ဇွန်လ တစ်လတာ ရောင်းဝယ်ငှားဈေးကွက် အနေအထားများ

ဇွန်လ တစ်လတာ ရောင်းဝယ်ငှားဈေးကွက် အနေအထားများ - Property News in Myanmar from iMyanmarHouse.com
21 Jun 2017 9:32 am တွင် တင်ခဲ့သည်
1165 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် အိမ် ခြံ မြေ ဈေးကွက်ရဲ့ တစ်လတာ ရောင်းဝယ်ငှားဈေးကွက်ဟာ ဇွန်လ မှာတော့ ကျောင်းဖွင့်ရာသီ နဲ့ မိုးရာသီကာကြောင့် အတန်ငယ်အေးစက်နေခဲ့ပါတယ်။မေလအတွင်း အတန်ငယ် အရောင်းအဝယ်ပိုင်းမှာ လှုပ်ရှားမှုတွေရှိခဲ့ပေမယ့်လည်း ထင်သလောက်ဖြစ်ထွန်းမှုမရှိခဲ့ဘူးလို့ဆိုရမှာပါ။ ဒါပေမယ့် ဈေးကွက်အတွင်းမှာ အငှားကတော့ ပုံမှန်အနေအထားထက် ပိုမိုအားကောင်းခဲ့တယ်လို့လည်း အကျိုးဆောင်တွေဆီက စုံစမ်းသိရပါတယ်။

ဒဂုံလေးမြို့နယ်ကတော့နေရာပေါများမှု၊ ရေရှည်ရင်းနှီးမြုပ်နှံမှုအတွက် အလားအလာကောင်းတဲ့ အတွက် ဈေးကွက်အရ အသာစီးရနေတယ်လို့သိရပါတယ်။ဇုန်မြေအနေအထားမှာလည်း အသုံးပြုဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်မြေတွေအားလုံး အလားအလာကောင်းနေတယ်လို့သိရပေမယ့် အရောင်းအဝယ်အားကောင်းမှုမရှိခဲ့ပါဘူး ။ဒီတစ်လရဲ့ ဈေးကွက်အနေအထားတွေနဲ့ပတ်သက်လို့ အခြေအနေတွေကို စုံစမ်းရသမျှ ဖော်ပြပေးလိုက်ပါတယ်။

"ယခုလအတွင်းအငှားအားကောင်းခဲ့သည့် တိုက်ခန်းများ""

ဒီလထဲမှာတော့ တိုက်ခန်းတွေအငှားအတော်ဖြစ်ခဲ့တယ်။တိုက်ခန်း ၊ လုံးချင်း ၊ ကွန်ဒိုတွေ အကုန်လုံးအငှားကပိုဖြစ်တယ်။အရောင်းအဝယ်ကတော့ နည်းတယ်။ဘယ်လိုနေရာတွေမှာဖြစ်သလဲဆိုရင်တော့ Developed Area တွေပေါ့။Developed area ကလည်း Downtown တွေမှာဘဲရှိတော့ လှည့်ဖြစ်နေတာပေါ့။အရောင်းအဝယ်ကတော့ downtown မှာ မဖြစ်သလောက်ပဲလို့ပြောရမှာဘဲ ဖြစ်ပါတယ်။

""မြို့တွင်း ခြောက်မြို့နယ်""

မြေနေရာရှားပါးသည့် မြို့နယ်များဖြစ်သောကြောင့် ဝယ်ယူသူရှားပါးခဲ့ပါတယ်။စီးပွားရေးလုပ်ကိုင်ချင်တဲ့သူတွေကြောင့် အငှားအားမှာတော့ ထိပ်ပိုင်းကပြေးနေတဲ့မြို့နယ်တွေပါ။အငှား ဈေးကွက်အနေအထားမှာ ပုံမှန်လူနေတိုက်ခန်းထက် ကွန်ဒိုတိုက်ခန်းတွေက ပိုမို အငှားသွက်နေခဲ့ပါတယ်။အငှားဖြစ်တဲ့ ဈေနှုန်းတွေအရတော့ fully furniture တွေဟာ ၁၄ သိန်းဝန်းကျင်နဲ့အငှားဖြစ်ခဲ့ပါတယ်။ Fully Furniture မဖြစ်တဲ့ ကွန်ဒိုခန်းတွေကတော့ ၈ သိန်းဝန်းကျင်နဲ့ အငှားဖြစ်နေကြောင်း အခြေစိုက်ပွဲစားများထံက သိရှိရပါတယ်။

""ဗဟန်းမြို့နယ်""

ဗဟန်းမြို့နယ်မြေဈေးကွက်မှာမူ မြေပေါများသည့် မြို့နယ်ဖြစ်ခြင်း ၊ ဆိတ်ငြိမ်မှုရှိခြင်းအစရှိသည်တို့ကြောင့် အရောင်းအဝယ်ပိုင်းတွင် ဈေးအဖြင့်သာ ရှေ့ဆက်နေပါတယ်။ အရောင်းအဝယ်မှာ ယခင်လအတိုင်း ငြိမ်သက်နေဆဲပါပဲ။""နေရာကောင်းပေမယ့် ဈေးတောင့်မထားနိုင်တဲ လူတွေကချရောင်းကြတယ်။လူတိုင်းတော့မဟုတ်ဘူး။ဆိုကြပါစို့ တစ်ထောင်တန်တယ်ဆိုပေမယ့် တောင့်မထားနိုင်တဲ့လူက ၅၀၀ နဲ့ ချရောင်းချင်ရောင်းတာမျိုးပေါ့။အဲဒါမျိုးတွေကြောင့်ပဲ ဈေးနည်းတာရှိတယ်။ဝယ်သူကလည်း ပုံမှန်အချိန် ဒီဈေးမရဘူးဆိုတာသိတော့ ကောက်ဝယ်ထားလိုက်တာမျိုး။အရောင်းအဝယ်ကတော့ မဖြစ်လိုက် ဖြစ်လိုက်ပါပဲ ""ဟု ရန်ကုန်အခြေစိုက်အကျိုးဆောင်များထံက ပြောပြထားပါတယ်။

"""ရန်ကင်း""

ရန်ကင်းနဲ့တောင်ဥက္ကလာမြို့နယ်တွေက အရောင်းအဝယ်အားမျှသည့် မြို့နယ်တွေ ဖြစ်ပြီး ဈေးကွက်အတန်ငယ် ကောင်းမွန်နေတယ်လို့သိရပါတယ်။ရန်ကင်းမြို့နယ်ရဲ့တစ်ပေပတ်လည် စံနှုန်းများမှာ လက်ရှိတွင် နှစ်သိန်းမှ ခုနစ်သိန်းကြားရှိနေပါတယ်။

တောင်ဥက္ကလာမှာမူ အခြားမြို့နယ်များဖြစ်သည့် မြောက်ဥက္ကလာ ၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့နယ်များနည်းတူ တစ်ပေပတ်လည်လျှင် တစ်သိန်းမှ လေးသိန်းကြားပေါက်ဈေးရှိနေတယ်လို့လည်း အကျိုးဆောင်တွေကဆိုပါတယ်။

"သမိုင်းမြို့သစ်"

ဈေးအနေအထားအရ လာရောက်ငှားရမ်းနေထိုင်သူတွေ ၊ ငှားရမ်း စီးပွားလုပ်ကိုင်သူတွေနဲ့ ဈေးကွက်အသင့်အတင့်ဖြစ်ထွန်းတယ်လို့ နယ်ခံအကျိုးဆောင်တွေဆီကသိရပါတယ်။မြို့သစ်မှာ မြို့ဟောင်းထက် အငှားပိုမိုဖြစ်ထွန်းပေမယ့် မြို့ဟောင်းမှာတော့ အရောင်းအဝယ်ဖြစ်မှုတွေရှိတယ်လို့လည်းသိရပါတယ်။

""ကော့မှုး ၊ ကွမ်းခြံကုန်းနဲ့ မြို့သစ်အသံကြားနေရဆဲနေရာများ""

စီမံကိန်း မြေဧရိယာတွေကတော့ မျှော်လင့်ချက်ထားလို့ကောင်းတဲ့အတွက် အရောင်းအဝယ်ပုံမှန်အနေအထားမှာရှိနေပါတယ်။လတ်တလော အဖြစ်များတဲ့ စီမံကိန်း မြေဧရိယာတွေကတော့ ကော့မှုး၊ ကွမ်းခြံကုန်း၊အစရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။

ဇုန်မြေ

စက်မှုဇုန်မြေဈေးကွက်ဟာလည်း အရောင်းအဝယ် အခြေအနေနဲ့ ဈေးနှုန်းအရအားကောင်းနေတယ်လို့သိရပါတယ်။ အဖြစ်များတဲ့ဇုန်မြေနေရာတွေကတော့ တောင်ဒဂုံ ၊ ရွှေလင်ဗန်း ၊ လှိုင်သာယာ စတဲ့ အရံသင့်သုံးဖို့အဆင်သင့်ဖြစ်နေတဲ့ နေရာတွေမှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးနှုန်းအရ တစ် ဧက လျှင် ကျပ်သိန်းတစ်ထောင်ဝန်းကျင်မှ သိန်းတစ်သောင်းဝန်းကျင်အထိ ဈေးကွက်အတွင်းပေါက်ဈေးရှိနေတယ်ဆိုပေမယ့် ဈေးတက်တဲ့ဖြစ်ရပ်မျိုးမရှိခဲ့ကြောင်း မတ်လ တစ်လတာအတွက် သုံးသပ် တင်ပြလိုက်ရပါတယ်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...
သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service