နေပြည်တော်ကောင်စီနယ်မြေ ၊ ရွှေနံ့သာရပ်ကွက်ရှိ ရှေ့ပြေးစီမံကိန်းအဖြစ် တည်ဆောက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၈၀ ကို ၁၀ နှစ် အရစ် ကျစနစ်နဲ့ ဇူလိုင်မှာ ရောင်းချပေးမှာ ဖြစ်တယ် ။
မကြာခင် ဇူလိုင်လဆန်းပိုင်းမှာ ရောင်းချသွားမယ့် နေပြည်တော်ရှိ တန်ဖိုး နည်းအိမ်ရာအခန်းပေါင်း ၈၀ ကို ဝယ်ယူသူတွေအနေနဲ့ အိမ်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းပြီး ၁၀ နှစ်အထိ အရစ်ကျစနစ် နဲ့ ရောင်း ချသွားမှာ ဖြစ်ပါတယ် ။
မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က ‘အ ခု ၁၀ နှစ်ကနေစမှာ ၊ ပထမရှစ်နှစ်ကနေ အခု ၁၀ နှစ် ၊ ၁၀ နှစ်ကနေ ၁၅ နှစ် တိုးဖို့ရာကတော့ နောက်တစ်ဆင့်ပေါ့ ၊ အမှန်ကတော့ နောက်နှစ် အထိ မနေပါဘူး ၊ ၁၅ နှစ်က ဖြစ်တော့မှာပါ ၊ အခုအခန်း ၈၀ ကတော့ ၁၀ နှစ်နဲ့ပဲ’ လို့ ပြောပါတယ် ။
ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ရွှေနံ့သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ မ ကြာခင် ရောင်းချတော့မယ့် အခန်းပေါင်း ၈၀ အပြင် နောက်ထပ် အခန်းေ ပါင်း ၄၇၆ ခန်းပါ ဆောက်လုပ်မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် သည်ပထမဆုံးေ ရာင်းချမယ့် အခန်းပေါင်း ၈၀ ကို အကြမ်းအားဖြင့် ကျပ်သိန်း ၁၀၀ သတ်မှတ် ထားပြီး အပေါ်ထပ်အောက်ထပ်အလိုက် ဈေးနှုန်းကွာခြားမှုတွေ ရှိနိုင်ပါတယ် ။
Credit: The Modern