အိမ်ခြံမြေဈေးကွက် အတွင်း အရစ်ကျရောင်းချသည့် ဈေးကွက် အားကောင်း လာသော်လည်း ငွေပေးချေရာတွင် အရစ်ကျသက်တမ်းကို ကာလရှည် သတ် မှတ်ပြီး ရောင်းချပေးရန် အခက်အခဲရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် များက ပြောကြားသည်။
ဘဏ်စနစ်ဖြင့် ရောင်းချရာ တွင် အရစ်ကျသက်တမ်း ၅ နှစ်မှ ၁၀ နှစ်အ ထိ ရောင်းချပေးနိုင် သော်လည်း ဆောက်လုပ်သူနှင့် ၀ယ်ယူသူတို့သာ တိုက် ရိုက်ရောင်းချပါက အရစ်ကျသက်တမ်းကို များစွာပေးပြီး ရောင်းချခြင်းနည်း ပါးကြောင်း လုပ်ငန်းရှင်များက ပြောသည်။
‘‘ကျွန်တော့် ဆောက်လုပ် ရေးကတော့ အများဆုံး သုံးနှစ်ပဲ အရစ်ကျပေး ထားတယ်။ အများ ကြီးတော့ မပေးထားဘူး’’ဟု ထွန်းဆောက်လုပ်ရေး ကုမ္ပ ဏီမှ ကို လားဆယ်က ပြောသည်။
တိုက်ခန်းသည် ဆောက်လုပ် ပြီးစီးခဲ့၍ လူနေထိုင်နေသဖြင့် အရစ်ကျစနစ် သည် ကာလရှည်လာသည်နှင့်အမျှ ငွေပေးငွေယူမှုအပိုင်းတွင် အခက်အခဲ ရှိလာနိုင်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာများ အသင်းဝင် တစ်ဦးလည်းဖြစ် သူ ကိုလားဆယ်က ဆိုသည်။
ယခုနှစ်အတွင်း အရစ် ကျစနစ်ဖြင့် ရောင်းချလာခြင်းမှာ တိုက်ခန်းများေ ရာင်းအားကျဆင်း လာပြီး ဈေးကွက်ငြိမ်သက်နေ၍ ယခုကဲ့သို့ ပုံစံပြောင်းလဲေ ရာင်းချလာရခြင်း ဖြစ်ကြောင်း ကိုလားဆယ်က ရှင်းပြသည်။
ကြိုတင်ငွေပေးချပြီး ၀ယ်ယူ ရသော တိုက်ခန်းများအရောင်း အ၀ယ် ကျဆင်းေ နသော်လည်း အရစ်ကျငွေပေးချေစနစ်ဖြင့် ၀ယ်ယူနိုင်သော တိုက်ခန်းများ သည် ဈေးကွက်အတွင်း ၀ယ်လိုအားများပြားနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
ဆောက်လုပ်ရေးလောက တွင် ကြိုပွိုင့်တိုက်ခန်းများကို ရောင်းချနေသည့် အခြေအနေမှ ဆောက်လုပ်ပြီးစီးသော အခန်းများကို အရစ်ကျပုံစံဖြင့်ြေ ပာင်းလဲရောင်းချလာကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်းအထွေေ ထွ မန်နေဂျာ ဦးရန်အောင်က ပြောသည်။
တိုက်ခန်းများကို လက်ငင်း ၀ယ်ယူသည့် ဈေးကွက်သည် ၀ယ် ရောင်း ပြု လုပ်သူများ လက်ထဲတွင်များပြီး အများစုသည်လည်း ရောင်းအား ကျဆင်း လာ၍ ၀ယ်ရောင်းပင်ပြုလုပ်ရန် အခက်အခဲရှိလာကြောင်း စိုင်းခွန်နောင် အိမ် ခြံမြေ အကျိုးဆောင် ဦးစိုင်းခွန်နောင်က ဆိုသည်။
လုပ်ငန်းရှင်အများစုသည် ယခုနှစ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမြင့်ကွန်ဒို တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် အထူးရောင်းချပေးသော အိမ်ရာအေ ရာင်းပွဲ တော်များကို အားထားပြီး အ ရောင်းအ၀ယ်ပြုလုပ်နေရကြောင်း အ ထက်ပါလုပ်ငန်းရှင်များက ဆို သည်။
ထို့အပြင် ဘဏ်နှင့် ချိတ် ဆက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချပေးရာတွင် အတိုးနှုန်းများပြား၍ အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူလိုသူများကို ဘဏ် တိုးနှုန်းတစ်ခုသတ်မှတ်ပေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Credit: 7DayDaily