တရုတ်နိုင်ငံတွင်အပိတ်ခံထားရသော မြန်မာနိုင်ငံသား ဘဏ်ငွေစာရင်း များ ပြန်လည် ဖွင့်လှစ်နိုင်ရန် ရွှေလီပြည်သူ့အစိုးရ ဒုတိယ မြို့တော်ဝန်က အဖွဲ့ဖွဲ့ကာ စိစစ်ဆောင်ရွက်ပေး မည်ဟု ပြောကြားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။
ဇွန်လ ၁၈ ရက်က ရွှေလီ မြို့ ပြည်သူ့အစိုးရ ဒုတိယမြို့ တော်ဝန် မစ္စတာလီေ လာင် ဦး ဆောင်သည့်အဖွဲ့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေး မှူး၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး တို့ မူဆယ်မြို့တွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံသား ဘဏ် ငွေစာရင်း များ အပိတ်ခံရမှုနှင့်ပတ်သက်၍ ညှိနှိုင်းရာ၌ ပြောကြားေ ကြာင်း ဦးရန်နိုင်ထွန်းကပြောသည်။
‘‘မြန်မာမှာရှိတဲ့ တရုတ်သံ ရုံးဘက်ကလည်း သူတို့ရဲ့ နိုင်ငံ ခြားရေး ဝန်ကြီး ဌာနတို့၊ ကုန် သွယ်ရေးဝန်ကြီးဌာနတို့ကို အသိ ပေးထားပြီး ဖြေရှင်းဆောင် ရွက် ပေးပါ့မယ်လို့ စာပြန်ထားပါတယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ဇွန်လ ၁၉ ရက် ညနေ တွင် တရုတ်-မြန် မာ နယ်စပ် ဒေသ၌ ကုန်သွယ်ရေးလုပ်ကိုင် သူများ၏ ဘဏ်ငွေစာရင်းအ ပိတ် ခံထားရမှုများကို ဖြေရှင်းပေးမည် ဟု သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ၏ အကျိုးတူစီးပွား ကို ကာကွယ် စောင့်ရှောက်ရန်နှင့် နယ်စပ်ဒေ သ တရားမဝင်လှုပ်ရှားမှုများ ကို တိုက်ဖျက်ရန် နယ်စပ်ဖြတ်ကျော် မှုခင်းများကို စုံစမ်းစစ်ဆေးရာ တွင် နှ စ်နိုင်ငံကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများကို ယာယီ ပိတ်ခဲ့သည်။ ထိုသို့ အပိတ်ခံရ သည့် စာရင်းတွင် မြန်မာကုန် သည်များ၏ ဘဏ်ငွေစာရင်းများ ပါဝင်သဖြင့် ယင်းပြဿနာကို ကောင်းမွန်စွာဖြေ ရှင်းမည်ဟု သံရုံးသတင်း ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသားဘဏ် ငွေ စာရင်းများ အပိတ်ခံရခြင်းနှင့် ပတ်သက်၍ ရွှေ လီပြည်သူ့ အစိုးရ ဒုတိယ မြို့တော်ဝန်၏ ပြောကြားချက်တွင် တရုတ်နိုင်ငံရှိ အွန်လိုင်းလောင်းကစားမှု တစ်ခု ကို တရုတ်ရဲက ဖော်ထုတ်နိုင်ပြီး အဆိုပါအ မှုနှင့် ဆက်စပ်၍ တရုတ်ရဲက နိုင်ငံဘဏ်ငွေစာ ရင်း ငါးထောင်ကျော်ကို ပိတ် ရာတွင် လောင်းကစားမှုနှင့် စပ် ဆက်မှုမရှိသော ရွှေလီမြို့ ၌ မြန်မာနိုင်ငံ သားများ ဖွင့်လှစ် ထားသည့် ဘဏ်ငွေစာရင်း ၁၃၂ ခု ပါဝင်သည်ဟု ပြော ကြားခဲ့ ကြောင်း ဦးရန်နိုင်ထွန်းက ပြော သည်။
တရုတ်နိုင်ငံတွင် ဘဏ်ငွေ စာရင်း အပိတ်ခံရမှုနှင့်ပတ်သက် ၍ ငွေစာရင်း ၁,၀၀၀ ကျော် (ကျပ်ငွေသန်းလေးသောင်းကျော်) ရှိသည်ဟု မူဆယ်နယ်စပ်မှ ကုန်သည်များက ပြောထားသည်။ အပိတ်ခံထားရသည့် ငွေစာရင်းများ တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင် သူများ၊ ဆန်၊ သကြား၊ ပြောင်း ဖူးစေ့ စသော ပို့ကုန်သမားများ၏ ငွေစာရင်းများ၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေသြဇာကဲ့သို့ လယ်ယာ လုပ်ငန်းနှင့်ဆိုင်သည့် သွင်းကုန် သမားများ၏ ငွေစာရင်းများ ပါဝင် သည်။
မြန်မာနိုင်ငံသား ဘဏ်ငွေ စာရင်းများသည် လောင်းကစားမှု နှင့် စပ်ဆက်မှု မရှိသည်ကို သိသ ကဲ့သို့ ဘဏ်ငွေစာရင်းပိတ်သည့် ဖြစ်စဉ်နှင့် ပတ်သက် ၍ ရွှေလီ ပြည်သူ့အစိုးရက ကြိုတင်သိရှိမှု မရှိဟု ပြောကြားခဲ့ကြောင်း ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။
တရုတ်နိုင်ငံတွင် မြန်မာနိုင် ငံသားများ ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်း အပိတ်ခံရမှုနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အနေဖြင့် ဇွန်လ ၁၅ ရက်တွင် သတင်း စတင် ရရှိပြီးနောက် တရုတ်နိုင် ငံ စီးပွားရေးသံမှူးကို အသိပေးခြင်း၊ တရုတ်နိုင်ငံရှိ မြန်မာကောင်စစ်ဝန်ကို အသိ ပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ် နိုင်ငံသံရုံးကို ဝင်ရောက်ညှိနှိုင်း ပေးနိုင် ရန် အသိပေးခြင်း စသည်တို့ ဆောင်ရွက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်ြး ပသည်။
တရုတ်နိုင်ငံတွင် မြန်မာနိုင် ငံသားများ၏ ဘဏ်ငွေစာရင်း အပိတ်ခံရမှုေ ကြာင့် ဇွန်လ ၁၄ ရက်နောက်ပိုင်း မြန်မာ၊ တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေး များစွာနှောင့်နှေးသည်ဟု မူဆယ်မြို့မှ ကုန်သည်အချို့က ပြော သည်။
‘‘ငွေစာရင်းပိတ်ထားတော့ ဒီဘက်ကလည်း သိပ်မသွားနိုင် သလို ဟိုဘက်က လည်း သွင်း ကုန်တွေနည်းတယ်’’ဟု မူဆယ် မြို့မှ ကုန်သည်ဦးသန်း ထိုက် က ပြောကြားသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ ကြက်သွန်ရောင်းချနေသည့် ကုန်သည် ဦး သန်းထိုက်သည် တရုတ်နိုင်ငံမှ ဘဏ်ငွေစာရင်း ပိတ်မှုတွင်ပါဝင်ပြီး ယွမ်ေ ငွနှစ် သိန်း (ကျပ်သိန်းသုံးရာခန့်) တရုတ်ဘဏ်တွင် အပိတ်ခံထားရသည်ဟု ရှင်းပြသည်။
နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုရာ တွင် မြန်မာ ကုန် သည်များသည် ငွေပေးငွေယူ လွယ်ကူရန် တရုတ် ဘဏ်များ၌ ငွေစာရင်း ဖွင့်လှစ် ထားရသည်။ မြန်မာနိုင်ငံမှ ဆန်၊ သကြား၊ ပြောင်းဖူးစေ့ကဲ့သို့ လယ် ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်သီး ဝလံများ တ ရုတ်နိုင်ငံသို့ ရောင်းချ ရာတွင် အကြွေးစနစ်ဖြင့် ရောင်း ချခြင်းကြောင့် ကုန်သွယ်ရေး အဆင်ပြေစေရန် တရုတ်နိုင်ငံ တွင် ဘဏ်ငွေစာရင်းများ ဖွင့်လှစ်ရခြင်းဖြစ်သည်။
တရုတ်နိုင်ငံတွင် ဘဏ်ငွေ စာရင်း အပိတ်ခံရမှုကြောင့် ရန် ကုန်၊ မန္တလေး၊ မူဆယ်မြို့ရှိ အသေးစားနှင့် အလတ်စားကုန် သည်များ အရင်းအနှီးဆုံးရှုံးခြင်း၊ ကုန်သွယ်ရေးနှင့် ဆက်စပ်နေ သည့် ကားသမားများ၊ အလုပ် သမားများ အ လုပ်လက်မဲ့ဖြစ်စေ ခြင်း စသည့် ထိခိုက်မှုများဖြစ်လာ မည်ကို စိုးရိမ်ရေ ကြာင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဒုတိယ ဥက္ကဋ္ဌဒေါက်တာ စိုးထွန်း က ပြော ကြားသည်။
မြန်မာနိုင်ငံမှ နယ်စပ်ကုန် သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန် ၆၀ ရာခိုင်နှု န်း၊ ပြောင်း ၉၉ ရာခိုင်နှုန်း၊ ဖရဲသီး ၉၀ ရာခိုင်နှုန်း၊ သကြား၊ ပဲ၊ နှမ်းနှင့် ရေ ထွက် ပစ္စည်းများ တင်ပို့ရောင်းချနေရ ခြင်းကြောင့် ယခုဖြစ်စဉ်က တောင်သူ လယ်သမားများ၏ အကျိုးစီးပွားများပါ ထိခိုက်လာ နိုင်ကြောင်း ၎င်းက ပြော ကြားသည်။
Credit: 7DayDaily