၂၀၁၇ ဇွန်လ အတွင်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုစီမံကိန်း ၂၂ခု အမေရိကန်ဒေါ်လာသန်း ၇၀၃သန်းကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ထံမှ
သတင်းရရှိသည်။
အဆိုပါလုပ်ငန်းများကို ဇွန် ၁၇ရက်က ရန်ကုန်မြို့
မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင် အစည်းအဝေးတွင်
အတည်ပြု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ခွင့်ပြုလိုက်သည့်
လုပ်ငန်း ၂၂ခုတွင် စက်မှုကဏ္ဍမှ၁၀ခု ၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှ ၁ခု ၊ အဆောက်အအုံတည်ဆောက်မှုမှ
၂ခု ၊မွေးမြူရေးနှင့်ရေလုပ်ငန်း၁ခု ၊ အခြားဝန်ဆောင်မှကဏ္ဍလုပ်ငန်း ၈ခု၊တို့ကိုခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
၎င်းလုပ်ငန်း ၂၂ခုအနက် ခွင့်ပြုမိန့် ထုတ်ပေးသည့်ရင်းနှီးမြှပ်နှံမှု
လုပ်ငန်း ၁၀ခုဖြစ်ပြီးအတည်ပြု မိန့်ထုတ်ပေးလိုက်သည့်
လုပ်ငန်းမှာ ၁၂ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
ဇွန်လအတွင်း နိုင်ငံခြားရင်းနီးမြှပ်နှံမှုများနှင့် အတူု
နိုင်ငံသားရင်းနှီးမြှပ်နှံမှု ၄ခုကိုလဲခွင့်ပြုလိုက်ပြီဖြစ်သည်။ ဇွန်လအတွင်း ပြည်တွင်းလုပ်ငန်းရှင်များဘက်မှရင်းနှီးမြှပ်နှံမှုများအတွက်
ကျပ် ၁၁ဘီလီယံ ကို ရင်းနှီးမြှပ်နှံရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ဇွန်လအတွင်း ရင်းနှီး မြှပ်နှံမှုလုပ်ငန်းအများစုတွင်
စက်မှု လုပ်ငန်းများက အများစုဖြစ်ပြီး
နယ်ဒေသများတွင် လုပ်ကိုင်ရန် လာရောက်လျှောက်ထားမှုများကို အများစု ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၇ -၁၈ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုခွင့်ပြုပေးလျှက်ရှိရာ ၂၀၁၇
ဇွန်လလယ် အထိ ရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၆၆ခု ရင်းနှီးမြှပ်နှံမှုပမာဏ အမေရီကန်ဒေါ်လာ ၁.၈၅၁.၉၃၂ သန်းအထိ ခွင့်ပြုထားပြီဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com