က်ဴးဘ၀၊ က်ဴးသံသရာ

က်ဴးဘ၀၊ က်ဴးသံသရာ - Property News in Myanmar from iMyanmarHouse.com
19 Jun 2017 11:55 am တွင် တင်ခဲ့သည်
1279 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ဖြေရှင်းခဲ့ပေမယ့် ဒီနေ့အချိန်အထိေ ပျာက်ကွယ်သွားခြင်း မရှိတဲ့အပြင် ပိုမိုများပြားလာတဲ့ အရာကတော့ ကျူးတွေ ပဲ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်တုန်းက မြို့သစ်တွေ တည်ဆောက်ပြီး ကျူးကျော်တွေကို ရှင်းခဲ့ပါ တယ်။ ဆိုရှယ်လစ်ခေတ်မှာလည်း အဲဒီလိုပဲ ရှင်းခဲ့တာပါ။ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်မှာတော့ တဲပေါ်ကနေ တိုက်ပေါ်တင် စီမံချက်နဲ့ ဖြေရှင်းခဲ့တဲ့ အ တွက် ကျူးကျော်အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော် တဲပေါ်ကနေ တိုက်ပေါ် တင် နိုင်ခဲ့ပါတယ်။


၁၉၈၆ ခုနှစ်ကစပြီး ရန်ကုန်မြို့တွင်းနဲ့ မြို့နယ်အချို့ရှိ ကျူးကျော်နေထိုင် သူတွေကို လှိုင်သာယာမြို့နယ်မှာ နိုင်ငံတော်ကနေ ပေ (၂၀ × ၆၀) ၊ မြေ ဂရန်ပိုင်ဆိုင်မှုနှင့် နေရာချပေးခဲ့ပါတယ်။ အဲဒီအချိန်က သွားလာရေးခက်ခဲပြီး စီးပွားရေး အခွင့်အလမ်းနည်းပါးတဲ့ ရွံ့ဗွက်တောထဲက လှိုင်သာယာမြေကွက် တစ်ကွက်ရဲ့ သွင်းကြေးတန်ဖိုးဟာ ကျပ် ၂၀၀၀ သာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ၁၉၉၀ ပြည့်နှစ်အလွန်က ကျူးကျော်နေထိုင်တဲ့ အိမ်ခြေ ၉၀၀၀ လောက်သာရှိခဲ့ပါတယ်။ ဒီစာရင်းဟာ ရန်ကုန်မြို့တော် စည်ပင်သာ ယာ နယ်နိမိတ် ၁၉ မြို့နယ်အတွင်း ကောက်ယူခဲ့တဲ့ စာရင်းတွေပါ။

တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်စတဲ့ မြို့ နယ်တွေမှာ စာရင်းေ ကာက်ယူ သုတေတန ပြုလုပ်ချက်တွေအရ သိရတာ ဖြစ်ပါတယ်။

အရင်ခေတ်တွေတုန်းက ကျူးအရေအတွက် မများခဲ့လို့ အသံကြီးကြီးမားမား မထွက်ခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ ကျူးအရေအတွက် များပြားလာတာေ ကြာင့် အစိုးရအတွက်တော့ အကြီးမားဆုံးဖြေရှင်းရမယ့် ပြဿနာတစ်ရပ် အြ ဖစ် ရောက်ရှိလာပါတယ်။

ကျူး နှစ်မျိုး

အဓိကအားဖြင့် ကျူးကျော်နေထိုင်သူတွေကို ခွဲခြမ်းစိတ်ဖြာရာမှာ ကျူးနှစ် မျိုး နှစ်စားရှိတယ်လို့ ကျူးပြဿနာ လေ့လာသူတွေဆီကနေ သိရပါတယ်။ ကျူးအ စစ်တွေက တကယ်နေစရာမရှိတဲ့အတွက် ကြုံတဲ့နေရာမှာဖြစ်သလို တဲထိုး ပြီး နေကြပေမယ့် ကျူးအတုတွေကတော့ ကျူးအဖြစ် အသွင်ဆောင်ပြီး စီးပွာြး ဖစ် လုပ်ကိုင်စားနေကြတာကိုလည်း တွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ အမှန်တကယ်နေထိုင်ဖို့ အခက်အခဲရှိတဲ့ ကျူးကျော်နေ ထိုင်ရသူ အများအပြားရှိသလို ကျူးကျော်တဲတွေ ထိုးပြီး ပြန်လည် အငှားချ ထားတာတို့၊ တန်ဖိုးသတ်မှတ်ရောင်းချတာတို့ အစရှိတဲ့ စီးပွားဖြစ်ကျူးတွေ လည်း ရှိလာပါတယ်။

စီမံကိန်းလုပ်ငန်း လုပ်ကိုင်ဖို့ သတ်မှတ်ထားတဲ့ မြေနေရာတွေမှာ ဥပဒေမဲ့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်နေထိုင်သူတွေလည်း ရှိလာတဲ့အတွက် အ မှန်တကယ် ကျူးကျော်နေထိုင်သူတွေနဲ့ စီးပွားဖြစ် ကျူးကျော်သူတွေကို အတိ အကျ ခွဲခြားနိုင်ဖို့ဆိုတာ ခက်ခဲတာတော့ အမှန်ပါပဲ။

ကျူးတွေ ဘာကြောင့်များရတယ်

ကျူးကျော်တွေဟာ ရန်ကုန်မြို့မှာ အရင်က ရှိနေပြီးသား ဆိုပေမယ့် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေ သ ကြီးအတွင်း လူတွေ၊ တိရစ္ဆာန်တွေ၊ လယ်ယာမြေတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေ အပြင် အခြားစီးပွားရေးလုပ်ငန်းတွေပါ ဆုံးရှုံးခဲ့ရပြီး ရန်ကုန်မြို့ လှိုင်သာယာ နဲ့ ရွှေပြည်သာ စက်မှုဇုန်တွေဆီ ဧရာဝတီတိုင်း ဒေသကြီးက နာဂစ်ဒဏ်ခံရ တဲ့ ဒေသခံတွေဟာ ပိုမိုများပြားစွာ ၀င်ရောက်လာခဲ့ပါတယ်။

ဒါ့ပြင် မြန်မာပြည်ရဲ့ တချို့ဒေသတွေမှာ ရာသီဥတု ဖောက်ပြန်တာကြောင့် မိုးနည်းရေရှားဒေသတွေက လယ်ယာလုပ်ငန်းကို စွန့်ခွာလာကြသူတွေ၊ စစ်ေ ဘးရှောင်ဒေသတွေက ခိုလှုံလာကြသူတွေကြောင့် ရန်ကုန်ဟာ ပြည်တွင်းေ ရွှ့ပြောင်းလုပ်သား အများဆုံး နားခိုရာဒေသတစ်ခု ဖြစ်လာပါတယ်။

၂၀၁၃ ခုနှစ်မှာ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကနေ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတွေအရ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး ကေ န ရွှေ့ပြောင်းလာကြသူတွေထဲမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုမိုများပြားတယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ လူဦးရေ များပြားခြင်း၊ လူဦးရေ သိပ်သည်းဆမြင့်မားခြင်းနဲ့ မြို့ပြလူဦးရေ အချိုးအစား မြင့်မားခြင်းတို့ဟာ အခြားတိုင်းဒေသကြီး ပြည် နယ်တွေ ကနေ အလုပ်အကိုင်၊ လူမှုစီးပွားရေး အခွင့်အလမ်းတွေရရှိဖို့ ရန် ကုန်မြို့ဆီ ပြောင်းရွှေ့လာတာဖြစ်တယ်လို့ ၂၀၁၄ ခု နှစ် မြန်မာနိုင်ငံ လူဦးေ ရနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ချက်က သုံးသပ်ထား ပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်တွေအရ ကျူးကျော်နေထိုင်သူ အများဆုံးရှိရာ လှိုင်သာယာမြို့ နယ်မှာ အိမ်ထောင်စု (စုစုပေါင်း) ၁၄၈၇၁၁ ရှိတဲ့အနက် အိမ်ပိုင်ရှိသူ အိမ်ေ ထာင်စု ၅၈၆၆၆ စု၊ အိမ်ငှားနဲ့ နေထိုင်ရတဲ့ အိမ်ထောင်စု ၈၁၃၇၈၊ မိဘ၊ေ ယာက္ခမ၊ ဆွေမျိုး၊ မိတ်ဆွေများထံမှာ နေထိုင်ရတဲ့ အိမ်ထောင်စု ၂၀၉၇ စု၊ အစိုးရ၀န်ထမ်းအိမ်ရာမှာ နေထိုင်ရတဲ့ အိမ်ထောင်စု ၁၀၆၆ စု၊ ပုဂ္ဂလိက ၀န် ထမ်း အိမ်ရာမှာ နေထိုင်ရတဲ့ အိမ်ထောင်စု ၁၉၄၁ နဲ့ အိမ်ပိုင်၊ အိမ်ငှား၊ ၀န် ထမ်းအိမ်ရာ၊ မိဘဆွေမျိုး မဟုတ်ဘဲ အခြားနေရာတွေမှာ နေထိုင်ရတဲ့ အိမ်ေ ထာင်စု ၃၅၆၃ စု ရှိတယ်လို့ ဖော်ပြထားပါတယ်။

အိမ်ထောင်တစ်စုမှာ ပျမ်းမျှ လူဦးရေ ၄ ဒသမ ၄ ဦးနဲ့ တွက်ချက် ထားတာဖြ စ်ပြီး ရန်ကုန်မြို့မှာ နေထိုင်နေကြတဲ့ ကျူးကျော်အိမ်ထောင်စုတွေရဲ့ ကိန်းဂ ဏန်း အတိအကျကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။

ရန်ကုန်မြို့လူဦးရေတိုးနှုန်းမှာ ၀ ဒသမ ၇ သာ ရှိပေမယ့် အခြားတိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေကနေ ရွှေ့ပြောင်းရောက်ရှိလာသူတွေကြောင့် နှစ်စဉ်လူဦးရေတိုးနှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းရှိနေပြီး ဒီအထဲကမှ အများအပြား ဟာ ကျူးကျော်အဖြစ် ရောက်ရှိသွားပါတယ်။

ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲ

ဒီချုပ်အစိုးရလက်ထက်မှာ ရန် ကုန်မြို့က ကျူးကျော်တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျူးကျော် စာရင်း ကောက်ယူရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ ပါ တယ်။

ဒီရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်နေသူတွေရဲ့ စာရင်း ကို ၄၅ ရက်နဲ့အပြီး ကောက်ခံပြီး အမှန်တကယ် နေထိုင်စရာမရှိတဲ့ ကျူးေ ကျာ်တွေကို နေထိုင်ဖို့နေရာနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမှာဖြစ်တယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

ကျူးကျော်နေသူတွေကို စာရင်းကောက်ရမှာ ဒီဂျစ်တယ် နည်းပညာနဲ့ လက်ေ ဗွနဲ့ မျက်နှာတွေကို မှတ်တမ်းယူပြီး တစ်ဦးချင်းစီရဲ့ နောက်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးတာတွေလုပ်ပြီးမှ ကျူးကျော်အစစ် ဟုတ်မဟုတ် သတ်မှတ် မှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေ လုံးဝ မ ရှိစေဖို့ မေ ၂၆ ရက် နောက်ပိုင်းကစလို့ အသစ်ကျူးကျော် နေထိုင်သူတွေကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။

နမူနာ ကောက်ယူထားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲ့ ခရိုင်လေး ခရိုင်အ တွင်း ကျူးကျော် လူဦးရေ ၄၃၀၀၅၀ ရှိတယ်လို့ အစိုးရ အဖွဲ့က မေ ၂၅ ရက် က ကြေညာထုတ်ပြန်ခဲ့ပါတယ်။

စတင်ကောက်ယူ

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ သ တင်းစာရှင်းလင်းပွဲအပြီးမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေ သ နစီမံကိန်း၊ ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူရေးစီမံချက်အနေနဲ့ နမူ နာ စမ်းသပ်ကောက်ယူမှုအဖြစ် ဒဂုံ (တောင်ပိုင်း) မြို့နယ်မှာရှိတဲ့ ကျူးကျော် စာရင်းတွေကို စတင်ကောက်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂ ရက်ကစလို့ ရန်ကုန်မြို့ ခရိုင်လေးခုထဲက မြို့နယ် ၁၃ မြို့နယ်မှာရှိတဲ့ ကျူးကျော်တွေကို စာရင်းကောက်ယူပြီး ကျူးသက်သေခံ ကတ်ပြားတွေကို ထုတ်ပေးခဲ့တာပါ။

ဒီလို ကောက်ယူရာမှာ အရှေ့ပိုင်းခရိုင်က ခြောက်မြို့နယ်၊ အနောက်ပိုင်း ခ ရိုင်က နှစ်မြို့နယ်၊ တောင်ပိုင်းခရိုင်က သုံးမြို့နယ်နဲ့ မြောက်ပိုင်း ခရိုင်က နှစ် မြို့နယ် စုစုပေါင်း မြို့နယ် ၁၃ မြို့နယ်မှာ ကျူးကျော်စာရင်းကို ကောက်ယူခဲ့ ပြီး ဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ အနေအထားအရ အရှေ့ပိုင်းခရိုင်မှာ အိမ်ထောင်စုပေါင်း ၃၂၀၀၀ ကျော်၊ အနောက်ပိုင်းခရိုင်မှာ အိမ်ထောင်စုပေါင်း ၆၀၀ ကျော်၊ေ တာင်ပိုင်းခရိုင်မှာ အိမ်ထောင်စုပေါင်း ၁၆၀၀၀ ကျော်နဲ့ မြောက်ပိုင်းခရိုင်မှာ အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်လောက်ရှိတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနကနေ သတင်းရရှိပါတယ်။

ရန်ကုန်တိုင်း ခရိုင်လေးခုအတွင်းမှာရှိတဲ့ မြို့နယ် ၁၃ မြို့နယ်က ကျူးကျော်ေ တွကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အိမ်ထောင်စုပေါင်း ၈၀၀၀၀ ကျော်ရှိပြီး လူဦးရေက ၃၀၀,၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဒီမြို့နယ် ၁၃ မြို့နယ်က ကျူးကျော်စာရင်းတွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂ ရက်ကနေ ၁၇ ရက်အထိ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းမှာ မြို့နယ် ၄၅ မြို့နယ်ရှိတဲ့အနက် ရှစ်မြို့နယ်က ကျူးေ ကျာ်မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျူးကျော်စာရင်း ကောက်ပြီးတဲ့ ၁၃ မြို့နယ်ကို ဖယ်လိုက်ပါက ကျူးကျော်စာရင်း ကောက်ဖို့ ၂၄ မြို့နယ် ကျန်နေ ပါသေးတယ်။ ဒီလိုကျန်တဲ့ ၂၄ မြို့ နယ်က ကျူးကျော်စာရင်းတွေကိုလည်း ဒီနှ စ် ဇူလိုင်လအတွင်း အပြီးကောက်ခံသွားမယ်လို့ သိရပါတယ်။

ကျူး ဟုတ်၊ မဟုတ်

ရန်ကုန်တိုင်းအတွင်းက ကျန်တဲ့မြို့နယ် ၂၄ မြို့နယ်ကို စတင် စာရင်းကောက် ယူရာမှာ ကျူးဟုတ်၊ မဟုတ် ပြဿနာက ဗဟန်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဗဟန်းမြို့နယ် ဆရာစံမြောက် အနောက်နဲ့ ငါးထပ်ကြီးဘုရားတောင်ဘက်က ကျူးကျော်စာရင်းကောက်ယူရာမှာ အိမ်ထောင်စု အနည်းစုသာ စာရင်းသွင်း ခဲ့ပြီး အများစုက ကျူးကျော်မဟုတ်ဘူးလို့ အဲဒီနေရာမှာ နေထိုင် သူတွေရဲ့ြေ ပာကြားချက်အရ သိရပါတယ်။

“ကျွန်တော်တို့ ဇွန် ၁၂ ရက်က ဆရာစံမြောက်အနောက်နဲ့ ငါးထပ်ကြီးေ တာင်ဘက်မှာ ကျူးကျော်စာရင်း ကောက်ပါတယ်။ ဆရာစံ မြောက်အနောက် ဘက်မှာ စာရင်းကောက်တဲ့အခါမှာ လူဆယ်ဂဏန်းလောက်ပဲ လာစာရင်းေ ပးတယ်။ အဲဒီနေရာမှာ ၉၇၁ ခုက ကျူးစာရင်း ၀င်နေတယ်။ ဘာလို့လဲဆိုေ တာ့ သူတို့က ကျူးမဟုတ်တဲ့ အတွက်ကြောင့် နေတာက လည်းကြာပြီ ။ေ ခတ်အဆက်ဆက် အစိုးရလက်ထက်ကတည်းက သူတို့ကိုလည်း ကျူးလို့ မ သတ်မှတ်ဘူး။ အဲဒီမှာပဲ နေခဲ့ကြတယ်။ အခုမှစပြီး စာရင်းကောက် တယ် ဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းတင်လိုက်တယ်။ အဲဒီစာရင်းက ပါလာပြီးတော့ အခုအစိုးရလက်ထက်မှာ လာကောက်ရတယ်။ အဲဒါကြောင့် သူတို့က ၀န်ကြီးချုပ်ကို ကျူးမဟုတ်ဘူးဆိုတဲ့အကြောင်း မြေအကွက် နံပါတ်ေ တွနဲ့ မြေခွန်တွေ၊ မြေဖိုးတွေ သွင်းထားတယ်ဆိုတာ သူတို့မှာ အထောက်အ ထားတွေ ရှိပါတယ်ဆိုတဲ့အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို စာတင်မယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ နောက်တစ်ခုက ငါးထပ်ကြီး တောင်ဘက် မှာဆိုရင် ဆာဘိုးသာခြံမှာ ၃၇၃ လုံးရှိတဲ့အထဲမှာ နှစ်ခုပဲလာတယ်။ ကျန်တဲ့ ၃၇၁ ခုက သူဌေးပိုင်နယ်မြေဖြစ်တဲ့အတွက်ကြောင့် ကျူးမဟုတ်ဘူးဆိုပြီး လာ ပြီး စာရင်းမသွင်းကြဘူး” လို့ ဗဟန်းမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးက ဆိုပါတယ်။

ဒါ့အပြင် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား တောင်ဘက်ရပ်ကွက်၊ ဆာဘိုး သာခြံ အတွင်းနေ ထိုင်သူတွေကလည်း အင်္ဂလိပ်လက်ထက်ကတည်း က နေ ထိုင်လာကြသူများဖြစ်တဲ့အတွက် ကျူးကျော်မဟုတ်ဘူးလို့ သိရပါတယ်။

“ကျွန်တော့်အဘိုးလက်ထက် ကျွန်တော့်အဖေ မမွေးခင်ကတည်းက ဒီမှာေ နလာတာ။ အရင်တုန်းကတော့ ဒီမှာ လူဦးရေအဲဒီလောက် မများသေးပါ ဘူး။ နောက်ပိုင်း တဖြည်းဖြည်း အိမ်ထောင်စုတွေ ခွဲရင်းနဲ့ များသွားတယ်။ ဂရန်တို့ ဘာတို့တော့ ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘွားပိုင်သူဌေးကြီးပိုင်တဲ့ မြေဖြစ်တယ်။ ဘယ်သူမှတော့ ဂရန်တွေ မရှိ ဘူး။ အရောင်းအ၀ယ်လုပ်တဲ့ စာချုပ်တွေမရှိဘူး။ ကျွန်တော်တို့ သိသလောက် ကတော့ ကျူးကျော်စာရင်းကောက်မယ်။ စမတ်ကတ် ထုတ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကျူးကျော်မှမဟုတ်တာ။ ဘိုးဘွားပိုင်သူဌေးက ဖယ်ဆိုရင်ေ တာ့ ဖယ်ရမှာပေါ့။ အဲဒါကတော့ သူဌေးသဘောပေါ့။ ကျူးကျော်တော့ မဟုတ် ပါဘူး။ ယခင်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ ဆာဘိုးသာခြံထဲက လူတွေဆြို ပီးတော့ စာရင်းသွင်းတယ်။ ပြီးတော့ လုပ်ထုံးလုပ်နည်း အရမှန်လား၊ မမှန် လားဆိုတော့ ကျွန်တော်တို့ကို လာပြီးစာရွက်ပေးတဲ့အချိန်မှာ လက်ရှိ ကျွန်ေ တ်ာတို့ အိမ်မှာရှိတာ ရှစ်ယောက်။ ဒါပေမဲ့ ငါးယောက်နဲ့ပဲ လာကောက်တယ်။ အဲဒီ ငါးယောက်စာရင်းက အရင်ကစာရင်းပါ။ ကျွန်တော်တို့ဆီကို စာပို့အေ ကြာင်းကြားတာက ဒီလအစောပိုင်းကပို့တာပါ။ ပထမ ကျွန်တော်တို့ကို ချိန်း တာက ပြီးခဲ့တဲ့ သောကြာကျောင်းဖွင့်ရက်ကြီး။ အဆင်မပြေလို့ ဘယ်သူမှ မ သွားကြဘူး။ ဇွန် ၁၂ ရက်ကို ပြောင်းလိုက်တယ်။ မနေ့ကတော့ ရပ်ကွက်သုံး ခု ဗိုလ်ချို (၁)၊ ဗိုလ်ချို (၂)၊ ငါးထပ်ကြီးတောင်ဘက်ရပ်ကွက် ဖြစ်တယ်။ ကျွန်ေ တ်ာတို့ ငါးထပ်ကြီးတောင်ရပ်ကွက်က အများစုက ကျူးမဟုတ်တဲ့အတွက် နား မထောင်ဘဲနဲ့ ပြန်လာကြတယ်” လို့ ဆာဘိုးသာခြံအတွင်း နေထိုင်နေတဲ့ ဦး တင်အောင်လင်းက ပြောကြားပါတယ်။

အင်္ဂလိပ်လက်ထက်ကတည်းက သူဌေးကြီး ဆာဘိုးသာက သူ့ရဲ့လုပ်ဖော် ကိုင်ဖက် ၁၄ ဦးကို သူ ပိုင်ခြံဝင်းအတွင်း နေထိုင်ဖို့ ပေးခဲ့အတွက် အဲဒီ ၁၄ ဦးရဲ့ ဆွေစဉ်မျိုး ဆက်တွေက နေထိုင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ “ကျူးဟုတ်ခြင်း၊ မဟုတ်ခြင်းကတော့ သက် ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ခေါ်ယူမေးမြန်းေ တွ့ဆုံပြီး ဆောင် ရွက်ကြ ပါ လိမ့်မယ်” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်း ညွန်ကြားရေး မှူး ဦးယုခိုင်က ဆိုပါတယ်။

အရေးယူမယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် လေးသိန်းကျော် လောက်ရှိပြီး ကျူးကျော်မဟုတ်ဘဲ လိမ်လည်စာရင်းသွင်းမှုများကို စိစစ်မယ်လို့ ဇွန် ၉ ရက် က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ တစ်နှစ်တာေ ဆာင်ရွ က် မှု သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ဆိုပါတယ်။

“ကျူးကျော်ကို ကျွန်တော်တို့ ခန့်မှန်းထားတာ သုံးသိန်းကျော်လောက် ဖြစ်ပါ တယ်။တကယ်လက်တွေ့ မြေပြင်အခြေအနေမှာ လေးသိန်းကျော်လောက်ရှိပါတယ်။ ဒီထဲမှာရှိတဲ့ သူတွေအားလုံးဟာ ကျူးကျော်အစစ်အမှန် ဟုတ်မဟုတ်ေ သချာစိစစ်သွားမှာ ဖြစ်ပါတယ်။ လိုအပ်လာမယ်ဆိုရင် သတင်းတပ် ဖွဲ့တွေ ကို ပေးပြီး စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာပြေးလေးပြေးလိုမျိုး ပါနေတာ မျိုးတွေ၊ ဒါမှမဟုတ် ဒီနယ်မြေတွေအတွင်းမှာ ရာဇ၀တ်မှု ကျူးလွန်သူတွေ ရှိနေတာမျိုးတွေ ကျူးကျော်မဟုတ်ဘဲ အစိုးရအဖွဲ့ကို လိမ်လည်စာရင်း သွင်းေ နတဲ့ အခြေအနေတွေမျိုးတွေကို စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးကျော်ေ တွကို စနစ်တကျ နေရာချထားပေးဖို့အတွက် အင်မတန်မှ စိတ်ဝင်စားပါ တယ်။ ဒါကြောင့်မို့ UNHABITAT နဲ့ ညှိနှိုင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ကပါ ပါဝင်ဆောင်ရွက်တဲ့ ကျူးကျော်များ ပြန်လည်နေရာချထားရေးကိစ္စကို ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျူးကျော်ပြန်လည် နေရာချထားရေး အစီအစဉ် သစ်တစ်ရပ်အတွက်လည်း ဧရိယာတစ်ခုကို ရွေးချယ် သတ်မှတ်ဖို့အ တွက် လေ့လာဆန်းစစ်မှုပြုနေပြီ ဖြစ်ပါတယ်။ စနစ်တကျနေရာချထားပေး ဖို့ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်း ကောက်ယူမှုတွေကို စည်ပင်သာယာ နယ်နိမိတ်အတွင်းက မြို့နယ်တွေမှာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“ကျူးကျော်ကို စာရင်းကောက်ခံတဲ့ နေရာမှာလည်း တကယ့်ကို အဆင့်အ တန်းမီ စာရင်းကောက်ခံမှု ဆောင်ရွက်ခဲ့ပါတယ်။ ဒီစာရင်းဟာ နည်းပညာနဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီကျူးကျော်စာရင်းဟာ လေးသိန်းလောက် ရှိနေပါတယ်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှိနိုင်တဲ့အရေ အတွက် ဖြစ်ပါတယ်။ ဒီအတွက် ကျူးကျော်စာရင်းကောက်ခံမှုတွေက ဆက် လက်ဆောင်ရွက်သွားရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးကျော်များကို နေရာချ ထားပေးနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်တွေနဲ့ ပတ်သက်တဲ့အခြေအနေတွေ ဒီပြု ပင်ပြောင်းလဲမှုတွေက အခက်အခဲ ပေါင်းများစွာ ရှိပါတယ်။ ဒီအခက်အခဲေ တွကို ရင်ဆိုင်ကျော်လွှား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ ဦးဖြိုးမင်း သိန်းက ဆိုပါတယ်။

ဒါ့အပြင် ကျူးကျော်တွေ ဖြစ်ပေါ်လာတာကို ဖြေရှင်းဖို့ ကျပ် ၆၄ ဘီလျံ ရင်းနှီြး မှုပ်နှံထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာေ ဆာင်ရွက်မှု မှတ်တမ်းအရ သိရပါတယ်။

အိမ်ရာဆောက်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာေ ရးကော်မတီအောက်က City Bank မှာ အဖွဲ့အစည်းတွေအတွက် ရင်းနှီးေ ငွကျပ် ၆၄ ဘီလျံ ထည့်ဝင်ထားတယ်လို့ ဇွန် ၉ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာ ရှင်း လင်းပွဲမှာ ဒီမှတ်တမ်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကျူးကျော်တွေ ပြန်လည်
နေရာချထားပေးရေး အစီအစဉ်သစ်အတွက် ဧရိယာတစ်ခု ရွေးချယ် သတ် မှတ်ဖို့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စီးပွားဖြစ်ကျူးတွေ ရှင်းပြီ

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်က ရန်ကုန်- မန္တလေး အမြန်လမ်းသုံးမိုင် ကနေငါးမိုင် ၀န်းကျင်ရှိတဲ့ လှည်းကူးမြို့နယ်အတွင်းက စီးပွားဖြစ် ကျူးကျော်လို့ သတ်မှတ် ထားတဲ့ အိမ်ခြေ ၄၀၀၀ လောက်ကို NLD အစိုးရလက်ထက်မှာ လူအင်အား သုံးပြီး ဖြိုဖျက်ခဲ့ပါတယ်။

ဒီလို ဖြိုဖျက်မှုနဲ့ ပတ်သက်လို့ ဒီမြေနေရာဟာ နိုင်ငံတော်ပိုင်မြေဖြစ်ပြီး လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရာမှာ မအောင်မြင်ဘူးလို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီမြေနေရာမှာ စီမံကိန်း လုပ်ဖို့ တာဝန်ယူခဲ့တာကြောင့် ကျူးကျော်နေထိုင်သူတွေကို ဖျက်သိမ်းရ တြာ ဖစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းညွန်ကြားရေးမှူး ဦးယုခိုင်က ဆိုပါတယ်။

“ဒီမြေက ဆောက်လုပ်ရေး ၀န်ကြီးဌာနကနေပြီးတော့ တာဝန်ယူထိန်း သိမ်း ထားတဲ့ နိုင်ငံတော်ပိုင်မြေ ဖြစ်ပါတယ်။ ယခင်တုန်းကလည်း ဒီနေရာတွေ က နိုင်ငံတော် ပိုင်မြေအဖြစ်နဲ့ ရှိနေတယ်။ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဌာန ကနေ ပြီးတော့မှ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုပြီးတော့ နိုင်ငံတော် မူဝါဒအရ လုပ်ကိုင်ဆောင်ရွက် ရပါတယ်။ေ ဆာင်ရွက်နေရင်းနဲ့ လက်ရှိမြေသားအနေအထားအရ စိုက်ပျိုးရေးလုပ်မယ့် စီမံကိန်းတွေနဲ့ အဆင်မပြေဘူးပေါ့နော်။ လုပ်မယ့်ကိုင်မယ့် ကုမ္ပဏီနဲ့ဖက် စပ်ပြီး လုပ်လိုက်တာပေါ့နော်။ လုပ်လိုက်တဲ့အခါမှာလည်း အဆင်မပြေ ဘူးေ ပါ့။ မပြေတဲ့အခါကျတော့ အသီးအနှံရဲ့ ထွက်တိုးဘာညာတွေက ရင်းနှီးမြှုပ်နှံ သလောက်လည်း အခြေအနေ မကောင်းဘူးပေါ့လေ။ မြေအနေအထားက မပေးဘူး။ မပေးတဲ့အခါကျတော့ အဲဒါတွေကို ရပ်ဆိုင်းပြီးတော့မှ ပြီးခဲ့တဲ့ အစိုးရလက်ထက်ပဲ ဆိုရမှာပေါ့။ အဲဒီမှာ နိုင်ငံတော်စီမံကိန်းအဖြစ်နဲ့ သတ် မှတ်ပြီးတော့မှ ဒီမှာစီမံကိန်းလုပ်မယ့် အနေအထားလေးပဲ ဖြစ်ပါတယ်။ စီမံ ကိန်းကတော့ လူတွေနေထိုင်ဖို့ပါပဲ။ အဓိကကတော့ လက်ရှိဒီမှာ တိုက်ခန်းေ တွပါမယ်။ မြေကွက်တွေပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတကာ အဆင့်မီ ကျောင်း ကြီးတွေ ဆောင်ရွက်မယ်။ ပြီးရင်ဆေးရုံဆောက်မယ်။ ပြီးလို့ရှိရင် Recreate စင်တာတွေလုပ်မယ်။ အနားယူအပန်းဖြေစခန်းတွေ လုပ်မယ်။ စားသောက် ဆိုင်တွေ လုပ်မယ်။ ၁၁၅ မိုင်လိုမျိုးပေါ့ ရန်ကုန်မြို့ကအထွက် ရန်ကုန်မြို့ ၀င် လာမယ့်သူတွေအတွက်ကိုလည်း ၁၁၅ မိုင် ဖြတ်သလို နားနားနေနေနဲ့ပေါ့။ လူတွေအပန်းဖြေဖို့အတွက် ဂေါက်ကွင်းတွေလည်းပါဝင်မယ့် အနေအထားေ တွ ရှိပါတယ်။ လက်ရှိလှည်းကူးမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်- မန္တလေး အမြန် လမ်း မိုင်တိုင်အမှတ် ၃/ ၄ ကနေ ပြီးတော့ ၅/ ၄ အထိပေါ့။ ဘယ်ဘက်ြ ခမ်းရယ် ? ညာဘက်ခြမ်းရယ်ပေါ့။ အားလုံးစုစုပေါင်း ၁၄၅၃ ဒသမ ၇ ဧကေ ပါ့။ အဲဒီအပေါ်မှာ စီမံကိန်းဆောင်ရွက်သွားမှာ ဖြစ်တယ်။ လက်ရှိအေ နအ ထားအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွန်မှုနဲ့ နိုင်ငံတော် စီမံ ကိန်း လုပ်မယ်ဆိုတော့ တာဝန်ပေးအပ်ခံရတဲ့ ဌာနဆိုင်ရာ၊ အဓိကကတော့ ကိုယ်တို့က မြေရှင်သဘောမျိုးပေါ့။ ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံတော်ပိုင်မြေတွေကို ထိန်းသိမ်းဆောင်ရွက်ဖို့ မြေရှင်ဌာန အနေနဲ့ ဆောင် ရွက်ပေး တဲ့ အနေအထားလေး ဖြစ်ပါတယ်။ လက်ရှိအနေအထားအရတော့ ဒီမြေယာ မှာ တရားမ၀င်လာရောက်နေထိုင်တဲ့ သူတွေဟာစီးပွားရေးအရ ကျူးတြွေ ဖစ်နေတယ်။ စီးပွားရေးအရ ကျူးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့ ကိုတော့ အစ်ကိုတို့က ဖယ်ရှားရမယ့် သဘောဖြစ်နေတယ်။ စီမံကိန်း လုပ်ကို င်ဆောင်ရွက်ဖို့၊ အရင်ကအတွေ့အကြုံတွေအရ စနစ်တကျ ဆောင်ရွက်မှာ ပါ။ အစုအဖွဲ့လေးနဲ့ အသေအချာ ရှင်းလင်းသွားမယ့် အနေအထားပေါ့။ စက် ယန္တရားတွေနဲ့ မလုပ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့က လည်း ဒီအစိုးရတက်လာတော့ ဘူဒိုဇာအစိုးရ မဟုတ်ဘူးဆိုပြီး ပြောခဲ့တာ ရှိ တယ်။ စက်ယန္တရားတွေ မသုံးဘဲနဲ့ တည်ဆောက်ထားတဲ့ တချို့တွေက ခိုင် ခိုင် မာမာ လုပ်ထားတာတွေ့ပါတယ်။ လူအင်အားနဲ့ပဲ ဖယ်ရှားပေါ့။ ချိန်းေ ဆာတို့ ဘာတို့နဲ့တော့ ဖျက်သင့်ဖျက်ရမှာပေါ့။ အချိန်အတိုင်းအတာ တစ်ခုေ တာ့ ရှိနေတာပေါ့။ သူတို့ကိုတော့ မနက်ကတည်းက အချိန်ပေးထားပါတယ်။ သူတို့ပစ္စည်းတွေ လာရောက်သိမ်းဆည်းဖို့ အခုကြေညာနေပြီ။ အဲဒီအတွက် အချိန်ပေးထားတယ်။ အရင်တုန်းကဆိုရင်တော့ မိုးလင်းတာနဲ့ ပစ္စည်းသိမ်းဖို့ အချိန်လေးပေးလိုက်တာပေါ့။ ပြီးတဲ့အခါကျရင်တော့ စက်ယန္တရားတွေ သုံြး ပီးတော့ အမြန်ဆုံးလုပ်ကိုင် ဆောင်ရွက်ရတာပေါ့။ အခုဟာကတော့ ညင် ညင်သာသာနဲ့ပဲ ပွင့်ပွင့်လင်းလင်း သတင်းမီဒီယာတွေကို ဖိတ်ကြားပြီးတရား ၀င်သတင်းယူခိုင်းပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ယခင်တုန်းကတော့ ၂၀၀၀ ကျော်လောက်ပဲ ရှိတာပေါ့။ ၂၄၀၀ လောက်ပဲရှိတာ” လို့ သူက ပြော ပါတယ်။

ဒီမြေနေရာမှာ လာရောက်ကျူးကျော်နေထိုင်တဲ့ စီးပွားဖြစ် ကျူးတွေကို ၂၀၁၅ ခုနစ် ဒီဇင်ဘာ လတုန်းကတစ်ကြိမ် ရှင်းလင်းမှု ပြုလုပ်ခဲ့ပေမယ့် ထပ်မံလာေ ရာက် နေထိုင်တာကြောင့် ၂၀၁၆ ခုနစ် သြဂုတ်လမှာ အိမ်ဝယ်ထားသူတွေနဲ့ တဲဆောက်ထားသူတွေကို ရှင်းလင်းဆောင်ဆီခေါ်ပြီး နိုင်ငံတော် ပိုင်မြေ ဖစ်လို့ အမြန်ဆုံးဖယ်ရှားပေးဖို့ ပြောခဲ့တယ်လို့ ဦးယုခိုင်က ဆိုပါတယ်။

ဒီလိုပြောကြားခဲ့ပေမယ့်လည်း စီမံကိန်းတွေ မလုပ်ဖြစ်ခဲ့တဲ့အတွက် ကျူးေ ကျာ်တွေက ပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဖြိုဖျက်ခဲ့တဲ့ စာရင်းတွေအရ အောင်ရတနာ၊ ဂန့်ဂေါ်ကျွန်း၊ ကျီးမတိုး၊ သာ ယာကုန်းနဲ့ ကျောက်အိုင် အပါအ၀င် အနီးအနားက ရွာတွေကို ၀င်ရောက် ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဖျက်သိမ်းခံရတဲ့သူတွေကိုလည်း စီးပွားဖြစ်ကျူးတွေလို့ သတ်မှတ်ထားတဲ့အတွက် အစားထိုးပြန်ပေးသွားဖို့ မရှိဘူးလို့ သိရပါတယ်။

ဘာကြောင့် ဖျက်ခဲ့တာလဲ

ရန်ကုန် - မန္တလေး အမြန်လမ်း သုံးမိုင်ကနေငါးမိုင်ဝန်းကျင်ရှိတဲ့ လှည်းကူးမြို့ နယ်အတွင်းက နိုင်ငံပိုင်မြေပေါ်က ကျူးကျော်တွေကို အစိုးရအနေနဲ့ ဘာေ ကြာင့် လူအင်အားသုံးပြီး ဖျက်ရသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

အကြောင်းကတော့ နိုင်ငံပိုင်မြေနေရာကို လူတစ်စုက ငွေကျပ်ငါးသိန်းကနေ သိန်းသုံးဆယ် အကြား တန်ဖိုးသတ်မှတ်ပြီး မြေ ကွက်ရိုက်ကာ ရောင်းချခဲ့ တယ်လို့ သိရပါတယ်။

ဒီလို ရောင်းချမှုအပေါ် သဘောရိုးနဲ့ ၀ယ်ယူခဲ့တဲ့သူတွေရှိသလို တမင်လာေ ရာက် ၀ယ်ယူထားသူတွေ လည်းရှိပါတယ်။ ဆောက်လုပ်ထားတဲ့ တဲအိမ်အ များစုကတော့ လူနေထိုင်ခြင်း မရှိပါဘူး။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ မင်းမဲ့စရိုက်ဆန်ဆန်မြေကွက်တွေမှာ အတင်းဝင် လု ပြီး စီးပွားဖြစ် ကျူးကျော်နေထိုင်သူတွေကို တည်ဆဲဥပဒေအရ အရေးယူ မယ်လို့ ပြီးခဲ့တဲ့နှစ် မေ ၂၅ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံး မှာ ပြုလုပ်ခဲ့တဲ့ ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲမှာ ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

“မင်းမဲ့စရိုက်ဆန်ဆန် မြေကွက်တွေကို အတင်းဝင်လုပြီး စီးပွားရှာနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို တည်ဆဲဥပဒေအရ ထိထိေ ရာက်ရောက် အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများပြည်သူ ပိုင်မြေ ကွက်တွေကို ဒီလိုအလွယ်တကူ ရောင်းစားနေမယ်ဆိုရင် ဘယ်လိုထိန်း ချုပ် မလဲ။ ဒီအခြေအနေတွေ အတွက်ကျွန်တော်တို့ ပြင်ဆင်ကြရမယ့် ကာလဖြစ် ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆိုပါတယ်။

ဒီလို ပြောကြားထားပေမယ့် နိုင်ငံပိုင်မြေနေရာတွေကို အကွက်ရိုက်ရောင်း ချခဲ့သူတွေနဲ့ ပတ်သက်လို့ ၀န်ကြီးချုပ်အနေနဲ့ လက်ရှိအချိန်အထိ အရေးယူေ ဆာင်ရွက်နိုင်တာကို မတွေ့ရသေးပါဘူး။

မြေစာပင်တွေ

လှည်းကူးက စီးပွားဖြစ်ကျူးတွေကို အစိုးရအနေနဲ့ ရှင်းလင်းတဲ့နေရာမှာ ကြား ထဲကနေ မြေစာပင်ဖြစ်ခဲ့ရသူတွေလည်း ရှိနေပါတယ်။ တကယ်နေစရာ မရှိ လို့ ကိုယ့်လက်ထဲရှိတဲ့ငွေလေးနဲ့ ၀ယ်ယူထားပြီး နေထိုင်သူတွေထဲမှာ အစိုးရ ၀န်ထမ်းဟောင်း ပင်စင်စားတွေ ပါနေပါတယ်။

“ဦးက ၂၀၁၆ ခုနှစ်မှာ ဒီမှာအဆောက်အအုံလေး ဆောက်ပြီး နေမယ်ပေါ့။ ပင်စင်စားတစ်ယောက် ပါ။ ရတဲ့ဟာလေးနဲ့ ဒီမြေကွက်လေးကိုဝယ်တယ်။ အခုလို ၀င်ဖျက်တော့ ခံစားချက်တော့ ရှိတာပေါ့။ မိသားစုနဲ့ ကိုယ့်ရဲ့ဘ၀ေ လးကို ရပ်တည်လို့ ကောင်းမလားဆိုပြီး တစ်နိုင်တစ်ပိုင် ဥယျာဉ်ခြံမြေလေး ကို နိုင်ငံတော်ကိုတင်ပြပြီး တောင်းဆိုတယ်။ ဒါကိုလည်း မချပေးသေးဘူး။ မချလည်း မချပေးဘူး။ အခုလို ၀င်လာပြီး အဖျက်ခံရတယ်ဆိုတော့ စိတ်မေ ကာင်းဘူး။ အထက်ပိုင်းလူတွေက စဉ်းစားသင့်တယ်။ အခုတော့ မြေယာ ဥ ပဒေနဲ့ကိုင်ပေါက်ပြီး ဖယ်ခိုင်းနေတယ်။ ဦးတို့က ဆန့်ကျင်ဘက်လုပ်ရင် သူတို့ က အရေးယူဦးမယ်။ ဒီမှာ ဒီအဆောက်အအုံတွေ ရောက်နေတယ်ဆိုတာ မြို့နယ်ထွေအုပ်တွေက မသိဘူးလား။ အခုမှလာပြီးတော့ မြေယာဥပဒေနဲ့ ကိုင်ပေါက်တယ်။ ကျွန်တော်တို့က ဒီဖျက်တဲ့သူတွေကို ဘယ်လိုမှ ဆန့်ကျင် ဘက်လုပ်လို့ မရဘူး” လို့ လှည်းကူးမြို့နယ် အမြန်လမ်း သုံးမိုင်တစ် ဖာလုံ အနီးက ကျူးကျော်လို့ဆိုတဲ့ အိမ်ခြေတွေကိုဖျက်ရာမှာ ပါသွားတဲ့ ပင်စင် စား တစ်ဦးက ဆိုပါတယ်။

အစိုးရပိုင်မြေတွေကို အကွက်ရိုက်ပြီး ရောင်းချသူတွေက တကယ်နေထိုင် စ ရာ မရှိတဲ့သူတွေကို ယုံအောင်ပြောပြီး ရောင်းချခဲ့တာကြောင့် မရှိဆင်း ရဲသားတွေ အတွက်ကတော့ ကူကယ်ရာမဲ့ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

“၀ယ်ထားတာ ငါးလလောက်တော့ ရှိသွားပြီ။ မြေက ၁၃ သိန်း၊ အိမ်ဆောက် တာက ၁၇ သိန်းကုန်သွားပြီ။ နေတာက တစ်လကျော်လောက်ပဲ ရှိသေး တယ်။ ဖျက်မယ်ဆိုတာတွေတော့ မသိဘူး။ အိမ်ဆောက်ပြီးတော့မှ တခြား လူတွေက ဒီအိမ်တွေက မသေချာဘူးလို့ ပြောတယ်။ မြေရောင်းတဲ့ ကိုမျိုးဆို တဲ့ လူကို သွားမေးကြည့်တော့ ငါတို့အထက်ကို တင်ထားတယ်တဲ့။ ၀ယ်တုန်း က ကျွန်မတို့ကမေးတယ်။ ကျူးမြေလားဆိုတော့ မဟုတ်ဘူးတဲ့ ဘိုးဘွားပို င်မြေတဲ့။ အဲဒါကိုဝယ်ပြီးတော့ ပြန်ရောင်းတာလို့ပြောတယ်။ အစက အမေ တို့နဲ့ ကပ်နေတာ။ အမျိုးသားက ဆိုက္ကားနင်းတယ်။ ပိုက်ဆံလေးတွေစုပြီး ဒီေ နရာလေးဆို အိမ်ငှားခလည်း မပေးရဘူး။ ကိုယ်ခေါင်းချစရာလေး အိမ်ပိုင်ေ လးရမယ်ထင်ပြီး ၀ယ်လိုက်တာ။ အခုအကုန်မရှိတော့ဘူး။ ဖျက်ထားပြီးသားေ တွက ၀ိုင်းလည်းမရှိတော့ ကျွန်မပြန်ဆောက်မှာ မဟုတ်ဘူး။ ရောင်းပစ်ရမှာ။ အခုတော့ကုန်ပါပြီ” လို့ သာကေတမှာ အိမ်ငှားနေရာကနေ ကျူးကျော်မြေ ၀ယ်မိလိုက်တဲ့ ကလေးနှစ်ဦးမိခင် ဒေါ်လှလှဌေးက ငိုယိုပြီး ပြောပါတယ်။

လှိုင်သာယာမှာ အိမ်ငှားနေရာကနေ မြေဈေးသက်သာလို့ မောင်နှမတွေနဲ့ စုပေါင်းဝယ်ခဲ့တဲ့ မဌေးဌေးခိုင်က “မိသားစုဝင်က ကလေးတွေရောပါရင် အကုန်လုံး ရှစ်ဦးရှိတယ်။ ကျွန်မအစ်ကိုက ဒီမှာပန်းရန်လာလု ပ်ရင်း ဈေးချို တယ်ဆိုပြီး မောင်နှမတွေစုပြီး ၀ယ်လိုက်မိတာ။ သူတို့ကစာအုပ်လေး တွေေ ပးတယ်။ ခိုင်လုံတယ်ပေါ့။ ပြီးတော့အစိုးရကို အခွန်ဆောင်ထားတဲ့ တံဆိပ် တုံး လည်းပါတယ်လေ။ ယုံကြည်ရတယ်ထင်ပြီးနေတာ ဒီလိုလုပ်မယ်မှန်း လည်း မသိဘူး။ မောင်လေးရယ်။ ၁၀ သိန်းလောက် ပေးလိုက်ရတယ်။ ပေ ၄၀၊ ၆၀ ကျယ် တယ်။ လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းတာလို့ ပြောတယ်။ လှိုင်သာယာမှာက ဒီပိုက်ဆံလေးနဲ့ မြေမရဘူးလေ။ ကျွန်မတို့အ ရင်နေတဲ့ လှိုင်သာယာမှာ အိမ်ငှားရတာ လခတွေများလာလို့ ဒီမှာမြေဈေး သက်သာတယ်ဆိုလို့ လာဝယ်တာ။ နေတာသုံးလပဲရှိသေးတယ်” လို့ ဆိုပါ တယ်။

ဒီလို စီးပွားဖြစ်ကျူးတွေရဲ့ လှည့်ကွက်ကို ယုံမိလို့ ဘ၀နဲ့ရင်းပြီး ပုံအပ်ခဲ့တဲ့သူေ တွ အတွက် အစားထိုး ပြန်ပေးဖို့ အစီအစဉ်မရှိဘူးဆိုတာ အစိုးရဘက်ကြေ ပာကြားထားပြီး ဖြစ်ပါတယ်။ ဒီလို တကယ်နေစရာ မရှိလို့ မသိနားမလည်ဘဲ ၀ယ်ယူသူတွေကို အစားထိုးပြန်မပေးဘူးဆိုရင် လိမ်ညာလှည့်ဖြားရောင်းချခဲ့ သူ တွေကိုရော အစိုးရအနေနဲ့ ဘယ်လို အရေးယူသွားမှာလဲလို့ အဖျက်ခံ လိုက်ရတဲ့ သူတွေဘက်က အသံထွက်လာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းညွန်ြ ကားရေးမှူး ဦးယုခိုင်က “အမှုဖွင့်လိုက်လို့ ပြောထားတယ်။ သူ့ကို လိမ်လည်ေ ရာင်းချသွားတယ် ဆိုလို့ရှိရင် အမှုဖွင့်လိုက်။ ဒါလိမ်ရောင်းတာပဲလေ။ နိုင်ငံေ တ်ာပိုင်မြေ နေရာကိုသူ့မြေအဖြစ်နဲ့ ယုံလောက်အောင်ပြော ပြီး ရောင်းတာေ လ။ သူအမှုဖွင့်လိုက်တာနဲ့ အန်ကယ်တို့က အဲဒီလူကို မိအောင်လို့ ဥပဒြေေ ကာင်းအရ ဌာနဆိုင်ရာတွေက ၀ိုင်းလုပ်ပေးကြမှာပဲ။ အခက်အခဲရှိရင်လည်း ဌာနဆိုင်ရာတွေက ကူညီပေးမှာပါ။ သူတို့သာ တရားဝင်သာအမှုဖွင့်လိုက်ပါ။ အမှု ဖွင့်လိုက်ရင် တရားဥပဒေကြောင်းအရ အရေးယူတာတွေ ရှိလာမှာပေါ့ေ နာ်” လို့ ပြောကြားပါတယ်။

ကျူးသံသရာ

ဒီဖြစ်စဉ်တွေကတော့ NLD အစိုးရတက်ပြီး တစ်နှစ်ကျော်သက် တမ်းအတွင်း မှာ ကျူးကိစ္စနဲ့ ပတ်သက်လို့ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်း မှာတော့ “သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေးအြေ ကာင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် အ တွက် လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့လာသည့် အိုးမဲ့၊ အိမ်မဲ့ဖြစ်သူ များ ပြန်လည်ေ နရာ ချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံးအကောင် အထည် ဖော်မည်” လို့ ပါရှိပါတယ်။

ဒီကြေညာစာတမ်းအတိုင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ ရန်ကုန် တိုင်း အတွင်း ကျူးကျော်နေထိုင်နေသူတွေရဲ့ စာရင်းကို ၄၅ ရက်နဲ့ အပြီးကောက် ခံပြီး အမှန်တကယ် နေထိုင်စရာမရှိတဲ့ ကျူးကျော်တွေကို နေထိုင်ဖို့နေရာနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမှာ ဖြစ်တယ်လို့ ပြောကြားထားပေမယ့် လက် ရှိ အချိန်အထိတော့ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ေ သး ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်ရှိ အချိန်မှာ မြို့နယ် ၁၃ မြို့နယ်က ကျူးတွေကို ကျူးသက်သေခံကတ်ပြား ၈၀၀၀၀ ကျော် ထုတ်ပေးပြီးပြီလို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ သိရပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေ လုံးဝမရှိေ စဖို့ ပြီးခဲ့တဲ့နှစ် မေ ၂၆ ရက် နောက်ပိုင်းကစလို့ အသစ်ကျူးကျော်နေထိုင် သူတွေကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန် တိုင်း အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင် ထွန်း က ပြောကြားထားပေမယ့် စီးပွားဖြစ်ကျူးတွေကတော့ မြေကွက် ရိုက်ရောင်း စားမှုတွေ ရှိနေတာကိုလည်း တွေ့နေရပါတယ်။

နိုင်ငံပိုင်မြေတွေမှာ စီးပွားဖြစ်ကျူးတွေက မြေကွက်ရိုက်ရောင်းစားလိုက်၊ တ ကယ်နေစရာမရှိတဲ့ ဆင်းရဲသားပြည်သူတွေက ရှိစုမဲ့စုလေးနဲ့ ၀ယ်လိုက်၊ ကျူးတဲတွေ များပြားလာတဲ့အခါမှာ အစိုးရအဖွဲ့က အင်အားသုံး ဖြိုဖျက်လိုက်နဲ့ ကျူးသံသရာက လည်နေတာကို တွေ့ရပါတယ်။

ဒီလိုလည်နေတဲ့ ကျူးသံသရာမှာ အဓိက ခံရတာကတော့ နေစရာ တကယ် မရှိလို့ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ မသိနားမလည်နဲ့ ၀ယ်ယူနေထိုင်ကြတဲ့ ဆင်းရဲ သားပြည်သူတွေပဲ ဖြစ်ပါတယ်။

“ဖျက်ပြီးတဲ့ ကျူးတွေ မရှိရေးကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေ လုပ် ကိုင်ဆောင်ရွက်ဖို့အတွက် ကိုအမိန့်တွေလည်း ထုတ်ပြီးသားပဲ။ သို့သော် လည်း ကျူးတဲ့သူတွေက တစ်ယောက်တည်းနှစ်ယောက်တည်း မဟုတ်ဘူးေ လ။ တစ်တဲ နှစ်တဲ မဟုတ်ဘဲနဲ့ တချို့ အင်နဲ့အားနဲ့ လာတဲ့အခါကျတော့ တာဝန်ရှိသူက သွားပြီးလုပ်ရင် သူ့ဘ၀ ပျောက်သွားမှာပေါ့။ သူသူကိုယ်ကိုယ် ကိုယ့်နေရာကို ဖယ်ဖို့လာပြောရင် ဘယ်ကြိုက်ပါ့မလဲ။ အဲဒီလိုတွေ ဖြစ်နေတဲ့ အခါကျတော့ ဒါတွေကလည်းစဉ်းစားရမယ့် အချက်တွေပေါ့။ လူအုပ်နဲ့လာရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးလေးတွေပေါ့” လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်း ညွန်ကြားရေးမှူးဦးယုခိုင်က ပြောကြားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဧပြီ ၂၈ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး ၁၂ ရက် မြော က်ေ န့မှာ ဆိပ်ကမ်းမြို့နယ်မဲ ဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစံကျော်က “နိုင်ငံ့ဝန်ထမ်းများ၊ လယ်သမားများထံ မှ ပြန် လည်ပေးအပ်ရန်ရှိသော မြေများ၊ စက်မှုဇုန်များဆောက်လုပ်ရန်နှင့် ဆောက် လုပ်ဆဲ မြေကွက်များပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် တရားမဲ့ကျူးကျော်နေ ထိုင်သူများအား ဥပဒေနဲ့အညီ ဖယ်ရှားပေးရန် အစီအစဉ် ရှိမရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် မည်သို့စီမံဆောင်ရွက်ပေးမည်၊ အစီအစဉ် မရှိပါ က မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း” ကြယ်ပွင့် ပြေ မးခွန်းမေးမြန်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီးတင်အောင်ထွန်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ ဖော် ထုတ်ရာတွင် စတင်ဆောင်ရွက်စဉ်ကပင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာ န မြေများသိမ်းဆည်း၍ ဦးစီးမြေများအပေါ် ရပ်ကွက်များနဲ့ စက်မှုဇုန်များ ဖော် ထုတ်ပြီး ဌာနဆိုင်ရာများ၊ စက်မှုလုပ်ငန်းရှင်များ၊ ပြည်သူလူထုများအား လူေ နထိုင်ရန်၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်မြေပါမစ်များ၊ မြေဂရန်များကို ထုတ်ပေးဆောင်ရွက်လျက် ရှိပါတယ်။ ဌာနဆိုင်ရာ မြေများပေါ်တွင် ကျူးေ ကျာ်ပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ သတိပေးဖယ်ရှားခြင်း၊ ထွက်ခွာခြင်းမရှိပါက ဥပဒေနဲ့အညီ တရားစွဲဆို ဖယ်ရှားဆောင်ရွက်လျက် ရှိပြီး အများပြည်သူပိုင်၊ စည်ပင်ပိုင်မြေများဖြစ်ပါက ကျူးကျော်ဆောက်လုပ် သူများကို သက်ဆိုင်ရာ ဥပဒေအဖွဲ့များက တားမြစ်ခြင်း၊ ဆက်လက်ဆောင် ရွက်ပါက ၂၀၁၃ ခုနှစ်စည်ပင်သာယာဥပဒေနဲ့အညီ စည်ပင်သာယာရေးေ က်ာမတီမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တစ်တဲထိုး တစ်တဲ ဖျက်စနစ်ဖြင့် ရှင်းလင်းလျက်ရှိပြီး ရှင်းလင်းရန် အခက်အခဲရှိပါက စည်ပင် သာယာရေး ဥပဒေပုဒ်မ ၆၈၊ ၆၉ အရတရားစွဲဆို ဆောင်ရွက်လျက် ရှိပါ တယ်။ နိုင်ငံတော်က မြေငှားစာ ချုပ်ထုတ်ပေးထားသော မြေငှား စာချုပ်ပေါ် တွင် ကျူးကျော်ပါက သက်ဆိုင်ရာ မြေငှားစာချုပ်ရရှိထားသူက ပြစ်မှုဆိုင်ရာ ဥပဒေအရလည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း တရားစွဲဆိုပြီး ဥပဒေနဲ့အညီ ဖယ်ရှားမှုအား အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါတယ်” လို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းရဲ့ ပြန်လည်ြေ ဖကြားမှုမှာ မင်းမဲ့စရိုက်ဆန်ဆန် တရားမဲ့ စီးပွားဖြစ်ကျူးကျော်သူ ဘယ်နှဦးကို ဘယ်လိုအရေးယူခဲ့တယ်ဆိုတဲ့ အချက်မပါတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်းမှာ ကျူးကျော်ပြဿနာဖြေရှင်းတဲ့အခါ ဘူဒိုဇာ အစိုးရမဖြစ်လိုတာေ ကြာင့် စနစ်တကျ စာရင်းကောက်ယူ ဖြေရှင်းမယ်လို့ ၀န်ကြီးချုပ်ဦးဖြိုး မင်းသိ န်းက ပြောကြားထားပါတယ်။

ဒါပေမဲ့ တစ်​ဖက်​မှာလည်း ပြည်​သူတွေရဲ့ မသိနားမလည်​မှုကို အခွင့်​​ကော င်းပြီး ကျူးကျော်တဲထိုး အကျိုးစီးပွားရှာနေကြတဲ့ ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိသူတွေ၊ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကို ၀န်ကြီးချုပ် ပြောကြားထားသလို တည်ဆဲေ တွ ဥပဒေအရထိရောက်စွာ အရေးယူ အပြစ်​ပေးနိုင်ခြင်းမရှိပါ က နေစရာ မဲ့နေတဲ့ တကယ့်ကျူးတွေရဲ့ ဘ၀တွေကတော့ ၀ယ်လိုက်၊ နေလိုက်၊ ဖျက် တဲ့အထဲပါသွားလိုက်နဲ့ ကျူးသံသရာထဲမှာ လည်နေဦးမှာ ဖြစ်ပါတယ်။

နိုင်ငံပိုင် မြေနေရာရောင်းစားသူတွေကို အစိုးရဘက်ကနေ ဥပဒေကြောင်း အရ အရေးယူဖို့ ရှိ မရှိနဲ့ ပတ်သက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ရန် ကုန်တိုင်းညွန်ကြား ရေးမှူးဦးယုခိုင်က “အဲဒါက ပြောရခက်တယ်။

ဥပဒေကြောင်း အရကလည်း တိုင်ကြားတဲ့သူရှိမှ ဖြစ်တာ။ ရောင်း ကြတယ် ဆိုရင် စာရွက်စာတမ်းဘာညာတွေ တောင်းတယ်လို့ ပြောတယ်။ စာ ရွက် စာတမ်းတွေ ရယ်ထောက်ခံထားတာတွေရယ် နောက်ပြီးသူတို့ မှတ်တမ်း တင်ထားတာတွေ ရှိမယ်။ ဒါတွေက အထောက်အထားတွေပဲ။ အဲဒါတွေနဲ့ လုပ်လိုက်မယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်လို့ ရတာပေါ့။ တိုင်ကြားသူမှာ သက်သေလည်း ရှိတယ်။ အထောက်အထားတွေလည်း ရှိတယ်ဆိုရင် ဥပဒေကြောင်းအရ ဒီထက်ပိုခိုင်မာတာ ဘာမှမရှိတော့ဘူး။ ဥပဒေကြောင်း အရအရေးယူတာတွေ ဖြစ်လာမှာပေါ့” လို့သာ ဆိုပါတယ်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...
ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...
သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...
သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service