မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာနဲ့ အကြား ပိုမို၏ဖွင့်လှစ်လာခဲ့ချိန်ကစလို့ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအကောင်းဆုံး ခရီးသွားနေရာတစ်ခု ဖြစ်ရမယ်ဆိုတဲ့ ကတိက၀တ်တွေ အစိုးရပိုင်းက
ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။ ရှုမဆုံးနိုင်တဲ့ တောတောင်ရေမြေရှုခင်း
တွေနဲ့အတူ ရှေ့ဟောင်းဘုရားပုထိုးစေတီတွေရှိရာ နိုင်ငံရဲ့
ဖွံ့ဖြိုးမှုအတွက် ခရီးသွားလုပ်ငန်းက အဓိကအစိတ်အပိုင်း
တစ်ခုဖြစ်လာမယ်လို့လည်း အစိုးရက မျှော်မှန်းထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လက်ရှိအထိတော့ အလုပ်ဖြစ်သေးပုံ မပေါ်သေးပါဘူး
။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလျှံပယ် စီးဝင်ထားမှုက
အသုံးမပြုရသေးတဲ့ ဟိုတယ်အခန်းတွေကိုသာ
ဖြစ်စေခဲ့ပါတယ်။
" အတွေ့အကြုံသိပ်မရှိဘဲနဲ့ ဒီလိုကဏ္ဍမျိုးတွေကို
ဖော်ဆောင်ရာမှာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ရှိနေပါတယ်" လို့
မြန်မာအစိုးရရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံနဲ့
အကြံပေးပုဂ္ဂိုလ် Paul Rogers က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန် ဖြစ်လာပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း စီးဝင်လာခဲ့သလို အနောက်
အုပ်စုက ကုမ္ပဏီတွေပါ ၀င်ရောက်လာခဲ့ပါတယ်။ ၂၀၁၆ ကဆိုရင်
နိုင်ငံဟာ အာရှဒေသရဲ့ စီးပွားရေးတိုးတက်မှုအမြန်ဆုံး နိုင်ငံ
တစ်နိုင်ငံဖြစ်လာခဲ့ပြီလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကလည်း
ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရေးပဋိပက္ခ ကိစ္စတွေနဲ့
အတူ ခရီးသွားလုပ်ငန်းပိုင်းအပေါ် ထိခိုက်မှုတွေ ရှိနေရပါတယ်။
" နိုင်ငံမြောက်ပိုင်းမှာဆိုရင် ခရီးသွားလုပ်ငန်းအတွက် ဘေးကင်း
လုံခြုံမှု လိုအပ်နေပါတယ်" လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းသမဂ္ဂ
ဥက္ကဌ ဦးသက်လွင်တိုးက ပြောပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုလည်း ၂၀၁၃ ခုနှစ်က စီမံကိန်း
တစ်ရပ် ရေးဆွဲခဲ့ပြီး ၂၀၂၀ မတိုင်ခင် ခရီးသွား ၇ ဒသမ ၅ သန်း
ဖိတ်ခေါ်နိုင်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပါတယ်။ ယင်းဟာ
စစ်အုပ်ချုပ်ရေးကာလ နောက်ဆုံးနှစ်နဲ့ နှိုင်းယှဉ်ရင် ဆယ်ဆနီးပါး
ဖြစ်ပါတယ်။ ယင်းအစီအစဉ်အရ လုပ်ငန်းပိုင်း ၀င်ငွေ ဒေါ်လာ
၁၀ ဒသမ ၂ ဘီလီယံထိ ရဖို့လည်း မျှော်မှန်းထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယင်း ပန်းတိုင်တွေကတော့ စိတ်ကူးယဉ်အတွေး
သက်သက်လိုမျိုး ဖြစ်နေရပါပြီ။ ထုတ်ပြန်ထားတဲ့ ဒေတာအချက်
အလက်သစ်တွေအရ နိုင်ငံကို အမှန်တကယ်လာရောက်ခဲ့တဲ့
ခရီးသွားဦးရေဟာ ၂၀၁၆ မှာ ၃၈ ရာခိုင်နှုန်း ကျဆင်းထားခဲ့သလို
ယခင်အစောပိုင်းနှစ်က ၄ ဒသမ ၇ သန်းကနေ ၂ ဒသမ ၉ သန်း
ထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
တစ်ဘက်မှာလည်း လုပ်ငန်းတွင်း မျှော်မှန်းချက်တွေနဲ့အတူ
ဟိုတယ်အဆောက်အအုံသစ် အများအပြား ပေါ်ထွက်လာခဲ့တယ်လို့
သိရပါတယ်။ ၂၀၁၅ အထိ ငါးနှစ်တာအတွင်း နိုင်ငံမှာ ဟိုတယ်
အလုံးပေါင်း ၁,၃၀၀ ထိ ရှိလာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ
ကလည်း ဟိုတယ်လုပ်ငန်းမှာ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ
လောက်ထိ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ကြဖို့ သဘောတူခဲ့ကြပါတယ်။
ယင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲမှာ နာမည်ကျော်
Accor SA နဲ့ Hilton Worldwide တို့လည်း ပါခဲ့ကြပါတယ်။
ဒါပေမယ့်သော်ငြားလည်း နေပြည်တော်မှာဆိုရင်
ခရီးသွားလုပ်ငန်းသမဂ္ဂရဲ့ အဆိုအရ အများအားဖြင့်
အသုံးမပြုရသေးတဲ့ ဟိုတယ်အခန်းပေါင်း ၅,၀၀၀ နီးပါးလောက်
ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ယမန်နှစ်တုန်းကလည်း နိုင်ငံတစ်ဝှမ်း အခန်းငှားရမ်း
မှုနှုန်းထားဟာ စိုစွတ်တဲ့ လတွေမှာ ၄၀ ရာခိုင်နှုန်းအောက်သာ
ရှိနေပြီး ခြောက်သွေ့တဲ့ နိုဝင်ဘာနဲ့ မတ်လကြား
ကာလမှာလည်း အခန်းငှားမှု နှုန်းက သိပ်မများဘဲ
၅၀ ရာခိုင်နှုန်းလောက်သာ
ရှိတယ်လို့ သိရပါတယ်။
Credit: SFJ Strategy First