တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ပြီးခဲ့သည့်သီတင်းပတ်ကလည်း အိမ်သစ်ရောင်းအားသည်တတိယမြောက်ဆက်တိုက်ကျဆင်းသည့်
သီတင်းပတ်အဖြစ် ရောင်းအားဆက်လက်ကျ
ဆင်းခဲ့သည်။ အလယ်အလတ်တန်ဖိုးနှင့် တန်ဖိုးနိမ့်စီမံကိန်းများက ၀ယ်လက်များအကြား ဆက်လက်ရေပန်းအစားခဲ့သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ဇွန် ၁၈ တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချခဲ့ရသော အိမ်သစ်ဧရိယာသည် ၁၁၉၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၅ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယမန်နေ့ (ဇွန် ၁၉) တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
"ပြီးခဲ့တဲ့အပတ်ကလည်း ဘယ်စီမံကိန်းကမှ အခန်း ၁၀၀ ပြည့်အောင်တောင် မရောင်းခဲ့ရပါဘူး။ ရောင်းအားအဟုန် အလွန်ကျဆင်းနေတဲ့လက္ခဏာပါ" ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
ချင်ပူခရိုင်တစ်ခုသာ အိမ်သစ် စတုရန်းမီတာ ၂ သောင်းကျော် ရောင်းချနိုင်ခဲ့ပြီး ကျားသင်းနှင့် ဆုန်ကျန်းတို့တွင် ယင်းမတိုင်မီသီတင်းပတ်အောက် ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းစီ သိသိသာသာကျဆင်းခဲ့ကာ ၁သောင်း၎ထောင်နှင့် ၁သောင်း၂ထောင် စတုရန်းမီတာ ခန့် ရောင်းချခဲ့ရသည်။
အိမ်သစ်များကို ၁ စတုရန်းမီတာလျှင် ၄၇၁၁၄ ယွမ် (အမေရိကန်ဒေါ်လာ ၆၉၀၃) ဖြင့် ရောင်းချခဲ့ရပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ရောင်းလိုအားသည်လည်း ၁၃၂၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၁၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com