ယခုနှစ်အတွင်း ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်
ကုမ္ပဏီ အဖြစ် ထပ်မံပြီး ၀င်ရောက်မည့် ကုမ္ပဏီအသစ်မရှိသေးကြောင်းသတင်းရရှိသည်။
စာရင်းဝင်ကုမ္ပဏီဖြစ်ရန် လာရောက်လျှောက်ထားသည့် ကုမ္ပဏီမရှိသေးသောကြောင့် ယခုနှစ်တွင် ထပ်မံပြီး ကုမ္ပဏီ အသစ် ပေါ်ထွက်လာနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း၏ဖော်ပြချက်များအရ့ စာရင်းဝင်ကုမ္ပဏီဖြစ်ရန်ကုမ်္ပဏီများ အနေဖြင့် အဆင့် ၇ ဆင့်အတွက် ၁နှစ်နီးပါးပြင်ဆင်ရပြီး နောက်ဆုံး အဆင့်တွင်ရန်ကုန်စတော့ အိတ်ချိန်းကို လျှောက်လွှာ တင်ရခြင်းဖြစ်သည်။
ထို့ကြောင့်လက်ရှိတွင် အဆင့် ၇ဆင့်အတွက် ပြင်ဆင်နေဆဲအများပိုင်ကုမ္ပဏီများသာ ပြင်ပတွင် ပြင်ဆင်လျှက်ရှိသည်။
လျှောက်လွာရာက်ရှိလာပါက ရန်ကုန်စတော့အိတ်ချိန်းမှ တင်ပြလာသည့် အချက်အလက်ပေါ်မူတည်ပြီး ၄၅ရက်မှ ၂လနီးပါး
အကြာစစ်ဆေးမှုများပြုလုပ် ရကြောင်းသိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် လက်ရှိ တွင်ပြီးခဲ့သည့်
ဇန်န၀ါရီလက ပထမပုဂ္ဂလိကဘဏ်
ဝင်ရောက်လာပြီးနောက် စုစုပေါင်းကုမ္ပဏီ ၄ခုဖြင့်လည်ပတ်လျှက်ရှိသည်။
လက်ရှိတွင် ကုမ္ပဏီ ၄ခု၏ ရှယ်ယာဈေးနှုန်းများမှာ
တည်ငြိမ်လျှက်ရှိပြီး အရောင်းအ၀ယ်မှာလည်း
ငြိမ်သက်နေကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com