ကျပ်သိန်း (၁၀၀) မှ သိန်း (၁၀၀၀) အတွင်း မြို့ နယ်စုံ အိမ်ရာ အရောင်းပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သတင်းရရှိသည်။
အဆိုပါပွဲကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၄၊ ၂၅ ရက်နေ့များ (စနေနှင့် တနင်္ဂနွေ)
တွင် ရွှေတိဂုံဘုရား အနောက်ဖက်မုခ်အနီး ပြည်သူ့ရင်ပြင်ဝင်ပေါက် ဖြစ်သော Myanmar Culture Valley တွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ သာကေတ၊ ဒေါပုံ၊ အထက်ပုစွန်တောင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွှန့်၊ တောင်ဒဂုံ၊ စသော မြို့ နယ်များမှ ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ တိုက်ခန်း၊ ကွန်ဒိုများ ပါဝင်ရောင်းချမည် ဖြစ်ကြောင်းလည်း သိရသည်။
“ ငွေပေးချေမှုစနစ်အနေဖြင့် Down Payment မပေးရဘဲ လစဉ် အရစ်ကျ ပေးသွင်းရမည့် အခန်းများ ရှိသလို ၃၀% ပေးသွင်းကာ အခန်းမှာ နေထိုင်ရင်း ကျန် ၇၀% ကို တစ်လ ၅ သိန်း ဝန်းကျင် လစဉ် အရစ်ကျ ငွေချေနိုင်မည့် အခန်းများလည်း ရောင်းချပေးမှာပါ။ မိမိနှင့် အဆင်ပြေမယ့် အခန်းများကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ရန် ပြပွဲသို့ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ် ” ဟု ပွဲစီစဉ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
မည်သူမဆို ပွဲကို အခမဲ့တက်ရောက်နိုင်ပြီး စာရင်းပေးသွင်းထားသူများကို ဦးစားပေးရောင်းချသွားမည် ဖြစ်သဖြင့် အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
www.imyanmarhouse.com/affordable-housing-expo
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)