နှစ်လခွဲအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ နှစ်ဘီလီ ယံေ ကျာ် ဝင်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် အတွင်းရေးမှူး ဦးေ အာင်နိုင် ဦးက ပြောသည်။
‘‘ဒီနှစ်မှာ အလားအလာ ကောင်းပါတယ်။ မနေ့က (ဇွန်လ ၁၆ ရက်)ခွင့်ပြု တာ အပြင် လက် ထဲမှာ ခွင့်ပြုဖို့ ကျန်နေတာလေး တွေရှိပါတယ်။ ဒီနှစ်တော့ အခြေ အနေကောင်းတွေ ပိုင်ဆိုင်ထား ပါတယ်’’ဟု ၎င်းက ဆက်လက် ပြော ကြားသည်။
ထပ်မံခွင့်ပြုရန် ၁ ဒသမ၆ ဘီလီယံကျော် ကျန်ရှိသေး ကြောင်း ဦးအောင်နိုင် ဦးက ပြော သည်။ ယခုဘဏ္ဍာနှစ် ဧပြီနှင့် မေလကုန်အထိ နိုင်ငံခြား ရ င်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉၂၃ သန်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၅ ရက် အ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ဘီလီယံခန့် ထပ်မံခွင့်ပြုခဲ့ခြင်ြး ဖစ်သည်။
ယခု ဘဏ္ဍာနှစ် နှစ်လအ တွင်း နယ်သာလန်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင် ရောက်ထားပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၂၀ ခန့် ရှိသည်။ တရုတ်နှင့် စင် ကာပူတို့က အဆင့်လိုက်ရှိသည်။ အဓိကဝင်ရောက်သည့် လုပ်ငန်း များသည့် ကုန်ထုတ်လုပ်မှု၊ အိမ်ရာနှင့် ဆက်သွယ်ရေးကဏ္ဍတို့ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိ ကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော် ဝင်ရောက်ခဲ့သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့ ခြင်းသည် ကမ္ဘာေ ပါ် တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းမှ ဂယက်ရိုက်ခတ်ခြင်း ၊ မြန် မာနိုင်ငံ တွင် အစိုးရ အပြောင်းအလဲဖြစ် ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြ ဋ္ဌာန်းမှုကို စောင့်ဆိုင်းခြင်းနှင့် ပြီးခဲ့သည့် နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် မဖွဲ့စည်းနိုင်ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ဦးအောင်နိုင် ဦးက ပြောသည်။
ယခင်ဘဏ္ဍာနှစ် ဧပြီနှင့် မေ လတွင် အစိုးရသစ်အကူးအပြောင်း ဖြစ် ၍ နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိခဲ့ပေ။ ဇွန်လမှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ကန် ဒေါ်လာ ၃၁ သန်းစတင်ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ကာလ တူနှင့် နှိုင်းယှဉ် လျှင် ယခုနှစ်သည် ဒေါ်လာနှစ် ဘီလီယံဝန်းကျင် ပိုများနေ သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက် သည့်နိုင်ငံသည် စင်ကာပူဖြစ်ပြီး ယင်းနောက်တွင် ဗီယက်နမ်၊ တရုတ်နိုင်ငံ တို့က အစဉ် လိုက်ရှိသည်။ အဓိကဝင်ရောက် သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သည် ဆက်သွယ်ရေးကဏ္ဍဖြစ်ပြီး ကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ဝင် ရောက်ခဲ့သည်။
လက်ရှိ အစိုးရသည် ၂၀၁၇ ဇွန်လ ၆ ရက်တွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ယခင်အဖွဲ့ဝင် ၁၁ ဦးအစား အဖွဲ့ဝင် ၁၃ ဦးဖြင့် ပြန် လည်ဖွဲ့စည်းခဲ့သည်။ ယခင်အဖွဲ့ ဝင်တစ်ဦး နေရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှ ကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်နှင့် အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ေ ရးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန အမြဲတမ်း အ တွင်းဝန် ဦးမျိုးအောင် တို့ဖြင့် ထပ် မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။
Credit: 7DayDaily