သစ်တောဝန်ကြီးဌာန ပိုင် လယ်မြေများတွင် စိုက်ပျိုး သည့် လယ်သမား များ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေး ငွေမရနိုင်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြော ကားသည်။
အဆိုပါ လယ်မြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် ပြီးမှသာ လယ် ယာမြေလုပ်ခွင့် လက်မှတ် ပုံစံ(၇) ထုတ်ပေးပြီး နောက် ဘဏ်ချေးငွေ ရ ရှိနိုင် ကြောင်း ဦးလှကျော်က ဆိုသည်။
ဇွန်လ ၁၉ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် လယ်ယာမြေလုပ်စား ပိုင်ခွင့်ပုံစံ (၇) မရှိသော တောင် သူလယ်သမားများ အား ချေးငွေ များ ထုတ်ချေးပေးရန် တောင်းခံ ခြင်းနှင့် စပ်လျဉ်း၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်သော ဧရိယာအ တွင်း လက်ရှိ လုပ်ကိုင်နေသော တောင် သူများ၏ လယ်ယာမြေ များကို စနစ်တကျစိစစ်ပြီး စိုက် ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း ကို ပြန်လည်ဖြေကြားရာ၌ လယ် ဆည်ဒုဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။
၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လယ်ယာမြေ ကိုသာလျှင် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ထုတ်ပေးရမည် ဖြစ်၍ သစ်တောမြေမှ ပယ်ဖျက် ပေးခြင်း မရှိသေးသော စိုက်ပျိုး မြေများကို ပုံစံ(၇) ထုတ်ပေး၍ မရ ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနက လယ်ယာမြေအဖြစ် သတ်မှတ်ခြင်းပြု နိုင်မည် မဟုတ်သော ကြိုးဝိုင်းသစ်တောမြေ၊ ကြိုးပြင်ကာ ကွယ် တောမြေများအတွက် ချေးငွေ ထုတ်ပေးခြင်း မရှိပါကြောင်း ဒုဝန်ကြီး ဦးလှကျော်က ပြောကြား သည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ ချေးေ ငွညွှန်ကြားစာ၌ တောင်သူလယ်သမားတစ်ဦးချင်း အတွက် ငွေချေး စည်း ကမ်းသတ် မှတ်ချက်များတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိပြီးသူဖြစ်ရမည်ဟု သတ်မှတ် ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ယခင်နှစ်က မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ ကျပ် ၁,၅၀၀ ဘီလီ ယံကျော် ထုတ်ပေးခဲ့ပြီး ယခုနှစ် တွင် ကျပ် ၁,၉၈၀ ဘီလီယံကျော် တိုးမြှင့်ပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။
လယ်ယာကဏ္ဍတွင် ငွေချေးခြင်းအပြင် လယ်ယာကဏ္ဍတစ်ခု လုံးဖွံ့ဖြိုးတိုး တက်လာရန် ရည် ရွယ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို ဧပြီ ၁ ရက်က စတင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအောက်မှ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့ခဲ့သည်။
Credit: 7DayDaily