသော မြို့ပြခရိုင်သစ်တစ်ခုဖြစ်လာရန် အလားအလာအရှိဆုံးနေရာ
တစ်ခု ဖြစ်သည်ဟု ယူဆကြခြင်းဖြစ်သည်။ မွန်ဂိုလီးယားပြည်သူများအနေဖြင့် မြို့တော်အူလန်ဘာတာ၏ အပြင်ဘက်တွင်လည်း မြင့်မားသော စီးပွားရေးအလာအလာများနှင့်ပိုမိုတတ်နိုင်သော အိမ်ခြံမြေဈေးများရှိသည့် နေရာများ ရှိကြောင်း သတိပြုမိလာကြ
စေရန် RSAA က မျှော်လင့်နေကြသည်။
"အူလန်ဘာတာကို လူဦးရေ ၆ သိန်းအတွက် တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ အခုအဲ့မှာလူဦးရေ ၁ ဒသမ ၂ သန်းကျော်နေပါပြီ။ အဲ့က အိမ်ခြံမြေဈေးတွေက ဥရောပထက်တောင် များတဲ့ တစ်ဟုန်ထိုးအရှိန်နဲ့ ကြောက်ခမန်းလိလိ မြင့်တက်နေတာပါ" ဟုအထက်ဖော်ပြပါ ဗိသုကာပညာရှင် စတီဗင် ရှမစ်က ပြောကြားခဲ့သည်။
အူလန်ဘာတာသည် ယခုနောက်ပိုင်းတွင် အထင်ကရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အလုံးအရင်းလိုက် ကြုံတွေ့လာနေရသည်။ ၂၀၁၅ မေ တစ်လတည်း၌ပင်မွန်ဂိုလီးယားသို့ အမေရိကန်ဒေါ်လာ ၆ ဘီလျံ ၀င်ရောက်ခဲ့ကြောင်း AsiaOne
သတင်းတစ်ရပ်က ယခုသီတင်းပတ်တွင် ဖော်ပြခဲ့သည်။ ယင်းရင်းနှီးမြှုပ်နှံမှုများ၏အများစုသည် အူလန်ဘာတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com