မြန်မာနိုင်ငံသားတွေရဲ့ တရုတ်ဘဏ်အကောင့်တွေ
ထိန်းချုပ်ခံရမှုကြောင့် ပြည်တွင်းငွေကြေးလှည့်လည်မှု
နဲ့ နယ်စပ် ကုန်သွယ်ရေးကို များစွာထိခိုက်လာနိုင်တယ် လို့
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့ဇွန် ၁၅ ရက်နေ့မှာ နယ်စပ်မြန်မာနိုင်ငံတွေသားတွေ
ဘဏ်အကောင့်ဖွင့်ပြီး ကုန်သွယ်မှုပြုနေတဲ့ ယင်းငွေ စာရင်း
တွေကို တရုတ်နိုင်ငံတွင်းကတရားမဝင်ကုန်သွယ်မှုထိန်းချုပ်
ရင်းနဲ့ ဆက်စပ်တဲ့အကောင်တွေဟုဆိုကာ ထိန်းချုပ်လိုက်
တာကြောင့် ဘဏ်အကောင့် တစ်ထောင်ကျော်
(ကျပ်ဘီလီယံ ၄၀၀ ဝန်းကျင်)ကို ထိန်းချုပ်ထားတာလို့
နယ်စပ်ကုန် သည်တစ်ဦးကပြောဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရာမှာ မြန်မာနိုင်ငံမှ
အခွန်ဖြတ်ပြီး တရားဝင်သွားလာနေပေမယ့် တရုတ်နိုင်
အတွင်းမှာ တရားမဝင်ကုန်စည်လို့ဖြစ်နေတာကြောင့်
ပြည်တွင်းငွေပိုငွေလွှဲရာမှာ LC / TT လွှတ်လို့ မရတာ ကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့
တရုတ်ဘဏ်မှာ အကောင်ဖွင့်ပြီးကုန်သွယ်နေ
တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်
ဒု-ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ရှင်းပြပါတယ်။
ယင်းအကျိုးဆက်ကြေင့် မြန်မာ့နယ်စပ်ကုန်သွယ်မှုရဲ့
၇၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ တရုတ်နယ်စပ်ကုန်သွယ်မှုတွေ
ရပ်တန့်နေပြီး အကောင်ပိတ်မှုကြောင့် ဆုံးရုံးသွားတဲ့
ကုန်သွယ်တွေရဲ့ ငွေကြေးတွေကလည်း ပြည်းတွင်းရဲ့
လှည်လည်ငွေကြေးအပေါ်မှာ သက်ရောက်မှုရှိလာနိုင်
တာလို့ဆိုပါတယ်။
အကောင်အပိတ်ခံလိုက်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ
အနေနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ ဆိုင်ရာဝန်ကြီးဌာန
တွေကို တင်ပြထားတယ်လို့လည်း နယ်စပ်ကုန်သည်တွေ
ထံကသိရပါတယ်။
Credit: SFJ Strategy First