ဒေသတွင်း လေကြောင်းခရီးသွားလုပ်ငန်း တိုးချဲ့ဖွံ့ဖြိုးလာခြင်း
က အနာဂတ်ဒေသမှာ ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်း
အခွင့်အလမ်းတွေ ဆုံးရှုံးသွားရနိုင်တယ်ဆိုပြီး ပြည်တွင်းခ
ရီးသွားလုပ်ငန်းရှင်တွေက seminar တစ်ခုမှာ ပြောဆိုဆွေး
နွေးခဲ့ကြတယ်လို့ သိရပါတယ်။
လေကြောင်းခရီးသွားလုပ်ငန်း တိုးတက်လာတာနဲ့အမျှ
ခရီးသွားတွေဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် CLMV နိုင်ငံတွေဆီ တိုက်ရိုက်သွားရောက်ကြတာဖြစ်လို့
ထိုင်းအတွက် အခွင့်အလမ်းတွေ ဆုံးရှုံးရနိုင်တယ်ဆိုပြီး
Thailand Travel Mart Plus seminar မှာ ဆွေးနွေး
သွားကြတာဖြစ်ပါတယ်။
ယခုဆိုရင် မဲခေါင်ဒေသမှာ လေကြောင်းခရီးသွားလုပ်ငန်း ပိုကောင်းလာပြီး ခရီးသွားတွေအကြား ရေပန်းစားလာနေ
တာကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းဟာ တစ်ဖြည်းဖြည်း တိုးတက်လာနေပြီ ဖြစ်ပါတယ်။
အလားတူ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်တို့ဆီက စရိတ်နည်းနဲ့ ၀န်ဆောင်မှုပြည့် လေကြောင်း
လိုင်းတွေကလည်း တိုးတက်လာတဲ့ ဈေးကွက်လိုအပ်
ချက်အတိုင်း ဒေသတွင်း လမ်းကြောင်းသစ်တွေ၊ ခရီး
စဉ်သစ်တွေ တိုးချဲ့ပျံသန်းပြေးဆွဲပေးနေလျက်ရှိပါတယ်။
ကမ္ဘောဒီးယားဆိုရင်လည်း ပြည်တွင်း အမွေအနှစ်တွေ ထိန်းသိမ်းထားနိုင်မှု၊ မြန်မာဆိုရင်လည်း ပြည်တွင်းက ခရီးသွားတွေအကြိုက်နေရာတွေ ပေါများမှု၊ လာအိုမှာလည်း ကိုယ်တိုင်မောင်းနှင်သွားလာနိုင်မယ့်ခရီးစဉ်တွေ ရှိမှု၊ ဗီ
ယက်နမ်မှာလည်း ဇိမ်ခံသင်္ဘောစီးခရီးစဉ်တွေရှိမှုနဲ့ ထိုင်း
မှာလည်း နာမည်ကျော် အစားအသောက်တွေ ပေါများမှုတို့နဲ့
အတူ ယခုဆိုရင် အာရှဒေသဟာ ခရီးသွားတွေအကြိုက် အလည်အပတ်နေရာတစ်ခုဖြစ်လာနေပြီလို့လည်း သိရပါတယ်။
Credit: SFJ Strategy First