ကျွန်တော်တို့ တိုင်းပြည်ရဲ့ သုံးစွဲ လည်ပတ်နေတဲ့ သတ်မှတ်ငွေစက္ကူ တန်ဖိုးဟာ ကျပ် ၅ဝ တန် မှသည် ကျပ် ၁ဝဝဝဝ တန်အထိ ရှိပါ တယ်။ အတိအကျဆိုရရင် ကျပ် ၅ဝ၊ ကျပ် ၁ဝဝ၊ ကျပ် ၂ဝဝ၊ ကျပ် ၅ဝဝ၊ ကျပ် ၁ဝဝဝ၊ ကျပ် ၅ဝဝဝ နဲ့ ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူများပဲ ဖြစ်ပါတယ်။ ၁ဝ ကျပ်တန်၊ ၂ဝ ကျပ်တန် ငွေစက္ကူများကတော့ မ တွေ့ရသလောက် ဖြစ်သွားပါပြီ။ ခေတ် ကာလအရ အသုံးမတွင်တော့တဲ့ အ တွက် ဗဟိုဘဏ်အနေနဲ့ ဆက်လက်ရိုက် နှိပ်ထုတ်ဝေခြင်း မရှိတော့ဘူးထင်ပါ တယ်။
ကျပ် ၅ဝဝဝ တန်၊ ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေခြင်းနှင့် ပတ်သက်ပြီး ငွေကြေး ဖောင်းပွ လာစေနိုင်တယ်ဆိုတဲ့ စိုးရိမ် မကင်းတဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ငွေ စက္ကူအရေအတွက် ကျစ်ကျစ်လျစ်လျစ် နဲ့ အသုံးတွင်တဲ့အတွက် သုံးစွဲသူများ အ ဆင်ပြေ နှစ်ခြိုက်ကြတာ တွေ့ရပါတယ်။ အရပ်စကားနဲ့ ပြောရရင် ကျွန်တော်တို့ အားလုံးဟာ အရေအတွက် နည်းပါးတဲ့ ငွေစက္ကူအချပ်ကြီးတွေကို ဆောင်ထား လိုကြပါတယ်။ အချပ်သေးတွေကိုတော့ မဆောင်ထားလိုကြပါဘူး။
သို့သော် ယနေ့အချိန်မှာတော့ ကျွန်တော်တို့တွေ အချပ်သေးတွေကို မ ဖြစ်မနေ ဆောင်ထားကြရပါတော့မယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ငွေစက္ကူအကြွေတွေကို မဖြစ် မနေ ဆောင်ထားကြရပါတော့မယ်။ ဘာကြောင့်ပါလဲ။ အဖြေက ရှင်းပါတယ်။ ဘတ်စ်ကားခ ပေးစီးကြဖို့ အတွက်ပါ။ ဝန်ဆောင်မှုများ သိသာစွာ တိုးတက်ကောင်းမွန်လာတဲ့ YBS ဘတ်စ် ကားကိုစီးရင် သတ်မှတ်ထားတဲ့ တန်ရာ တန်ကြေးကို ဂုဏ်သိက္ခာရှိရှိ ပေးစီးဖို့ ကျွန်တော်တို့အားလုံး တာဝန်ရှိပါတယ်။
လေ့လာစူးစမ်းမိသလောက် ဘတ်စ်ကားစီး ခရီးသွားပြည်သူ အများစု ကြီးကတော့ ယခင် မထသ ခေတ်မှာလည်း ဘတ်စ်ကားခကို တောင်းရင်တောင်းသ လောက် မညည်းမညူ ပေးစီးခဲ့ကြသလို ယနေ့ YBS ခေတ်မှာလည်း ဘတ်စ် ကားခ တန်ရာတန်ကြေး ပေးစီးရင်း ဂုဏ် သိက္ခာရှိမှုကို ပြသနိုင်ကြတာ တွေ့ရပါ တယ်။
ဒါပေမဲ့ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ဘတ်စ်ကားခကို လက်တို့တောင်းရုံမက ထိုးကြိတ်ပြီးပါတောင်း တတ်တဲ့ စပယ်ယာတွေ ကားပေါ်မှာ မ တွေ့တော့တာနဲ့ ပုံးထဲကို ထီလက်မှတ် အဟောင်းတွေ၊ စက္ကူတွေ၊ စုတ်ပြဲငွေ စက္ကူတွေ ထည့်သွားတတ်ကြတဲ့ ဂုဏ် သိက္ခာမဲ့စွာ စီးနင်းလိုက်ပါသူ အချို့ကို တော့ တွေ့နေရဆဲပါ။ တချို့များဆိုရင် ပိုက်ဆံထည့်ရမယ့်ပုံးကို ယောင်ပြီးလို့ တောင် လှည့်ကြည့်ဖော်မရဘဲ မျက်နှာ ပြောင်တိုက် စီးဝံ့တာလည်း တွေ့ရပါသေးတယ်။ ဒီလို ရှက်ရကောင်းမှန်း မသိသူတွေ အတွက် သက်ဆိုင်ရာက အရေးယူနိုင်ဖို့ တစ်မျိုးတစ်ဖုံ စီစဉ်ပါလိမ့်မယ်။ ပြောရ ရင် ဒါတွေဟာလည်း တန်းစီတက် ငွေပေး ကတ်သုံးစနစ်တွေ ပေါ်လာရင် သူ့အလို လို အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။
မှန်ပါတယ်။ မထသမှသည် YBS သို့ဆိုတဲ့ ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေးစနစ်သစ်အစမှာ ကြိုတင် ပြင်ဆင်မှုများ အားနည်းခဲ့တာကြောင့် အခက်အခဲပေါင်းစုံနဲ့ ပြင်းထန်တဲ့ ဝေ ဖန်မှုတွေကို ကြုံခဲ့ရပေမယ့် ကားသစ်ကြီး တွေရောက်လာတဲ့ ယနေ့အခါမှာတော့ ဝေဖန်မှုတွေ လျော့ပါးသွားသလို ခရီး သွားပြည်သူအချို့ရဲ့ ချီးကျူးအသိအ မှတ်ပြုသံတွေကိုလည်း ကြားစပြုလာရ ပြီ ဖြစ်ပါတယ်။ ဒါဟာ သက်ဆိုင်ရာက မျှော်လင့်ထားတဲ့အတိုင်း တစ်ချိန်မှာ ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူပို့ ဆောင်ရေးလုပ်ငန်း အောင်မြင်မယ့် အ လားအလာပဲလို့ အပြုသဘောဆောင် သုံးသပ်ရပါတယ်။
သေချာတာကတော့ မျှော်မှန်း ထားတဲ့အတိုင်း ပန်းတိုင်ရောက်ရှိဖို့က တော့ တန်းစီစောင့်ဆိုင်းနေတဲ့ စိန်ခေါ် မှုတွေကို ရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့ အစွမ်း ကုန် ကြိုးစားရဦးမှာပါ။
တန်းစီငွေချေ ကတ်စနစ်ကို မသုံးနိုင်သေးတဲ့ ကြိုးစားဆဲကြားကာလမှာ မဖြစ်မနေ လိုအပ်တာကတော့ ငွေ စက္ကူအကြွေတွေ ဆောင်ထားနိုင်ဖို့လည်း ပါဝင်ပါတယ်။
ဟုတ်ကဲ့ ပြောလိုရင်းကိုရောက်ပါပြီ။ ဘတ်စ်ကားစီးရင် ကျပ် ၁ဝဝတန် ကျပ် ၂ဝဝ တန် ငွေစက္ကူအြေ<ွကတွေကို ဆောင်ထားကြဖို့ ဂုဏ်သိက္ခာရှိရှိ ခရီးသွားပြည်သူ အချင်းချင်းက သတိပေးရုံမက ငွေအကြွေတွ လိုက်လံလဲပေးနေသလို တိုင်းပြည်နဲ့လူမျိုး မြင့်စေလို တင့် စေလိုတဲ့ စာရေးဆရာများကလည်း ဘတ်စ်ကားစီးရင် ငွေအြေ<ွကဆောင်ထား ကြဖို့ စေတနာရှေ့ထား ဆော်သြရေးသား နေကြတာ တွေ့ရပါတယ်။ ဂုဏ်ယူကျေ နပ်ဖွယ် အတိပါပဲ။
သို့သော် ပြောစရာရှိလာပြန် တာက ငွေစက္ကူအြေ<ွကတွေက ခရီးသွား ပြည်သူတွေရဲ့လက်ထဲမှာ လုံလုံလောက် လောက် ရှိမနေတဲ့ အခက်အခဲပါ။ ခရီးသွားပြည်သူအချို့အနေနဲ့ ငွေအကြွေကလဲ လှယ်ဖို့ အဆင်မသင့်တဲ့အခါ ပိုက်ဆံ ပုံးထဲ ကားခထည့်ဖို့ ခေါင်းခဲစရာဖြစ်လာ ပါတယ်။ ကျပ် ၁ဝဝ တန် ကျပ် ၂ဝဝ တန် ခရီးကို လက်ထဲမှာရှိတဲ့ ကျပ် ၁ဝဝဝ တန်၊ ၅ဝဝဝ တန် ထည့်လိုက်ဖို့ရာကလည်း မဖြစ်နိုင်။ ဒီလောက် ဘတ်စ်ကားခလေး တောင် ပေးမစီးရကောင်းလားရယ်လို့ အထင်သေးတဲ့အကြည့်နဲ့ ဝိုင်းကြည့်ကြ မှာကိုလည်း ရှက်ရွံ့ရဆိုတဲ့ ခံစားမှုမျိုး ကို ကြုံဖူးသူတွေလည်း ရှိမှာပါ။ ဒါဟာ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို အဓိကကတော့ ငွေအကြွေရှားပါးမှု ပြ ဿနာပါပဲ။
ပြန်ကြည့်ရင် ငွေစက္ကူအကြွေ ရှားပါးမှုဟာ ၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်က စတာပါ။ ရှိတဲ့ ငွေစက္ကူအကြွေတွေကိုပဲ လှည့်ပတ်သုံးစွဲနေရတဲ့အတွက် မရှိမဲ့ရှိ မဲ့ ငွေစက္ကူတွေဟာ သစ်ရာမှ ဟောင်းနွမ်း၊ ဟောင်းနွမ်းရာမှ စုတ်ပြဲလာရပါတယ်။ ထိုဟောင်းနွမ်း စုတ်ပြဲနေတဲ့ ငွေစက္ကူအ ကြွေတွေကို တိပ်ကပ်သုံးစွဲရတဲ့အထိ ပါ ပဲ။ အသုံးလိုလို့ ဆိုင်တွေမှာ တိပ်သွား ဝယ်ရင်တောင် ဆိုင်ရှင်က ပိုက်ဆံကပ် တဲ့တိပ်လားလို့ အရင်မေးတတ်လေ့ ရှိပါ တယ်။ ဒဏ်ရာအနာတရ ရထားသလို တိပ်အထပ်ထပ် ဖြတ်ညှပ်ကပ်ထားတဲ့ ပိုက်ဆံကို သုံးစွဲရတာ တိုင်းပြည် အင်မတန် သိက္ခာကျပါတယ်။
အံ့သြစရာ ကောင်းတာက ငွေ အကြွေတွေဟာ ပြည်သူလက်ထက်မှာသာ ရှားပါးတာပါ။ တန်ဆောင်တိုင်ပွဲတော် ဘုံကထိန် လှည့်လည်တဲ့အခါမှာတော့ အချပ်ကြီးအချပ်သေး ပိုက်ဆံအသစ်ကျပ် ချွတ်တွေကို ဖောဖောသီသီ တွေ့မြင်ရ ပါတယ်။ စုံစမ်းကြည့်တဲ့ အခါမှာတော့ ငွေစက္ကူ ကျပ် ၁ဝဝ တန် ကျပ် ၂ဝဝ တန်၊ ကျပ် ၅ဝဝ တန် အသစ်ကျပ် ချွတ် အုပ်လိုက်ကို ရာနှုန်းအလိုက် ငွေပိုပေး ပြီး ဝယ်လို့ရတဲ့နေရာရှိကြောင်း သိရပါ တယ်။ ငွေအြေ<ွကတွေကို ကိုင်ထားပြီး စီးပွားရှာနေသူတွေ ရှိတဲ့သဘောပါပဲ။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဝန်ထမ်းများ လစာပေးရာ မှာ ငွေစက္ကူအကြွေ (အသစ်ကျပ်ချွတ်)များ ရောနှောပေးစေခြင်းများ ငွေအကြွေ ရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင် ခဲ့ပါတယ်။
၂ဝ၁၂ ခုနှစ် ဝန်းကျင်လောက်မှာ ပြန်လည်လှည့်လည်သုံးစွဲခဲ့တဲ့ ငွေစက္ကူအကြွေများဟာ ပြည်သူ့အစိုးရ လက်ထက်မှာ ပြန်လည်ရှားပါးစပြုလာတဲ့ လက္ခဏာအဖြစ် ဟောင်းနွမ်းငွေစက္ကူ အကြွေများ၊ တိပ်ကပ် ငွေစက္ကူအကြွေ များကို တွေ့မြင်သုံးစွဲလာရခြင်းနဲ့ ငွေ အကြွေလဲလှယ်ရ ခက်ခဲခြင်းများကို ကြုံ တွေ့လာရပြီ ဖြစ်ပါတယ်။
ထိုအခြေအ နေကို အသိသာဆုံး မီးမောင်းထိုးပြနေ တာကတော့ ပြည်သူအများ YBS နဲ့ ခရီးသွားခြင်း ခေါင်းစဉ်အောက်မှာပဲ ဖြစ်ပါတယ်။
ဟုတ်ကဲ့...ကျွန်တော်တို့ ခရီးသွားပြည်သူများအားလုံး ငွေအကြွေတွေ ဆောင်ထားချင်ပါတယ်။ ငွေ အတြွေ ထုတ်ပေးပါ...။
Credit: Yangon Media Group