မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်မှုပုံစံကို ခေတ်စနစ်နဲ့ ညီတဲ့နည်းလမ်း ပုံစံသစ် ပြောင်းနိုင်မှသာ အိမ်ခြံမြေကဏ္ဍ ပိုပြီး တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်သ လို နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ အခါမှာလည်း အံဝင်ခွင်ကျနိုင်မှာ ဖြ စ် တယ်လို့ သိရပါတယ် ။
တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ‘နိုင်ငံတကာ အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းမှာဆိုရင် ပွဲစား ကုမ္ပဏီကြီးတွေနဲ့ ပွဲစားကုမ္ပဏီကြီး လက် ထဲမှာ အလုပ်လုပ်ကြတဲ့ အရောင်းအဝယ်ကိုယ်စားလှယ်တွေဆိုပြီး ရှိပါတယ် ၊ အိမန်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကြီးတွေဆိုရင် လုပ်ငန်းလိုင်စင် ရှိမှသာ လျှင် လုပ်ကိုင်ခွင့်ရှိတယ် ၊ အဲဒီလိုပဲ လက်အောက်ခံအရောင်းအဝယ် ကိုယ် စားလှယ်တွေကလဲ တစ်ဦးချင်း လိုင်စင်တွေ ရှိရပါမယ် ၊ မြန်မာနိုင်ငံမှာက အိမ်ခြံမြေကုမ္ပဏီကြီးတွေ ၊ အိမ်ခြံမြေပွဲစားတွေ ၊ အကျိုးဆောင်တွေ လိုင်စင် မလိုပါဘူး ။ လိုင်စင်ထုတ်ပေးတဲ့ လိုင်စင်ဌာနလဲ မသတ်မှတ်သေးပါ ၊ လိုင် စင် ၊ လိုင်စင်စည်းကမ်း ၊ လိုင်စင်အရည်အချင်းသတ်မှတ်ချက်လဲ မရှိပါ ၊ ဒါေ ကြာင့် စည်းစနစ်ကျနမှုတွေ ၊ တာဝန်ခံမှု ၊ တာဝန်ယူမှု လုပ်ငန်းကျွမ်းကျင်မှု အားနည်းပြီး အထိန်းအကွပ်မရှိ ပရမ်းပတာ ပုံစံဖြစ်နေပါတယ်’ လို့ ပြောပါ တယ် ။
ပြည်တွင်းပွဲစား အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေမှာ အိမ်ခြံမြေ အေ ရာင်းအဝယ်ပြုလုပ်နေကြတဲ့ ပွဲစားတွေ ၊ အကျိုးဆောင်တွေက လုပ်ငန်းလိုင် စင် ရှိဖို့မလိုပါဘူး ။ မည်သူမဆို လုပ်နိုင်ပါတယ် ။ ဒါကြောင့် အိမ်ရှင်မတွေ ၊ ဈေးသည်တွေကအစ အစိုးရဝန်ထမ်းတွေ ၊ အရာရှိကြီးတွေအထိ ပွဲစားအ လုပ်ကို ကြုံသလို ဝင်လုပ်ကြပါတယ် ၊ ပွဲစား ၊ အကျိုးဆောင် ဆိုင်းဘုတ် တင်နေသူတွေ ရှိသလို ဆိုင်းဘုတ်မတင်ဘဲ လုပ်ကိုင်နေသူ အိမ်ပွဲစားတွေ လည်း ရှိပါတယ် ။
ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူတွေရှိသလို လူလိမ်တွေလည်း ရှိပါတယ် ။ တရားရုံးတွေမှာ အိမ်ခြံမြေအမှုများစွာကို တွေ့ရပါတယ် ။ စာ ရွက်စာတမ်းအတုတွေ ၊ ပိုင်ရှင်အတုတွေ ၊ အဆင့်ဆင့် လိမ်လည်ရောင်းချတဲ့ အမှုပေါင်းများစွာ ရှိနေတာကြောင့် အိမ်ခြံမြေ ဝယ်ယူသူတွေအနေနဲ့လည်း အလိမ်မခံရအောင် သတိထားနေကြရပါတယ် ။ ပြဿနာဖြစ်လာတဲ့ အခါ ပွဲစားေ တွအမည် မေးမရ ၊ လိပ်စာလည်း မသိ ၊ အမည်လိမ် ၊ လိပ်စာလိမ်တွေ ကို တွေ့ရပါတယ် ။
ကြိုတင်ကြံစည်မှုတွေနဲ့ အကွက်ချ လိမ်လည်ကြပြီးရင် ပျောက်သွားကြပါတယ် ။ နိုင်ငံတကာအကျိုးဆောင် မြန်မာနိုင်ငံက ပွဲစားတွေက ရောင်းသူနဲ့ ဝယ်သူ စပ်ဟပ်ပေးတယ် ။ ဈေးတည့်ပြီး အရောင်းအဝယ်ဖြစ်ရင် ပွဲခရထိုက်တယ်လို့ လမ်းညွန်ခေတ်ဟောင်း စီရင်ထုံးကို ကိုင်စွဲထားတယ် ။ စရန်ငွေပေးပြီး ပွဲခ အပြည့်ယူပြီးရင် ပွဲစားအလုပ်ကိစ္စပြီးပြီလို့ ဆိုကြတယ် ။
ကျန်ငွေပေးချေတာတွေ ၊ ပိုင်ဆိုင်မှုမှန်မှန် ၊ နာမည်ပေါက်ပြောင်း ကိစ္စတွေ ကို ပွဲစားတွေက သူတို့နဲ့မဆိုင် ၊ ကိုယ့်ပြဿနာကိုယ်ရှင်း သဘောထားကြတယ် ။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ပွဲစားတွေစာ အမည်ပေါက် လွှဲပြောင်း ပြီးတဲ့အ ထိ တာဝန်ယူ ၊ တာဝန်ခံရတယ် ၊ သူတို့ရဲ့ တာဝန်ယူမှုပျက်ကွက်ရင် လည်း လျောကြေးနစ်နာကြေး ပေးကြရတယ် ။ ပွဲခကိုလည်း သတ်မှတ်ချက် နဲ့ နှစ်ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိ ရကြတယ် ။
ကြော်ငြာစရာမလို ၊ ဈေးစစ်မရ ၊ ရှေ့နေကလည်း ရှေ့နေအလုပ်လုပ်တယ် ။
ရှေ့နေတွေဆိုရင်လည်း ဘဏ်ချေးငွေရှေ့နေ့ ၊ ပစ္စည်းအာမခံရှေ့နေ ၊ ရောင်းသူဝယ်သူရှေ့နေဆိုပြီး ရှိပါတယ် ။ ငွေကြေးအပေးအယူတွေကို လည်း ဘဏ်စနစ်နဲ့ ထိန်းချုပ်တာကြောင့် လိမ်လည်လို့မရ ။ ပေးသွင်းမယ့်ေ ငွမသွင်းရင်လည်း နောက်ကျကြေး ၊ ဒဏ်ကြေးတွေ သတ်မှတ်ပြီး ဖြစ်တယ် ။ ဒါကြောင့် ရောင်းသူဝယ်သူကြားမှာ စိတ်ချယုံကြည်စွာ ရောင်း ဝယ်နိုင်ကြပါ တယ် ။
လိုင်စင်လိုပြီ
ဒါကြောင့် ပွဲစား ၊ အေးဂျင့်တွေ ၊ အကျိုးဆောင် ကုမ္ပဏီတွေ စည်းကမ်းစနစ် ကျနစေဖို့ ထိန်းချုပ်မယ့် လုပ်ငန်းလိုင်စင်တွေ လုပ်ကိုင်စေဖို့ လိုပါတယ် ။
နိုင်ငံတော်အစိုးရက စစ်ဆေးပြီးအောင်လက်မှတ်တွေ လိုင်စင်တွေ ထုတ်ပေး ထားတွေ ၊ သက်တမ်းတိုး ၊ လိုင်စင်ကြေး ကောက်ထံတာတွေနဲ့ တိုင်းပြည် အတွက် အိမ်ခြံမြေအခွန်အခတွေ ၊ စာချုပ်စာတမ်းတံဆိပ်ခေါင်းခွန် ၊ ကုန် သွယ်ခွန်တွေကို စည်းကမ်းချမှတ်ပြီး ပြုလုပ်ပါက နိုင်ငံတော်အတွက် အခွန်အ ခတွေ ရမှာဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး ။ အိမ်ရှင် အိမ်ငှားဥပဒေကိုလည်း ခေတ်နဲ့မညီ၍ ပြင်ဆင်သင့်ပါတယ် ။ တခြား အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေကိုလည်း နိုင်ငံတကာက ဖွံ့ဖြိုးတိုးတက်နေ တဲ့ နိုင်ငံတွေကို စံနမှုနာယူပြီး အလျင်အမြန် ပြဌာန်းသင့်တယ်လို့ iMyanmarHouse.com က သိရပါတယ် ။
Credit: The Modern