ဝါတွင်းကာလ နီးကပ်လာခြင်းကြောင့် ရန်ကုန်အိမ် ခြံမြေဈေးကွက်အတွင်း အရောင်း အဝယ်များနှင့်အတူ အခန်းငှားရမ်း မှုများအေးစက်နေကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း (ဗဟို)မှ သိရသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုလျော့ကျလာ ခြင်းနှင့်အတူ မြန်မာ့ရိုးရာဓလေ့ထုံး တမ်းများအရ ဝါတွင်းကာလအတွင်း အိမ်ရာပြောင်းရွှေ့ခြင်းများကို လုပ် ကိုင်ခြင်းမရှိခြင်းကြောင့် ဈေးကွက် အိမ်ခြံမြေအရောင်းအဝယ်များအ ပြင် အငှားဈေးကွက်ပါအေးစက်သွား ခြင်းဖြစ်ကြောင်း အကျိုးဆောင်လုပ် ငန်းအသိုင်းအဝိုင်းမှ သိရသည်။
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန် ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ''အိမ်ခြံမြေအရောင်းအဝယ်က ၂ဝ၁၄ ခုနှစ် နိုဝင်ဘာတည်းက စတင်အေးစက်ခဲ့တယ်။ ၂ဝ၁၅ ခုနှစ်မှာရွေး ကောက်ပွဲကြောင့် ရင်းနှီးမြှုပ်နှံသူ တွေ စောင့်ကြည့်ဆဲကာလဖြစ်ခဲ့တယ်။ ၂ဝ၁၆ မှာကောင်းမလိုလိုနဲ့ အခွန်ဈေးနှုန်းအပြောင်းအလဲကြောင့် ပြန်အေးစက်ခဲ့တယ်။
အခု ၂ဝ၁၇ က ပြီးခဲ့တဲ့နှစ်ထက်တောင် အေးစက် နေတယ်။ ဝါတွင်းရောက်ရင်တော့ မြန်မာလူမျိုးတွေရဲ့အယူအရ အပြောင်း အရွှေ့မပြုလုပ်ကြတဲ့အတွက် အိမ်ခြံ မြေအရောင်းအဝယ်က ပိုမိုအေးစက်လာနိုင်ပါတယ်''ဟုဇွန် ၁၉ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ဝါတွင်းကာလအတွင်းနေထိုင်ရာ မပြောင်းရွှေ့ခြင်းသည် မြန်မာ လူမျိုးများ၏ ယုံကြည်ရာဓလေ့ထုံးစံတစ်ခုဖြစ်ပြီး ယင်းကာလအတွင်း နှစ်စဉ်အိမ်ခြံမြေဈေးကွက်တွင် အ ရောင်းအဝယ်အေးစက်ရုံသာမက ငှားရမ်းမှုမှာလည်း လျော့နည်းလာ ကြောင်း သိရသည်။
အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်သီတာက ''ဝါတွင်းမှာ တော် တော်များများအရောင်းအဝယ်ရော အငှားပါမလုပ်ကြဘူး။ တချို့တလေ တော့ မိုးတွင်းကျမှ ဝယ်ယူငှားရမ်းတာတွေလုပ်ကြတယ်။ သူတို့သဘောထားကြတော့ ဒီအချိန်မှာဝယ်ယူမယ့် အိမ်ကိုဈေးကောင်းနဲ့ရနိုင်မယ်။
မြေအနေအထားအနိမ့်အမြင့်ရေစီး ဆင်းမှု၊ အိမ်အနေအထား ဥပမာမိုးယို နိုင်တဲ့အခြေအနေတွေကို သိနိုင်တယ်။ ဒါကတချို့တလေပါ။ အများစုကတော့ အရောင်းအဝယ်အငှားမ လုပ်ကြဖူး။ မဖြစ်မနေပြောင်းရမယ့် သူတွေလောက်သာ ပြောင်းရွှေ့လုပ် ကြတာများပါတယ်''ဟုပြောသည်။
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုလျော့ကျလာ သည့်အပြင် ပြည်ပရင်းနှီးမြှုပ်နှံသူများဝင်ရောက်လိုသော်လည်း ခိုင်မာ သော ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့်အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုမှာလည်း လျော့နည်းလျက်ရှိကြောင်း သိရသည်။
Credit: Democracy Today